cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲစိမ်းစားဥကြိုက်နှစ်သက်သူများ သိထားသင့်သော အချက်များ.....

. ကျန်းမာရေးဆောင်းပါးများ
ပဲစိမ်းစားဥပေါ်တဲ့ ရာသီရောက်လာပြီဆိုတော့ ဆောင်ရန်ရှောင်ရန်လေးများကို ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်.....
  • ပဲစိမ်းစားဥနှင့်တွဲဖက်မစားသင့်သောအစားအစာများ... 

    • (၁) စိမ်းစားဥနှင့်နို့၊  ချောကလက်၊ ချိုချဉ်၊ သပွတ်သီး၊  ရှောက်သီးတို့ဖြင့် တွဲ၍မစားသင့်ပါ အော့အန်တတ်သည်။  
    • (၂) စိမ်းစားဥသည်  ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကျပ်စေပါသည်။ 
    • (၃) စိမ်းစားဥထဲတွင် ကြေညက်လွယ်သော  အမျှင်ဓာတ်ပါရှိသော်လည်း လိုအပ်သည်ထက် ပိုစားမိပါက လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့်  သက်ကြီးရွယ်အိုများ မျှတရုံသာစားပေးသင့်သည်။ 
    • (၄) သဘာဝအရ မြေကြီးထဲတွင်ဥ ဥလေ့ရှိသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက ရေစင်စင်ဆေးပြီးမှသာ စားသုံးသင့်သည်။ 

    ပဲစိမ်းစားဥ စားသုံးသင့်သည့်အကြောင်းအရာများ 

    • သင့်တင့်မျှတသော ပမာဏစားသုံးပေးခြင်းဖြင့် ဆီးချို၊  သွေးချိုရောဂါသည် များကို  ဘေးဥပဒ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။ 
    •  ဗီတာမင်စီလုံလောက်စွာ ပါရှိသဖြင့်  အအေးမိ၊ နှာစေး၊  ချောင်းဆိုး စသော  ကူးစက်နာရာသီဖျားများ အပြင် အထူးသဖြင့်  ကလေးငယ်များ ပန်းနာရင်ကျပ်ရောဂါကို လျော့ပါးသက်သာ လာစေနိုင်ပါသည်။ 
    •  စိမ်းစားဥထဲတွင် ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်  အစွမ်းထက်စေကာ  ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေသော ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။ 
    •  ကယ်လိုရီ လုံးဝမပါရှိသော စိမ်းစားဥကို စားပေးခြင်းဖြင့် ကိုလက်စထရောပမာဏကို မျှတစေကာ နှလုံးရောဂါများအပြင်  နှလုံးရောဂါနှင့်စပ်လျဉ်းသည့်  သွေးတိုးရောဂါတို့ကိုလည်း မဖြစ်စေပါ။ 
    •  စိမ်းစားဥသည်  ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို အလွယ်တကူ  မပျက်စီးစေဘဲ ကျန်းမာ သန်စွမ်းစေပါသည်။ 

    စိမ်းစားဥထဲတွင်  Homocysteine (ခေါ်) အမိုင်နိုအက်စစ်တစ်မျိုး ပါရှိသည့်အတွက် စိမ်းစားဥပုံမှန်စားသုံးသောသူများသည် စိမ်းစားဥလုံးဝမစားသော သူများထက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို  ၁၁ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်စေကြောင်း  WHFoods မှ အတည်ပြုထားပါသည့်အတွက် စားသုံးရန်အကောင်းဆုံး ရာသီစာတစ်မျိုးပင်ဖြစ်ပေသည်။ 

     မှတ်ချက် ** တွဲဖက်မစားသင့်တာလေးတွေ သတိပြုပေးပါ။** 

    Myawady သတင်းဆောင်းပါးမှ ကူးယူဖော်ပြသည်။ 

    ------------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
11
comments
0
views
1897