cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်မွေးမြူရေးတွင် ဇီဝလုံခြုံရေးအတွက် လုပ်ဆောင်ရမည့်အချက်များ

. ကြက်မွေးမြူနည်း
ဇီဝလုံခြုံရေးဆိုသည်မှာ မိမိမွေးထားသောကြက်များ ရောဂါမဖြစ်ပွားစေရန်၊ ရောဂါဖြစ်ပွားပါကလည်း ကူးစက်မှု နှင့်သေဆုံးမှု အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ခြင်းကို ခေါ်ပါသည်။
  • ·      လည်လိမ်ကာကွယ်ဆေးကို ၃လ တကြိမ် မျက်စဥ်းခပ်ပေးပါ။

    ·      ကြက်အသက် ၂ လရှိပါက သံချပေးပါ။ ၃ လ တကြိမ် ပြုလုပ်ပါ။

    ·      မိမိမွေးထားသော ကြက်များ အခြားနေရာသို့ မသွားစေရန်၊ အခြားသူများ၏ကြက်များ မိမိခြံထဲသို့ မလာစေရန် သေချာစွာ ကာရံထားပါ။

    ·      မိမိကြက်ခြံအတွင်းနှင့် ကြက်ခြံဝန်းကျင်ကို ၂ ပတ် တကြိမ် ထုံးဖြူးပေးပါ။

    ·      စီပီ ၉၂၄ (သို့) အလားတူ ကုပ္မဏီ အစာ ၁ ဆ + ဆန်ကွဲ ၁ ဆ ရောပြီး ကြက်များအားလုံးကို နေ့စဥ်ကျွေးပါ။

    ·      မည်သည့်ကြက်သားကိုမှ ဝယ်မစားပါနှင့်။

    ·      ကြက်အရှင်ကောက်သူများ မိမိအိမ်/ခြံ အတွင်းသို့ ပေးမဝင်ပါနှင့်။

    ·      ကြက်သွားရောင်းပြီးပြန်လာပါက ခြေ၊လက်၊ဖိနပ်တို့ကို ဆပ်ပြာနှင့်အထပ်ထပ်ဆေးပြီးမှ အိမ်သို့ဝင်ပါ။

    ·      ကြက်တကောင်ကုတ်သည်ကိုတွေ့ပါက အောက်စီတက်ထရာဆိုက်ကလင်းဆေးလုံးကို အသက်အရွယ် ပေါ်မူတည်ပြီး ၃ ရက်တိုက်ပေးပါ။ ဆေးတိုက်သော်လည်း သေဆုံးသွားပါက မစားဘဲ မြေကြီးနက်နက်တူး မြုပ်ပါ။

    ·      ကြက်ငှက်တုပ်ကွေးရောဂါဟု သံသယ ရှိပါက နီးစပ်ရာအာဏာပိုင်၊ ကျန်းမာရေးဌာန၊ မွေးကုဦးစီးဌာန သို့ချက်ခြင်း အကြောင်းကြားပါ။

    --------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60653

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
16
comments
0
views
15117