ပေါင်းစည်းမွေးမြူခြင်းစနစ်၏ အကျိုးသက်ရောက်မှု
မြန်မာနိုင်ငံတွင် လယ်ယာမြေစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူနှင့် မွေးမြူရေးလုပ်ငန်း(ငါး၊ ဝက်၊ ကြက်) တို့သည် တသီးတခြားလုပ်ငန်းတခုအဖြစ် ဆောင်ရွက်ကြသည်က များပါသည်။ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေး မြူရေးလုပ်ငန်းကို တွဲဖက်မွေးမြူသူ နည်းပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး တွဲဖက်လုပ်ငန်းဆောင်ရွက်သူများ သည် လုပ်ငန်းတခုနှင့်တခု၏ လိုအပ်ချက်ကို ချိတ်ဆက်အသုံးပြခြင်းများ မပြုကြပါ။ ဥပမာအားဖြင့် လယ်ယာစိုက် ပျိုးသူသည် မိုးရေကိုသာ အသုံးပြုပြီး နွေစပါးအတွက် မြစ်ရေ ချောင်းရေကိုအသုံးပြုကြပါသည်။ စပါးအတွက် ဓာတုမြေဩဇာများ ဝယ်ယူဖြည့်စွက်ကြပါသည်။
ငါးနှင့်ကြက်တွဲဖက်မွေးမြူရေးကို တင်ပြခဲ့ပါသည်။ ငါးနှင့်ကြက်အတွက် အပြန်အလှန် ချိတ်ဆက်အကျိုးပြုခြင်းများလည်း သိရှိကြပါသည်။ သို့သော် ငါးကန်အတွင်းမှ ရေများကို မလိုအပ်ပါက စွန့်ထုတ် ကြပါသည်။ အဆိုပါ စွန့်ထုတ်လိုက်သော ရေသည် ကန်အတွင်းရှိ ငါးများအတွက် မလိုအပ်သော်လည်း ၊ စိုက်ပျိုး ရေးလုပ်ငန်းအတွက် အကျိုးရှိကြောင်းကို လက်တွေ့၊ တွေ့ရှိရသဖြင့် အောက်ပါအတိုင်းပေါင်းစည်း စိုက်ပျိုး မွေး မြူရေးလုပ်ငန်းကို ပုံဖော်ဆောင်ရွက်ကြပါသည်။
ဦးစန်းအောင်
ထွက်တိုး
-----------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း