မွေးမြူရေးစလုပ်ဖို့ ဘယ်တိရစ္ဆာန်ကိုရွေးချယ်မွေးမြူသင့်သလဲ? (၂)
၈။ ရောဂါဖြစ်ပွားနိုင်ခြေနည်းခြင်း
ကိုယ်မွေးတဲ့တိရစ္ဆာန်မှာ ဖြစ်နိုင်တဲ့ရောဂါ နည်းလေကောင်းလေဖြစ်ပါတယ်။ ရောဂါအတွက် စွန့်စားရမှု(risk) နည်း လေကောင်းလေဖြစ်ပါတယ်။
နွား> ဆိတ်> ကြက်> ဝက်
၉။ ရောဂါဖြစ်သော်လည်း ကုသလို့ရတဲ့ရောဂါများဖြစ်ခြင်း
တချို့သော တိရစ္ဆာန်ရောဂါတွေမှာ ဖြစ်ပြီဆိုရင် အသိတစောတာဖြစ်စေ၊ နောက်ကျတာဖြစ်စေ၊ သေကိုသေစေတဲ့ ရောဂါတွေရှိပါတယ်။ ဥပမာ-ဗိုင်းရပ်(စ) အပြင်းစားကြောင့်ဖြစ်တဲ့ ရောဂါတွေဆိုရင် သေတာများပါ တယ်။ ဝက်မှာဆို အာဖရိကဝက်အပြင်းဖျားရောဂါ၊ ကြက်မှာဆို လည်လိမ်ရောဂါ အစရှိသဖြင့်ပေါ့။ နွားနဲ့ဆိတ် တွေမှာတော့ ဖြစ်တဲ့ရောဂါအတော်များများဟာ ဘက်တီးရီးယားရောဂါတွေဖြစ်တဲ့အတွက် သိတာစောရင် ကုလို့ ရတဲ့အတွက် တပမ်းသာပါတယ်။ နွားက အကောင်းဆုံးဖြစ်ပြီး ဝက်ကတော့ အဆိုးဆုံးပါ။
နွား> ဆိတ်> ကြက်> ဝက်
၁၀။ အစာဘိုးကုန်ကျမှုနည်းခြင်း
မွေးမြူရေးတခုလုပ်ရင် ကုန်ကျစားရိတ်စုစုပေါင်း ၁၀၀ ရာခိုင်နှုန်း ရှိရင် အစာအတွက်ကုန်ကျစားရိတ်က ၆၀-၇၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက် အစာစာရိတ်ကုန်ကျတဲ့တိရစ္ဆာန်ကို မွေးမြူသင့်ပါတယ်။ ဝက်ဆိုရင်တော့ အစာဘိုးကုန် ကျမှုများပြီး နွား၊ ဆိတ်တွေကတော့ စားကျက်လုံလောက်အောင်ရှိရင် အစာဘိုးကုန်ကျမှုနည်းမှာ ဖြစ်ပါတယ်။
နွား> ဆိတ်> ဒေသကြက်> ဝက်
၁၁။ အစာမှအသားသို့ ပြောင်းလဲနှုန်း (Low FCR)
FCR- Feed Conversion Ration/Rate ဆိုတာက အာဟာရသင့်တင့်တဲ့ အစာ ၁ ပိသာကျွေးလိုက်လို့ အသားဘယ် ပိသာရသလဲဆိုတဲ့နှုန်း ကိုခေါ်တာပါ။ ဥပမာ- အစာ ၂ ပိသာကျွေးလိုက်လို့ အသား ၁ ပိသာရရင် ၂:၁ လို့ခေါ်ပါ တယ်။ အစာ ၃ ပိသာကျွေးမှ အသား ၁ ပိသာရရင် FCR ၃:၁ လို့ခေါ်ပါတယ်။ FCR နည်းလေကောင်းလေပါဘဲ။
ကိုယ့်ရဲ့စီမံခန့်ခွဲမှုကောင်းမကောင်း၊ မျိုးကောင်းရွေးချယ်ခြင်း အပေါ်မှာလည်းမူတည်ပြီး အကြမ်းအားဖြင့် ဒေသ ကြက်တွေမှာ FCR ၃-၃.၅:၁ ၊ ဝက်တွေမှာ ၃-၃.၅:၁ ၊ ဆိတ်တွေမှာ ၃.၅-၅.၅:၁ ၊ နွားတွေမှာ ၄.၅-၇:၁ ဖြစ်ပါတယ်။
ဝက်၊ဒေသကြက်> ဆိတ်> နွား
ဆက်ရန် - အပိုင်း ၃
-------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း