မကွေးတိုင်း - ဒီဇင်ဘာ ၁၀ ရက် မှ ဒီဇင်ဘာ ၁၆ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ
အစွန်းရောက်ရာသီဥတု(လာနီညာ)အခြေအနေနှင့် ရက်ဝေးကြိုတင်ခန့်မှန်းချက်များ
· NOAA ရာသီဥတုခန့်မှန်းရေးစင်တာမှ ဒီဇင်ဘာ ၈ ရက်နေ့တွင်ထုတ်ပြန်ချက်များအရ အားပျော့သောလာနီညာအစွန်းရောက်ရာသီဥတုဖြစ်စဉ်သည် ဆက်လက်ရှိနေပြီး၊ ၂၀၂၆ ဇန်နဝါရီလမှ မတ်လအတွင်း ကြားနေရာသီဥတုဖြစ်စဉ်သို့ကူးပြောင်းနိုင်မည့်အခြေအနေ ၆၁% သည်လည်း ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ ထို့ကြောင့် လက်ရှိအချိန်မှာ အားပျော့သောလာနီညာဖြစ်စဉ်သည် ဆက်လက်တည်ရှိနေပါတယ်။
· GTH Outlook ထုတ်ပြန်ချက်အရ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေတိုးမြင့်လာပြီး အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်း အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေလျော့ကျသွားပြီဖြစ်ကြောင်းလဲ တွေ့ရပါတယ်။
· အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာမှ တောင်တရုတ်ပင်လယ်တို့တွင် မုန်တိုင်းဖြစ်နိုင်ချေလျော့ကျသွားပြီးတဲ့နောက် အရှေ့မြောက်ဘက်မှ လေအေးများတိုးဝင်ခြင်းပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာ ၁၇-၁၈ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပြန်လည်၍ အအေးပိုလာနိုင်ပါမယ်။
· ကြိုတင်ခန့်မှန်းရေး model များ၏ Seasonal Forecast တွက်ချက်မှုများတွင် မြန်မာနိုင်ငံ၏ အပူချိန်သည် နှစ်စဉ်ဖြစ်မြဲအပူချိန်အထက် ၀.၅°C မှ ၁°C အထိ ပိုမိုနိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမိုးရွာသွန်းနိုင်သည့်အခြေအနေသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၆ ဧပြီလအထိ နှစ်စဉ်ပုံမှန်ရွာသွန်းမြဲမိုးရေချိန်ခန့်သာ ရွာသွန်းနိုင်ကြောင်း တွေ့ရပါတယ်။
မကွေးတိုင်းအတွင်း ဒီဇင်ဘာ ၁၀ ရက် မှ ၁၆ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများ
· မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် စက်တင်ဘာလများအတွင်း တိမ်ထွန်းမှုများပြီး မိုးရေချိန်အများဆုံး(၂၄ နာရီအတွင်း ၂ လက်မ မှ ၂.၅ လက်မခန့်အထိ)ရွာသွန်းခဲ့ပါတယ်။
· ယခုရက်သတ္တပတ်အတွင်း မိုးရွာရန်မရှိပါ။
· ယခုရက်သတ္တပါတ် ၁ ပတ်အတွင်း မကွေးတိုင်းတခုလုံးတွင် တိမ်ကင်းစင်သည့်ရက် ပိုမိုများနိုင်ပါတယ်။
· မကွေးတိုင်း ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ပေါက်မြို့နယ်များတွင် ဒီဇင်ဘာ ၁၀ ရက် မှ ၂၇ ရက်အထိ တိမ်ကင်းစင်နိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ပါတယ်။
· မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်နှင့် သရက် မြို့နယ်များတွင် ဒီဇင်ဘာ ၁၀ ရက် မှ ၂၇ ရက်အထိ တိမ်ကင်းစင်နိုင်ပြီး ဒီဇင်ဘာလ လကုန်ရက်များမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ပါတယ်။
