cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဝက်တွင်ကျရောက်သော ကပ်ပါးရောဂါများ

. ဝက်မွေးမြူနည်း
· ကပ်ပါးပိုးများကြောင့်ဖြစ်သော ရောဂါများကို ကပ်ပါးရောဂါများဟုခေါ်ပါသည်။

· အတွင်းကပ်ပါးပိုးများနှင့် အပြင်ကပ်ပါးပိုးများဟု (၂) မျိုးခွဲခြားနိုင်သည်။
  •  (၁)အတွင်းကပ်ပါးပိုးများ

    ·     ဝက်၏ ခန္ဓာကိုယ်အတွင်းတွင် ရှိသောသံကောင်များ ဖြစ်ပါသည်။ သံကောင်များသည် ပုံသဏ္ဉန် အမျိုးမျိုးရှိကာ ဝက်၏ အစာအိမ်၊ အူ ၊အသဲ၊ အဆုပ် စသည့်နေရာအမျိုးမျိုးတွင် တွယ်ကပ်ပြီး ဝက်များ၏ အဟာရကို စုပ်ယူစား သောက်ပီးထိုနေရာများကိုလည်း ပျက်စီးစေပါသည်။

    ·    သံကောင်များရှိပါက ဝက်များသည် အစာစားသော်လည်း အစာစားမကောင်းခြင်း၊ ပိန်ချုန်းခြင်း၊ ကြီးထွားမှု မကောင်းခြင်း၊ အမွှေးခြောက်သွေ့ခြင်း၊ မကြာမကြာဝမ်းပျက်ခြင်း၊ မကြာမကြာ ချောင်းဆိုး ခြင်း စသည့်လက္ခဏာများကိုတွေ့ရတတ်သည်။  

     (၂) အပြင်ကပ်ပါးပိုးများ

    ·      အပြင်ကပ်ပါးပိုးများမှာ-ဝက်၏ ခန္ဓာကိုယ်ပြင်ပတွင် တွေ့ရတတ်သော ဝဲပိုး၊ မွှား၊ သန်း၊ အစရှိသည် တို့ဖြစ် သည်။ အပြင်ကပ်ပါးများရှိပါက ဝက်များတွင် ဝဲစွဲခြင်း၊ အရေပြားအက်ကွဲနာများဖြစ်ခြင်း၊ ပိန်ချုန်းခြင်း၊ အမွှေးများ ခြောက်သွေ့ခြင်းများကို တွေ့ရသည်။

    ·      ထို့ကြောင့် ရေဘူယျအားဖြင်းမှတ်သားရန်မှာ ကပ်ပါးပိုးကြောင့်ဖြစ်ပါက ဝက်များသည်များသောအားဖြင့် ကိုယ်ပူခြင်း၊ မှိုင်ခြင်း၊ အစာမစားခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်းများမရှိပါ။ အစာစားသော်လည်း အစာစားမကောင်းခြင်း၊ ပိန်ခြင်း၊ ကြီးထွားမှုမကောင်းခြင်း၊ ဝမ်းမကြာမကြာပျက်ခြင်း၊ မကြာမကြာ ချောင်းဆိုးခြင်းတို့ ဖြစ်တတ်သည်ဆိုသည့်အချက် ဖြစ်သည်။

    ·      အတွင်းကပ်ပါးဖြစ်စေ၊ အပြင်ကပ်ပါးဖြစ်စေ အိုင်ဗာမက်တင်ဟုခေါ်သော သံချဆေးကို ထိုးပေးနိုင်ပါသည်။

    ·      အတွင်းကပ်ပါးများအတွက် အိုင်ဗာမက်တင်အပြင် ဘင်ဒဇောအုပ်စုဆေးများ၊ လီဗာမီစောဆေးများ ကိုလည်း တိုက်နိုင်ပါသည်။

    ·      မိမိဝယ်သော ဝက်ဖြစ်စေ၊ အိမ်တွင်ပေါက်သော ဝက်ဖြစ်စေ၊ ဝက်အသက် ၂လရှိပါက သံချဆေး ပထမ အကြိမ်ထိုးပါ။ ၂လခွာပြီး ဒုတိယ အကြိမ်ထိုးပါ။ နောက်ထပ် ၆လ ကြာတွင် တတိယ အကြိမ်ထိုးပါ။ နောက်ထပ် ၆ လ ကြာတိုင်း တစ်ကြိမ်စီ ထပ်ထိုးပါ။ (စားဆေးကိုလည်း အထက်ပါအတိုင်း တိုက်နိုင်ပါသည်။)

    ·      အထက်ပါ ဇယားအရ မိမိတွင်ရှိသော ဝက်သည် မတ်လ(၁)ရက်တွင် အသက် ၂ လပြည့်ပြီးပါက မတ်လ ၁ ရက်တွင် ပထမအကြိမ်သံချဆေးထိုးပါ။ နောက်ထပ် ၂ လအကြာ မေလ (၁) ရက်နေ့တွင် ဒုတိယ အကြိမ်ထိုးပါ။ နောက်ထပ်(၆)လကြာ နိုဝင်ဘာ (၁)ရက်နေ့တွင် တတိယအကြိမ် စသည်ဖြင့် ထိုးသွားရန် ဖြစ်သည်။ (အတိကျမဟုတ်ပါ၊ ရက်အနည်းငယ်စောနိုင်၊ နောက်ကျနိုင်ပါသည်။)

    ·      ထိုနည်းတူစွာပင် မိမိမွေးထားသော ဝက်သည် ဇွန်လတွင် ၂ လပြည့်ပါက အထက်ပါအတိုင်းတွက်ပြီး သံချဆေးကို ပေးနိုင်ပါသည်။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60569

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
5
comments
0
views
16705