cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲ၊ ပဲစင်းငုံနီ စျေးပြန်တက်လာပြီး ပဲကြီးနှင့် ကုလားပဲ အကျစျေးမှာ ဆက်ရှိ၊ ကြက်သွန်ဖြူလည်း စျေးကျ
  • ( ၂၉. ၁၂.၂၀၂၅ မှ ၂. ၁. ၂၀၂၆)

    မတ်ပဲ

    မတ်ပဲကတော့ ၂၀၂၅ ခုနှစ်ရဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ အတက်ပြပြီး တစ်တန်ကို ၂၇ သိန်းကျပ်ကျော် စျေးတန်း ပြန်ရောက်ရှိခဲ့ပါတယ်။ ဒီဇင်ဘာ နောက်ဆုံးပတ်ကာလမှာ ကုန်စည်ဒိုင်တွေ ဖွင့်ခဲ့ပြီး အရောင်းအဝယ် သိပ်မရှိပေမယ့်လည်း စျေးကွက်က အတက်ဘက်ကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။

    လက်ရှိမှာ စျေးကွက်ထဲကို မတ်ပဲအသစ်တွေ ဝင်ရောက်မှု ရှိနေပြီး အရည်အသွေးညံ့တာတွေက စျေးသိပ်မရပါဘူး။ မတ်ပဲကို ပြည်ပတင်ပို့မှု ရှိပေမယ့် ပမာဏနည်းတယ်လို့ သိရပါတယ်။

    ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂,၇၀၆,၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂,၇၀၄,၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့မှာတော့ ၂,၇၂၀,၀၀၀ ကျပ် စျေးရှိခဲ့ပါတယ်။ အရင်အပတ်တုန်းက မတ်ပဲ FAQ တစ်တန်ကို ၂,၆၇၆,၀၀၀ ကျပ်မှ အမြင့်ဆုံး ၂,၇၀၅,၀၀၀ ကျပ်အထိ ရှိခဲ့ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံနီကလည်း ဒီဇင်ဘာ နောက်ဆုံးပတ်မှာတော့ အကျရပ်သွားပြီး နှစ်သစ်မှာတော့ တဖန် အတက်ပြလာပါတယ်။ စျေးနှုန်း အတက်ပြလာပြီး တစ်တန်ကို ၂၆ သိန်းဝန်းကျင် ပြန်ရှိလာတာ ဖြစ်ပါတယ်။ အရင်တစ်ပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၅,၀၀၀ ကျပ်လောက် စျေးတက်လာတာ ဖြစ်ပါတယ်။

    ပဲစင်းငုံနီက လက်ရှိ စျေးကွက်မှာ ဝယ်လိုအား ရှိသလို ရောင်းချသူလည်း ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီက ယခုနှစ် အထွက်နှုန်း လျော့နည်းလို့ နောက်ပိုင်းမှာ ကုန်ပစ္စည်းရှားပြီး စျေးကောင်းနိုင်မယ့် အခြေအနေ ရှိတယ်လို့ သုံးသပ်မှု ရှိနေပါတယ်။

    ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂,၅၇၅,၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂,၅၉၀,၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့မှာ ၂,၅၉၅,၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်က တနင်္လာနေ့ကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီ တစ်တန်ကို ၂,၅၄၀,၀၀၀ ကျပ်မှ ၂,၅၇၅,၀၀၀ ကျပ်အထိ ရှိခဲ့ပါတယ်။

    ပဲကြီး

    ပဲကြီးကတော့ အခုတစ်ပတ်မှာလည်း စျေးထပ်ကျလာတာ တွေ့ရပါတယ်။ မန္တလေး ကုန်စည်ဒိုင်ကို ပဲကြီး အသစ်တွေ အဝင်ရှိနေတဲ့အပြင် မကြာခင်မှာ ရှမ်းတောင်မှ ပဲကြီး အသစ်တွေ ပေါ်လာတော့မှာ ဖြစ်ပါတယ်။