· မကွေးတိုင်းအတွင်း နံနက်ပိုင်းနှင့် ညနေပိုင်း/ညပိုင်းအချိန်များမှာ လေထုစိုထိုင်းဆ ၆၅% အထက်တွင် ရှိနေနိုင်ပြီးနေ့လည်ခင်းအချိန်များတွင် ၄၀% ခန့်ရှိနိုင်ပါတယ်။
· မကွေးတိုင်းမြောက်ပိုင်းဒေသများအတွင်း အနောက်ဘက်နှင့် အရှေ့မြောက်ဘက်မှ တနာရီ ၁၀ မိုင်မှ မိုင် ၂၀ အထိ လေတိုက်ခတ်နိုင်ပါမယ်။
· ယခုတပတ်အတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)သည် ၆၀ မှ ၈၅ အထိရှိနိုင်ပြီး အန္တရာယ်မရှိပါ။
Win Naing
Administration Team,
MMWEATHER,
မကွေးတိုင်းဒေသကြီးအတွင်း မေမြို့ပန်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
မကွေးတိုင်းဒေသကြီးအတွင်း မေမြို့ပန်းစိုက်ပျိုးရာတွင် ဖျူစေရီယမ်ပင်ညှိုးရောဂါ ကျရောက်ပါက အပင်များပုခြင်း၊ အရွက်များဝါ၍ အောက်သို့ကုပ်သွားခြင်း၊ ပင်စည်အတွင်း အစာရေကြောစည်းများ ညိုခြင်းများဖြစ်ကာ နောက်ဆုံးတွင် အပင်ညှိုး၍ သေသွားတတ်သည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -
- ခံနိုင်ရည်ရှိသောမျိုးများရွေးချယ်စိုက်ပါ။
- မျိုးရင်းဝင်မတူသောသီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- ရောဂါကျရောက်သော အပင်အစိတ်အပိုင်းများအား ဖယ်ရှားဖျက်ဆီးပေးပါ။
- မြေဆောင်ရောဂါဖြစ်သည့်အတွက် မစိုက်ခင် မြေပြုပြင်ချိန်တွင် မြေဆောင်မှိုသတ်ဆေးများ ထည့်သွင်းခြင်း ၊ မျိုးစေ့လူးနယ်ဆေးများ အသုံးပြုပေးခြင်းဖြင့် ကြိုတင်ကာကွယ်ပေးပါ။
- ရောဂါကျရောက်ပါက ဓာတုဆေးအနေဖြင့် Hymexazol ပါဝင်သော မှိုသတ်ဆေးအား သတ်မှတ်နှုန်ထားအတိုင်း အပင်ခြေထိရွှဲနေအောင် ပက်ဖျန်းပေးပါ။
ငါးမွေးတောင်သူများ နည်းစနစ်များ ပြောင်းလဲကျင့်သုံးရန်
ရာသီဥတုပြောင်းလဲခြင်းသည် ချက်ချင်းပြန်လည်ကောင်းမွန်လာနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ရာသီဥတု နှင့် လိုက်လျောညီထွေ ငါးမွေးမြူရေးစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ လက်ရှိ ငါးမွေးမြူနေကြသော တောင်သူအများစုသည် ငါးမြစ်ချင်း၊ ငါးကြင်းငါးမျိုးစိတ်များကို ယခင်ကအတိုင်း ဆက်လက်မွေးမြူနေကြပါသည်။ ငါးမွေးတောင်သူများသိထားသည့်အတိုင်း ငါးမြစ်ချင်းငါးသည် (၂)နှစ်အချိန် မှသာ အရွယ်ရောက် မျိုးပွားနိုင်ပြီး ငါးကြင်းငါးမျိုးစိတ်သည် (၃)နှစ်အချိန်မှသာ အရွယ်ရောက် မျိုးပွားနိုင်ပါသည်။ ထို့ကြောင့် အချိန်ယူမွေးမြူရခြင်း နှင့် အစာကျွေးရသော အချိန်များခြင်းများကြောင့်အပြင် ကုန်ထုတ်လုပ်မှု နောက်ကျခြင်းများရှိလာပါသည်။ ငါးမွေးမြူရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် အချိန် တိုအတွင်း ကြီးထွားမြန်သော ငါးမျိုးစိတ်များရွေးချယ်ခြင်း နှင့် ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် ငါးမျိုးကို ရွေးချယ်ဆောင်ရွက်လိုပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
---------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း