cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မတ်ပဲ နဲ့ ပဲစင်းငုံနီ စျေးတက်လာပြီး ပဲကြီး စျေးပြန်ကျ၊ နှမ်းမျိုးစုံစျေးအေး

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲက ယခုတစ်ပတ်မှာ စျေးတန်းထပ်တက်လာပြီး တစ်တန်ကို ၂၈ သိန်း ကျော်တဲ့အထိ မြင့်တက်လာတာ တွေ့ရပါတယ်။
  • မတ်ပဲ 

    မတ်ပဲက ယခုတစ်ပတ်မှာ စျေးတန်းထပ်တက်လာပြီး  တစ်တန်ကို ၂၈ သိန်း ကျော်တဲ့အထိ မြင့်တက်လာတာ တွေ့ရပါတယ်။ မတ်ပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိပေမယ့် ပြည်တွင်းမှာ အဝယ်လိုက်နေတဲ့အပြင် ပြည်ပကိုလည်း တင်ပို့မှု ရှိနေတဲ့အတွက် စျေးပြန်လည် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၇၃၆၀၀၀ ၊ အင်္ဂါနေ့က ၂၇၅၁၀၀၀ ၊ ဗုဒ္ဓဟူးနေ့ မှာ ၂၇၆၃၀၀၀ နဲ့  ကြာသပတေးနေ့မှာ တော့ ၂၈၀၁၀၀၀ ကျပ် ၊ သောကြာနေ့မှာ၂၇၉၀၀၀၀ ကျပ် စျေးရှိခဲ့ပါတယ်။

    နယ်မတ်ပဲစျေးကွက်မှာလည်း မတ်ပဲစျေး မြင့်လာပြီး ပိဿာ ၂၀ တစ်တင်းကို ၈၈၇၅၀ ကျပ်အထိ ရှိလာတယ်လို့ သိရပါတယ်။ အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို ၂၇၁၀၀၀၀ မှ အမြင့်ဆုံး ၂၇၃၂၀၀၀ ကျပ် အထိသာရှိခဲ့ပါတယ်။

    ပဲစင်းငုံ

    ယခုတစ်ပတ် ပဲစင်းငုံနီကလည်း စျေးပြန်တက်လာပြီး တစ်တန်ကို ၂၆ သိန်းကျော်အထိ ရှိလာပါတယ်။   အရင်တစ်ပတ်ကထက် တစ်တန်ကို ၁ သိန်းကျော်လောက် တက်လာတာဖြစ်ပါတယ်။ ပဲလက်ကျန်အဟောင်း နည်းနေပြီး ပဲအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှု ရှိလာကာ ပွဲရုံတွေ့ပါအ်ိဖ၊ ကုန်သည်တွေက အဝယ်ရှိနေတာကြောင့် စျေးပြန်တက်လာတာ ဖြစ်ပါတယ်။ ပဲစင်းငုံနီကို ပြည်ပတင်ပို့မှုလည်း ရှိနေတယ်လို့သိရပါတယ် ။  

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တင်္နလာနေ့က ၂၅၄၈၀၀၀ ၊ အင်္ဂါနေ့မှာ ၂၅၆၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၅၇၀၀၀၀ ကြာသပတေးနေ့မှာ ၂၆၇၅၀၀၀ ရှိပြီးသောကြာ နေ့ မှာ တော့ ၂၆၄၆၀၀၀ စျေးရှိပါတယ်။အရင်တစ်ပတ်က တင်္နလာနေ့ကနေ သောကြာနေ့ အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၅၂၀၀၀၀ မှ ၂၅၅၅၀၀၀ ကျပ်သာ ရှိခဲ့ပါတယ်။ 

    ပဲကြီး 

    ပဲကြီးက ယခုတစ်ပတ်မှာ တစ်အိတ်ကို ၂၀၀၀၀ ကနေ ၃၀၀၀၀ လောက် စျေးပြန်ကျသွားတာ တွေ့ရပါတယ်။ ပဲကြီးက လက်ကျန်ပမာဏ နည်းနေပေမယ့် ပဲအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိလာတဲ့အတွက် စျေးပြန်အေးတာ ဖြစ်တယ်လို့ သိရပါတယ် ။ ပဲကြီးက ပြည်တွင်း စားသုံးမှု အများဆုံးရှိတဲ့ ပဲ ဖြစ်ပြီး ပြည်တွင်းစားသုံးမှု နဲ့ ရောင်းလိုအား ဝယ်လိုအား အပေါ်လိုက်ပြီး စျေးနှုန်း အတက်အကျ ဖြစ်ပေါ်လေ့ရှိပါတယ် ။ ပဲကြော်လုပ်ငန်းတွေကတော့ အဝယ်ရှိနေတယ် သိရပါတယ် ။

    မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီး ( က) ၅၅.၂၅ ပိဿာကို ၆၂၀၀၀၀ မှ ၆၅၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ် ကထက် ၃၀၀၀၀ ကျပ် စျေးကျသွားပါတယ် ။ ပဲကြီး ( လ) က ၅၅၀၀၀၀ မှ ၅၇၀၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၃၀၀၀၀ ကျပ် ကျပါတယ်။ ပဲ (သ) ကတော့ ၄၈၀၀၀၀ မှ ၅၀၀၀၀၀ ကျပ်ရှိပြီး၂၀၀၀၀ ကျပ် စျေးကျ ပါတယ်။

    နှမ်း

    အခုတစ်ပတ် နှမ်းမျိုးစုံ စျေးကွက်မှာ နှမ်းနက် စမုံက စျေးပြန်ကျသွားပေမယ့် အမြင့် စျေးတန်းမှာပဲ ဆက်ရှိနေပါသေးတယ်။ နှမ်းနက်စမုံ အရည်အသွေးကောင်းပြီး အရည်အသွေးကောင်းတဲ့ အက်ဆစ်လွတ် နှမ်းက အမြင့်ဆုံးစျေးနှုန်း ၇၃၀၀၀၀ ကျော်အထိ စျေးရှိပါတယ်။ နှမ်းဖြူဂျပန်က အကျစျေးမှာပဲ ငြိမ်နေပြီး နှမ်းဖြူ ဗမာက အနည်းငယ် ထပ်ကျပါတယ်။ နှမ်းညိုကလည်း စျေးငြိမ်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းနက် စမုံ စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၆၈၀၀၀၀ ကျပ်မှ ၇၃၁၀၀၀ ကျပ်ရှိပြီး နှမ်းဖြူဂျပန်က ၂၈၅၀၀၀ မှ ၂၉၅၀၀၀ ကျပ်ရှိပါတယ်။နှမ်းညိုက ၂၆၅၀၀၀ မှ၂၇၀၀၀၀ ရှိပြီး နှမ်းဖြူဗမာက တော့ ၂၆၅၀၀၀ မှ ၂၇၅၀၀၀ စျေးတန်းရှိပါတယ်။

    AMIA - တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် ( ၈. ၁၂.၂၀၂၅ မှ ၁၂.၁၂. ၂၀၂၅)


  • article
likes
8
comments
0
views
1135