    ပဲကြီးက စျေးကျပေမယ့် အရောင်းအဝယ် ကောင်းတယ်လို့ သိရပါတယ်။ မကြာခင် ရှမ်းဒေသမှ ပဲကြီး အသစ်တွေ စတင်ပေါ်လာတော့မှာ ဖြစ်ပြီး ကုန်ချိန် အကန့်အသတ်မရှိ အဝယ်လိုက်နေတယ်လို့ သိရပါတယ်။

    မန္တလေး ကုန်စည်ဒိုင်မှာ ပဲကြီး (က) ၅၅.၂၅ ပိဿာကို ၅၅၀,၀၀၀ ကျပ်မှ ၅၈၀,၀၀၀ ကျပ်အထိ ရှိပြီး အရင်အပတ်ကထက် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကျပ် စျေးကျပါတယ်။ ပဲကြီး (လ) က ၅၀၀,၀၀၀ ကျပ်မှ ၅၃၀,၀၀၀ ကျပ်အထိ ရှိပါတယ်။ ပဲကြီး (သ) ကတော့ ၄၀၀,၀၀၀ ကျပ်မှ ၄၅၀,၀၀၀ ကျပ်အထိ ရှိပြီး တစ်အိတ်ကို ၃၀,၀၀၀ ကျပ်လောက်အထိ စျေးပြန်ကျသွားတာ ဖြစ်ပါတယ်။

    ကုလားပဲ

    ကုလားပဲကတော့ ဒီဇင်ဘာ နောက်ဆုံးပတ်အထိ အကျစျေးတန်းမှာပဲ ဆက်ရှိနေပါတယ်။ နှစ်ကုန်အထိ အကျစျေးနဲ့ ပိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ဒုတိယပတ်ကစပြီး ဆက်တိုက် စျေးပြန်ကျလာတာ ဖြစ်ပါတယ်။

    လက်ရှိမှာ စျေးကွက်ထဲကို ကုလားပဲ အသစ်တွေ ဝင်ရောက်မှု ရှိနေပြီး စားသုံးမှု ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အတွက် စျေးကျလာတာ ဖြစ်တယ်လို့ သိရပါတယ်။

    မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ V2 တစ်အိတ်ကို ၂၃၃,၀၀၀ ကျပ် ရှိပြီး ကုလားပဲ V7 တစ်အိတ်က ၂၂၂,၀၀၀ ကျပ် ရှိပါတယ်။ ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၁၈,၀၀၀ မှ ၂၂၀,၀၀၀ ကျပ်အထိ ရှိပြီး ကုလားပဲ ၉၂၉ က ၂၃၀,၀၀၀ ကျပ် ရှိပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကတော့ စျေးကွက်ထဲမှာ ကြူကုတ်ရော ရှမ်းကြက်သွန်ဖြူတွေပါ စျေးနှုန်း ကျနေတယ်လို့ သိရပါတယ်။ ကြူကုတ် ကြက်သွန်ကတော့ ကုန်ပစ္စည်း အဝင်များတဲ့အခါ စျေးနှုန်း ကျသွားပြီး ကြက်သွန် အဝင်နည်းပြီး ရောင်းလိုအား၊ ဝယ်လိုအား မမျှတဲ့အခါမှာ စျေးနှုန်း မြင့်တက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

    ရှမ်းကြက်သွန်ဖြူတွေကလည်း ရောင်းလိုအား များပြီး ဝယ်လိုအား နည်းတဲ့အတွက် အကျစျေးတန်းမှာ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

    ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြူကုတ် ကြက်သွန် တစ်ပိဿာကို ၁၂,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်သာ ရှိပြီး အောင်ပန်း ထူး (၂) က ၃,၅၀၀ ကျပ်၊ ထူး (၃) က ၄,၅၀၀ ကျပ်၊ ထူး (၄) က ၅,၅၀၀ ကျပ်နဲ့ ထူး (၅) က ၆,၅၀၀ ကျပ် ရှိပါတယ်။

    AMIA

    ------------

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
9
comments
0
views
1407