cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၂ ရက် မှ ဇန်နဝါရီ ၈ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများအခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သတိပြုသင့်သည့်အချက်များ
  • ·          အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသအခြေအနေ (လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း စသည်ဖြင့်) ဖြစ်ပေါ်ခြင်း မရှိပါ။

    ·          လက်ရှိဖြစ်ပေါ်နေသော အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှ ဆိုင်ကလုန်းမုန်တိုင်း GRANT သည် အားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီး အနောက်ဘက်သို့ဆက်လက်ရွေ့လျားလျှက်ရှိပါတယ်။ အာဖရိကတိုက်အရှေ့တောင်ပိုင်း မာဒါဂတ်စကားကျွန်းအနီးရောက်ရှိပြီးနောက် UKM, ECMWF, JTWC, GEFS model တို့မှ မုန်တိုင်းလမ်းကြောင်း ကြိုတင်ခန့်မှန်းချက်များ မတူညီဘဲ ကွဲလွဲနေတာတွေ့ရပါတယ်။

    ·          UKM model ခန့်မှန်းချက်သည် မြောက်ဘက်သို့ဦးတည်နေပြီး ကျန်ကြိုတင်ခန့်မှန်း model များက တောင်ဘက်သို့ချိုးကွေ့လျှက်ရှိကြောင်း တွေ့ရတာကြောင့် ဆက်လက်စောင့်ကြည့်လေ့လာလျှက်ရှိပါတယ်။

    ·          အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ဖြစ်ပေါ်နေဆဲမုန်တိုင်းများသည် မြန်မာနိုင်ငံအပါအဝင် အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းသို့ သက်ရောက်မှုမရှိနိုင်ဘဲ ပုံမှန်ဆောင်းရာသီအအေးဓါတ်လွှမ်းခြုံမှုသည် ဇန်နဝါရီလ ၁ လ လုံး ဆက်၍ရှိနေပြီး ပြည်နယ်တိုင်းဒေသများအလိုက် ညနက်ပိုင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းခြင်းရှိပြီး အမြင်တာ(Visibility)ကျဆင်းနိုင်ပါမယ်။

    ·          ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်ဒေသအချို့မှာ အအေးဆုံးအပူချိန် ၁၀°C နှင့်အောက်အထိ ကျဆင်းနိုင်ပါမယ်။

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပြီး မိုးရွာရန်မရှိပါ။ နံနက်အစောပိုင်းနှင့် ညပိုင်းမှာ မြူဆိုင်းသည့်အခြေအနေ (Foggy weather-condition) နှင့် မြူခိုးငွေ့များကြောင့် ကောင်းကင်မှုံမှိုင်းသည့်ရာသီဥတုအခြေအနေ (hazy-weather-conditions) သည် နံနက်အစောပိုင်းနှင့် ညဦးပိုင်းအချိန်တွေမှာ ဖြစ်ပေါ်နိုင်ပြီး အမြင်တာ (Visibility)ကျဆင်းနိုင်ပါတယ်။

    မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ

    ·          မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နယ်စပ်အနီးမှ မိုးကုတ်၊ ထင်းရှုးခြံနှင့် ပြင်ဦးလွင်မြို့နယ်နှင့် တံတားဦး၊ မြစ်ငယ်၊ မြစ်သား၊ ကူမဲ၊ စဉ့်ကိုင်၊ မိတ္ထီလာ၊ သာစည်၊ ကျောက်ဆည်၊ သဲတော-ဝမ်းတွင်း၊ တောင်သာ၊ မလှိုင်၊ ပျော်ဘွယ်၊ ပုဂံ-ညောင်ဦး၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း စတဲ့ မြို့နယ်တွေမှာ အပူချိန်အနိမ့်ဆုံး ၁၅°C အောက် ၁၀°C အထိကျဆင်းနိုင်ပါမယ်။

    ·          မန္တလေးတိုင်းအတွင်း ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက်-မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div

    ·          မန္တလေးတိုင်းအတွင်းမှာ မြောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်ခန့် တိုက်ခတ်နိုင်ပါမယ်။

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၃၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% အတွင်းမှာရှိနေနိုင်ပါမယ်။

