cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး နှင့် ကြက်တွဲဖက်မွေးမြူခြင်းစနစ်၏ အားသာချက် နှင့် အားနည်းချက်များ

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးနှင့်ကြက် တွဲဖက်မွေးမြူခြင်းသည် လုပ်ငန်းနှစ်ခု ဖြစ်ပြီး၊ ငါး ထုတ်လုပ်ခြင်း နှင့် ကြက် နှင့်ကြက်ဥ ထုတ်လုပ်ခြင်း ထုတ်ကုန် နှစ်မျိုးစလုံး ရရှိကြပါသည်။ ယခုအချိန်တွင် ငါးစာအတွက် ဖွဲနု၊ ဆန်ကွဲ နှင့် ပဲဖတ် ကုန်ကြမ်းဈေးများသည် ဈေးမြင့်နေသဖြင့် ငါးစာအတွက် ငါးမွေးတောင်သူများ အခက်အခဲရှိနေကြပါသည်။ ထို့ ကြောင့် ငါးမွေးတောင်သူများသည် ငါး နှင့် ကြက်တွဲဖက်မွေးမြူခြင်းဖြင့် ငါး စာသက်သာပြီး၊ ငါးစာကုန်ကျစရိတ် သက်သာခြင်းကို ရရှိကြပါသည်။
  •            ငါးကန်အတွင်း ကြက်ချေးကျရောက်ခြင်းဖြင့် ကန်အတွင်း အပင်မျှောလှေးနှင့် အကောင်မျှောလှေးများ ပေါက်ဖွားပြီး၊ ရေဩဇာကောင်းစွာရရှိသဖြင့် အခြားမြေဩဇာများ မဝယ်ယူရဘဲဆောင်ရွက်နိုင်သော အားသာချက်များရရှိပါသည်။ ထို့အပြင် သဘာဝ အစာရရှိနေသဖြင့် ငါးများအတွက် အစာဖြစ်သကဲ့ သို့ အလင်းမှီ အစာချက်လုပ်ခြင်းတို့ကြောင့် နေ့အချိန်တွင် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ကို ရရှိစေခြင်းများ ဖြစ်ပေါ်စေပါသည်။

               သို့သော် ငါးနှင့် ကြက်တွဲဖက်မွေးမြူသူများသည် မွေးမြူထားသော ငါး နှင့် ကြက် အရေအတွက်ကိုတွက် ချက်ထည့်သွင်းမှု မမှန်ခြင်း နှင့် ငါးကန်ရေအရည်အသွေး စစ်ဆေးခြင်း မပြုလုပ်ခြင်းတို့ကြောင့် အားနည်းချက် များကို ဖြစ်ပေါ်စေပေါသည်။ ဗီယက်နမ်တွင် ငါးနှင့်ကြက်မွေးမြူပါက ကြက်တကောင်မွေးမြူပါက ကန်အတွင်း ငါး ၅ကောင်မှ ၇ကောင်အထိသာ ထည့်သွင်းကြပါသည်။ ဆိုလိုသညိမှာ ကြက်တကောင်မှ စွန့်ပစ်သောကြက်ချေး သည် ကန်အတွင်းကျရောက်ပြီး နေရောင်ခြည် အကူအညီဖြင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေးပေါက်ဖွား (ငါးများအတွက်သဘာဝအစာ) ခြင်သည် ငါး ၅ကောင် နှင့် ၇ကောင်အတွက် အစာလုံလောက်မှုရှိပါသည်။ ကန် အတွင်းရှိ သဘာဝအစာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးပေါက်ဖွားခြင်းကို ထိန်းသိမ်းရာရောက်ပါသည်။

               မြန်မာနိုင်ငံတွင် ကြုံတွေ့ရသော အားနည်းချက်မှာ ကြက်အကောင်ရေများပြီး ကန်အတွင်းထည့်သွင်း ထားသော ငါးကောင်ရေသည် နည်းပါသဖြင့် ကြက်ချေးမှ ထွက်ပေါ်လာသော သဘာဝအစာ (အပင်မျှောလှေးနှင့် အကောင်မျှောလှေး)သည် အဆမတန်ပေါက်ဖွားပြီး ကန်အတွင်းရေဩဇာ လွန်ကဲနေတတ်ပါသည်။ ကန်ရေ အ ရောင်သည် အစိမ်းရင့်ရောင်သို့ ရောက်နေသည်က များပါသည်။ ထိုအချိန် တွင် နေ့လည်ပိုင်းတွင် အထက်ကဖော် ပြခဲ့သည့်အတိုင်း ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိသော်လည်း ၊ ညအချိန်တွင် ကန်အတွင်း အောက်စီဂျင် ဆုံးရှုံးမှု များလာပါသည်။ ငါးများသေဆုံသည်အထိ ပျော်ဝင်အောက်စီဂျင်ပြတ်ခြင်းများခံစားရပါမည်။

               အခြားအားနည်းချက်မှာ မိမိတို့ငါးကန်၏ကန်ရေအရည်အသွေး မစစ်ဆေးခြင်းကြောင့် ကန်အတွင်းဇီဝ ဖြစ်စဉ်များသည် လွန်ကဲခြင်း၊ မူမမှန်ခြင်းများဖြစ်လာပြီး ကန်ရေ၏ချဉ်ဖန်နှုန်း၊ ရေကြည်နှုန်း၊ ရေစေး ရေသွက် ပျော်ဝင်အောက်စီဂျင်များသည် ပြောင်းလဲတတ်ပါသည်။ ထို့အပြင် အမိုးနီးယား ရှိ မရှိကို မသိရှိနိုင်၊ ငါးကန် အတွင်း ရောဂါကျရောက်ခြင်းများ ကြုံတွေ့ရသော အားနည်းချက်များကို ကြုံတွေ့ရပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
9
comments
0
views
38107