ပေါင်းစည်းမွေးမြူရေးလုပ်ငန်း (Integrated Farming)
ပေါင်းစည်းမွေးမြူခြင်း(Integrated Farming)ဆိုသည်မှာ လုပ်ငန်းတခု (သို့မဟုတ်) အစိတ်အပိုင်းတခု အား ပြီးပြည့်စုံသော လုပ်ငန်းတခု ဖြစ်လာစေရန် ပေါင်းစပ်ခြင်းကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် ငါးစပါးလုပ်ငန်း နှင့် ငါးနှင့်ကြက် တွဲဖက်မွေးမြူခြင်းလုပ်ငန်းများသည် ပေါင်းစည်းမွေးမြူခြင်း အဓိပ္ပာယ် ဖော်ဆိုကြပါသည်။ (Aquaculture Integrated farming) ရောနှောပေါင်းစပ် ငါးမွေးမြူခြင်း လုပ်ငန်းဆိုသည်မှာ ငါးမွေးမြူခြင်းလုပ်ငန်းကို အခြားသော သီးနှံသစ်ပင် နှင့် မွေးမြူရေး (ကြက် ၊ဝက် ဘဲ)လုပ်ငန်း ကဲ့သို့သော အခြားလုပ် ဆောင်ချက်များနှင့် ချိတ်ဆက်ပေးပြီး ကိုယ်တိုင်ရပ်တည်နိုင်သော သံသရာတခုကို ဖန်တီးပေးသည့် မွေးမြူရေးစနစ် ဖြစ်ပါသည်။
ယခုအချိန်တွင် ငါးနှင့်ကြက်မွေးမြူရေးလုပ်ငန်းကို လူသိများကြပါသည်။ သို့သော် ငါးနှင့်ဘဲတွဲဖက်မွေး မြူခြင်းလုပ်ငန်းများလည်း အချို့သော ငါးမွေးတောင်သူများဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါသည်။ ငါးနှင့် ယင်မဲ (Black Solder Fly) တွဲဖက်မွေးမြူခြင်းကို စတင်နေသည်ကို တွေ့ရှိရပါသည်။ ငါးနှင့်ကြက်မွေးမြူရေးလုပ် ငန်းတွင် ငါးကန်အပေါ်တွင် ကြက်ခြံဆောက်ပြီးမွေးမြူသော စနစ်ဖြစ်ပါသည်။ ကြက်မှ မစင်စွန့်သော အချိန်တွင် ငါးကအစာအဖြစ် စားသုံးသည်ဟု ယူဆနေကြပါသည်။ (တနည်း) ကြက်ချေးကျွေးပြီး ငါးမွေးကြသည်ဟုပြောဆို ကြပါသည်။
အမှန်ဖြစ်စဉ်မှာ ကြက်ချေးကို ငါးများကတိုက်ရိုက်မစားကြပါ။ ကြက်ချေးသည် သဘာဝမြေဩဇာအဖြစ် အသုံးပြုကြပါသည်။ အဆိုပါ ကြက်ချေးသည် ကန်အတွင်း ကျရောက်စေပြီး ကန်အတွင်းသို့ နေရောင်ခြည်ကျ ရောက်သောအခါ အလင်းမှီအစာချက်လုပ်ခြင်းဖြင့် ကန်အတွင်း အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက် ဖွားကြပါသည်။ အဆိုပါ အပင်မျှောလှေးနှင့်အကောင်မျှောလှေးများသည် ကန်အတွင်းရှိ ငါးများအတွက် သဘာဝ အစာ ဖြစ်ကြပါသည်။ ထို့ကြောင့် ငါးမွေးတောင်သူသည် ကန်အတွင်း သဘာဝအစာပေါက်ဖွားရန်(ရေဩဇာတက် စေရန်) အတွက် အခြားသော သဘာဝမြေဩဇာနှင့် ဓါတုမြေဩဇာများ မသုံးစွဲရဘဲ၊ သဘာဝအစာရရှိခြင်းဖြစ်ပါ သည်။ အထက်ဖော်ပြပါ ပေါင်စည်းမွေးမြူရေးလုပ်ငန်းကို ငါးမွေးမြူရေး တောင်သူအတော်များများကျင့်သုံးခဲ့ကြ ပါသည်။
ဦးစန်းအောင်
ထွက်တိုး
-------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း