cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးစျေးပြန်လည်ကျဆင်းလာ

. ဈေးကွက်သတင်းများ
ပြည်တွင်းအာလူးစျေး ပြန်လည်ကျဆင်းလာကြောင်း ရှမ်းကုန်စိမ်းရောင်းချရသူများထံမှ သိရသည်။ စျေးကွက်တွင် ယခုနှစ်ထွက်သော ရမ်းဘား အကြော်သီး အာလူးအမျိုးအစားများမှာ မနှစ်ကနဲ့ ယှဉ်ပါက အရည်အသွေး မကောင်းသည့် ပြဿနာများ ကြုံခဲ့ရပြီး အာလူးစျေးများ ကျဆင်းလာခြင်း ဖြစ်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်များအရ သိရပါသည်။
  • "အရည်သွေးမကောင်းတာက ဒီနှစ် မိုးတအားများခဲ့တာဘဲ ပြီးရင် သက်တမ်းမရင့်ခင်ပဲ တူးတာစောလို့ ဖြစ်တာပါ။ ဒီနှစ်မိုးများလို့ အပင်ညိုးတာများတော့ တူးတာစောတယ်။ အကြော်သီးတွေက ရောဂါကျတဲ့အာလူးကို ကြော်ရင် အာလူးကြော်အရည်အသွေး မကောင်းဘူး။ အရောင်မလှ၊ အညိုကွက် မီးကျွမ်းတဲ့ အဆင်းအစက်ပြောက်တွေ တွေ့ရတယ်။ ဒါ့ကြောင့် ကြော်ပြီး ရောင်းတဲ့သူတွေအတွက် အဆင်မပြေ ဖြစ််ကြတယ်''ဟု ရှမ်းပြည်နယ် အောင်ပန်း မြို့မှ အာလူးစိုက်ပျိုးရောင်းချသူတစ်ဦးကပြောပါသည်။

    လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် မားကစ် S-2/S-3 တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ မျက်နီ S-1/ S-1 တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ မျက်နီ S1 OK အာလူး တစ်ပိဿာလျှင် ၄၅၀၀ ကျပ် ထိသာရှိတော့ကြောင်း သိရပါသည်။

    ပြီးခဲ့သည့် အပတ်ဖြင့် ယှဉ်ပါက အာလူး အမျိုးအစားအလိုက် တစ်ပိဿာ ၁၀၀၀ မှ ၁၅၀၀ နီးပါးဝန်းကျင်ခန့် ကျဆင်းသွားကြောင်း စျေးကွက်အရ သိရပါသည်။

    အာလူးမှာ လက်ကားစျေး ကျဆင်းလာသော်လည်း လက်လီစျေးကွက်မှာတော့ အမြင့်စျေးတွင် ရှိ နေသေးကြောင်း ရန်ကုန်မြို့နေသူ အိမ်ရှင်မများထံမှ သိရသည်။

    “ အခု အာလူးစျေးက ကောင်းနေတယ်။ မဝယ်စားနိုင်ဘူး။ အသားစျေးနား ကပ်နေပြီး၊ အရင်က အသားအများကြီးမစားနိုင်လို့ အာလူး နဲ့ ရောချက်ကြတယ်။ အခုကတော့ အာလူး ဝယ်မစားနိုင်လို့ အသားနဲ့ ရော ရမလို ဖြစ်နေပြီ “ ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်မ တစ်ဦးကပြောသည်။

    ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ရှမ်းအာလူး (အောင်ပန်း)တစ်ပိဿာ ၃၃၀၀ မှ ၄၇၀၀ ကျပ် ကြားရှိပြီး တစ်ပိဿာကို ၅၀၀ နီးပါးကျဆင်းသည်။ တရုတ်အာလူးက ၅၅၀၀ မှ ၅၈၀၀ ကြား ရှိပြီး တစ်ပိဿာကို ၃၀၀ နီးပါး ဈေးကျဆင်းသည်။


    လက်ရှိ အာလူးစိုက်တောင်သူများ အနေဖြင့် မျိုးအာလူး ရရှိရန် အခက်အခဲ ရှိနေ ပြီး ပြည်တွင်း ၌ တစ်သျှူးကာချားနည်းဖြင့် မျိုးအာလူးများထုတ်လုပ်ပေးနိုင်ရေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

    လက်ရှိ နောင်တရားဒေသပတ်ဝန်း ကျင်၌ စိုက်ပျိုးသည့် အာလူးမျိုးများကို နယ်သာလန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဝယ်ယူစိုက်ပျိုးကြရပြီး မျိုးအာမခံချက်နှင့် လမ်းခရီးအခက်အခဲများကိုလည်း ကြုံတွေ့နေရသည့်အတွက် အဆင်မပြေမူများရှိကြောင်းလည်း သိရပါသည်။

    မြန်မာနိုင်ငံတွင် အာလူးကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ရေသွင်းစိုက်ပျိုးသည့် ရေအာလူးနှင့်ကုန်းတွင်းပိုင်းမှာ စိုက်ပျိုးသည့် မိုးအာလူးဟူ၍ အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

    ဖိုးချဲ(AMIA)


    ---------

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
6
comments
0
views
1670