ဝက်ရောဂါများနှင့် ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလမ်းညွှန်
ထို့ကြောင့်ဝက်များတွင် မည့်သို့ရောဂါဖြစ်တတ်ပုံသ ဘောတရားများ၊ အဖြစ်များသောရောဂါတချို့နှင့် မည်ကဲ့သို့ကာကွယ်ကုသရမည်ကို ဖော်ပြအပ်ပါသည်။
ဝက်ရောဂါများဖြစ်ရသည့်အကြောင်းအရင်းများ
ဝက်များတွင် ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းများစွာရှိသော်လည်း အဖြစ်များသော အကြောင်းရင်း (၃) ခုကို
ဖော်ပြအပ်ပါသည်။
၁။ ကူးစက်ရောဂါ
၂။ ကပ်ပါးရောဂါ
၃။ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သောရောဂါများဟု (၃) မျိုးရှိနိုင်ပါသည်။
၁။ ကူးစက်ရောဂါ
· ကူးစက်ရောဂါကို အဓိကဖြစ်စေသည့်တရားခံမှာ သာမန်မျက်စေ့ဖြင့်မမြင်နိုင်သော ဒုက္ခပေးသော ရောဂါပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
· ထိုသို့ဒုက္ခပေးသော ရောဂါပိုးအုပ်စုများစွာရှိသော်လည်း မဖြစ်မနေသိထားသင့်သော ရောဂါပိုးအုပ်စုကြီး (၂)ခုရှိပါသည်။
၁။ ဘက်တီးရီးယားအုပ်စု
၂။ ဗိုင်းရပ်(စ်) အုပ်စု တို့ဖြစ်ပါသည်။
၁။ ဘက်တီးရီးယားအုပ်စု
· ဘက်တီးရီးယားအုပ်စုအောက်တွင် ဘက်တီးရီးယား မြောက်များစွာရှိပါသည်။
· ဘက်တီးရီးယားပိုးကို ပဠိဇီဝဆေး(အရပ်အခေါ်-ပိုးသတ်ဆေး) ဖြင့်သတ်နိုင်ပါသည်။ အမောက်စလင်၊ ပင်နီစလင်၊ စထရက်တိုမိုင်စင် ၊ ဂျင်တာမိုင်စင်အစရှိသောဆေးများဖြစ်သည်။တနည်းဆိုရသော် ဝက်များ တွင် ဘက်တီးရီးယား ကြောင့် ရောဂါဖြစ်ပွားပါက ထိုဘက်တီးရီးယားကို သတ်နိုင်သည့် ပဠိဇီဝ ဆေးကိုမှန်ကန်အောင် ပေးပါက ရောဂါ ပျောက်မည်ဖြစ်ပါသည်။
၂။ ဗိုင်းရပ်(စ)အုပ်စု
· ဗိုင်းရပ်(စ်)အုပ်စုအောက်တွင်လည်းဗိုင်းရပ်(စ်)ပိုးမြောက်များစွာရှိပါသည်။
· ဗိုင်းရပ်(စ်)ပိုးကိုမူပဠိဇီဝဆေး(အရပ်အခေါ်-ပိုးသတ်ဆေး)ဖြင့်မသတ်နိုင်ပါ။တနည်းအားဖြင့် ဗိုင်းရပ်(စ်)ပိုး ကြောင့် ဝက်တွင် ရောဂါဖြစ်ပွားပါက ကုသစရာဆေး မရှိပါဟု အကြမ်းအားဖြင့် မှတ်ယူနိုင်ပါသည်။ ဗိုင်းရပ်(စ်)ပိုးများကိုအကြမ်းအားဖြင့်(၂) မျိုးထပ်မံ ခွဲခြား နိုင်ပါသည်။
(၁) ပြင်းသောဗိုင်းရပ်(စ်) အမျိုးစားများနှင့်
(၂) ပျော့သောဗိုင်းရပ်(စ်) အမျိုးစားများ ဟူ၍ ဖြစ်သည်။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60292
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း