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၂၉°C အထိရှိနိုင်ပါတယ်။

    ·          မန္တလေးတိုင်းအတွင်း မိုးရွာသွန်းသည့်အခြေအနေမရှိတော့သဖြင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နယ်စပ်အနီးမှ မိုးကုတ်၊ ထင်းရှုးခြံနှင့် ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံမြို့နယ်တွေမှာ မြေဆီလွှာအစိုဓါတ်ကိန်းအောင်းခြင်းသည် နှစ်စဉ်ဖြစ်မြဲအောက် ၁၅ မီလီမီတာမှ ၂၁ မီလီမီတာအထိလျော့နည်းနေပြီး ဆက်လက်လျော့နည်းလာနိုင်ပါမယ်။

    ·          ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၅% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်း မိတ္ထီလာခရိုင်အတွင်းကဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၃% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၂၀% ခန့်အထိလျော့ကျနိုင်ပါတယ်။

    ·          မြေဆီလွှာအစိုဓါတ်ကိန်းအောင်းမှုနှင့်မြေဆီလွှာစိုထိုင်းဆလျော့နည်းလာချိန်မှာ -

    §   “မြေဆီလွှာအစိုဓါတ်ကိုထိန်းသိမ်းနိုင်ရန် ရေသွင်းခြင်း”၊

    §   “ဟင်းသီးဟင်းရွက်နှင့်ပန်းစိုက်ခန်းများတွင် နေကာစများမိုးပေးခြင်း”၊

    §   စိုက်ပျိုးပင်များ၏ ပင်စည်/အရွက်ခြောက်သွေ့ညှိုးနွမ်းလာမှုအား သတိထားစောင့်ကြည့်ခြင်း” များကို စိုက်ပျိုးရေးပညာရှင်များနှင့်တိုင်ပင်ပြီး ဆောင်ရွက်ရန်လိုအပ်ပါမယ်။

    ·          မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ အထက်တွင်ရှိနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေး မကောင်းသူများအတွက် အန္တရာယ်ရှိသောအညွှန်းကိန်း level ဖြစ်ပါတယ်။

    ယခုတပတ်အတွင်း နံနက် ၁၁ နာရီ မှ မွန်းလွဲ ၁ နာရီအတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် 6 to 7 ပတ်ဝန်းကျင် (HIGH) တွင်ရှိနေသဖြင့် နေ့လည်နေ့ခင်းအချိန် အပြင်ထွက်သည့်အခါ အန္တရာယ်အလွန်များသည့်အဆင့်မဟုတ်သော်လည်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်၍ ထွက်သင့်ပါတယ်။

    Win Naing

    Administration Team,

    MMWEATHER,

    မန္တလေးတိုင်းဒေသကြီးအတွင်း သင်္ဘောသီးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်

    မန္တလေးတိုင်းဒေသကြီးအတွင်း သင်္ဘောသီးစိုက်ပျိုးရာတွင် ပျကျရောက်မှုအား သတိပြုကာကွယ်ပါ။

    • ပျပိုးများခိုအောင်းရာသင်္ဘောစိုက်ခင်း အတွင်း ပေါင်းမြက်တွေရှင်းလင်းပါ။
    • စိုက်ခင်းတွင်းလေဝင်လေထွက် ကောင်းအောင်ဆောင်ရွက်ပါ။
    • နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ပါ။
    • ပျပိုးအတွက် အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများမှာ  Acetamiprid, Fipronil, Fenoxycarb, Ethiprole, Spirotetramat

    ငါးများ ဖမ်းဆီးပြီးနောက် သတိပြုရန်အချက်များ  

    ရွေးချယ်ဖမ်းဆီးထားသော ငါးများဖမ်းဆီးပြီးပါက ဈေးကောင်းရရှိစေရန်နှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရန် အောက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်သင့်ပါသည်။  

    - ဖမ်းယူထားသော ငါးများကို အရိပ်အောက်တွင် ထားပါ။  

    - ငါးများကို ဖြေးညှင်းစွာကိုင်တွယ်ပါ။  

    - ငါးများကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောသန့်စင်ပါ။  

    - ငါးများထိခိုက်ပွန်းပဲ့ခြင်းနှင့် အကြေးခွံမကျွတ်စေရန် သတိပြုရမည်၊ ရောင်းချမည့် နေရာသို့အမြန် ဆုံးပို့ဆောင်နိုင်စေရန် စီမံရမည်။  

    ----------     

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
1
comments
0
views
457