cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီး တပတ်စာ မိုးလေဝသခန့်မှန်းချက်

. ရာသီဥတု သတင်းများ
ဒီဇင်ဘာလ ၃၁ ရက် မှ ဇန်နဝါရီလ ၆ ရက်အထိ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်
  • မိုးရွာသွန်းနိုင်ခြေ မရှိပါ။  

    ·    တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ တိမ်ကင်းစင်သော ရက်များလည်း ရှိနိုင်ပါတယ်။  

    ·    နေ့အပူချိန်အမြင့်ဆုံး ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၃°C မှ ၁၆°C ဝန်းကျင်၌ ရှိနေနိုင်ပါတယ်။ 

    ·   နေ့စဉ်ပျမ်းမျှလေတိုက်နှုန်းသည် မြောက်၊ အနောက်မြောက် နှင့် အရှေ့-အရှေ့မြောက်အရပ်မှ တနာရီ ၅ မိုင်နှုန်းခန့်ရှိနိုင်ပါမယ်။ 

    ·          ဇန်နဝါရီလအတွင်း မကွေးတိုင်းတွင် မိုးရွာရန်မရှိသဖြင့် မြေဆီလွှာရေဓါတ်ကိန်းအောင်းမှု နှစ်စဉ်ဖြစ်မြဲအောက် ၀.၄ မီလီမီတာခန့်လျော့နည်းပြီး မြေအောက်အနက် ၄၀ စင်တီမီတာအနက်တွင် မြေဆီလွှာစိုထိုင်းဆ ၅% မှ ၁၀% ၊ မြေအောက်အနက် ၁၀၀ စင်တီမီတာတွင် ၂၀% မှ ၃၆% ခန့်ရှိနိုင်ပါမယ်။ 

    Win Naing  

    Administration Team,  

    MMWEATHER,  

    မြေပဲစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် မြေပဲရွက်ပြောက်ရောဂါ ကျရောက်ပါက အရွက်၏အပေါ်မျက်နှာပြင်မှာ ရွက်ညိုပြောက်များကို တွေ့ရှိရပြီး ရောဂါတိုးပွားလာလျှင် ရောဂါရွက်ပြောက်များ ပေါင်းစပ်သွားပြီး အရွက်ခြောက်ကာကြွေကျသွားပါသည်။ အရွက်မှတစ်ဆင့် ရိုးတံ နှင့် ပင်စည်များအပေါ်အထိ ကူးစက်နိုင်ပါသည်။ မြေပဲတောင့်များမရရှိနိုင် တော့ဘဲ (၇၀%) အထိ အထွက်ဆုံးရှုံးစေနိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • သီးနှံမစိုက်ပျိုးမီ မြေကြီးကို ထယ်ရေးနက်နက်ထိုးလှန်ပေးပါ။ 
    • ရောဂါဒဏ်ခံနိုင်ရည်ရှိသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ 
    • အပင်စိပ်စိပ်စိုက်ခြင်းကို ရှောင်ကြဉ်ပါ။ 
    • သီးလှည့်စိုက်ပျိုးပါ။ 
    • ဓာတုနည်းအားဖြင့် နှိမ်နင်းရန်မှာ အခင်းတွင် ရွက်ညိုပြောက်များ စတင်တွေ့ချိန်တွင် ယူနတီ၊ သဒ္ဒါ၊ နီဗိုစူပါ နှင့် ဩဘာဂျိတ် ဆေးညွှန်းပါအတိုင်းသုံးစွဲပေးရန်ဖြစ်ပါသည်။  

    ငါးမွေးမြူသူများထံ အကြံပြုချက် 

    ယခုနှစ်ဆောင်းရာသီကာလသည် ယခင်နှစ်ထက် အပူချိန်ကျဆင်းသည်ကို ကြုံတွေ့နေရပါသည်။ ထို့ကြောင့် ငါးမွေးကန်၏ ရေအပူချိန်သည်လည်း ကျဆင်းတတ်ပါသည်။ နှင်းကျသော‌ဒေသရှိ ငါးမွေးကန်များသည် မနက်ပိုင်း နှင်းများကျရောက်ပြီး ကန်ရေမျက်နှာပြင် တင်းနေတတ်ပါသည်။ အဆိုပါအခြေအနေတွင် ကန်ရေ၏ ဓါတုဆိုင်ရာ များစွာပြောင်းလဲလာပြီး၊ ကောင်းကျိုးထက် ဆိုးကျိုးများ ပိုမိုဖြစ်စေတတ်ပါသည်။ ဒါ့ကြောင့် မွေးမြူရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးလိုပါက ကောစင်တာ နံပါတ် ၀၉- ၉၇၇၉၁၀၀၀၀ သို့ ဆက်သွယ်နိုင်ပါသည်။ 

     ---------      

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe    

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
0
views
734