ပဲခူးတိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် မှ ဇန်ဝါရီလ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှထူးခြားသည့်အခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ
· အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း DUDZAI (14S) သည် အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားပြီဖြစ်ပြီး အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားနေပါတယ်။ အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း NOKEAN သည် ဆက်လက်တည်ရှိနေပြီး ဇန်နဝါရီ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်ပါတယ်။
· အစွန်းရောက်ရာသီဥတုဖြစ်စဉ် လာနီညာဆက်လက်တည်ရှိနေပြီး ဇန်နဝါရီလ မှ မတ်လအတွင်း ပုံမှန်ကြားနေရာသီဥတုအခြေအနေ(Neutral)သို့ ကူးပြောင်းနိုင်ခြေ ၇၅% ရှိလာကြောင်း၊ လာနီညာဖြစ်စဉ်၏ ကြွင်းကျန်သောသက်ရောက်မှုကြောင့် မိုးကြိုနှင့် မိုးဦးကာလများအတွင်း မေလနှင့် ဇွန်လတွေမှာ မိုးဦးကျတာစောနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
· မိုးလယ်ကာလအတွင်းမှာတော့ ENSO Neutral ရာသီဥတုအခြေအနေကြောင့် မိုးရာသီအတွင်း ပုံမှန်မိုးရွာသွန်းခြင်းသာဖြစ်နိုင်ပါတယ်၊ ENSO-neutral သို့ကူးပြောင်းနေချိန်ကာလဖြစ်လို့ အပူပိုင်း convection trigger တွေ (MJO active phase 2&3) ဝင်လာရင် မိုးတိမ်များဖြစ်ထွန်းလာပြီး မိုးစတင်ချိန် မြန်နိုင်/ မိုးဦးကျစောမည့်အခြေအနေဖြစ်နိုင်ပါတယ်။ https://disasterinfo.mmweather.org/01kfahrrpdhm5pmcfb55jkz7v5
ယခု ၁ ပတ်အတွင်း ပဲခူးတိုင်းအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေမရှိ အအေးပိုလာနိုင်မည်
· တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ပဲခူးတိုင်းအနောက်ပိုင်းမှာ အနိမ့်ဆုံးအပူချိန် ၁၆°C ၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာ ၁၄°C နဲ့ ပဲခူးတိုင်းတောင်ပိုင်းက ပဲခူးမြို့မှာ ၁၈°C ရှိနေနိုင်ကာ ပဲခူးတိုင်းတခုလုံးအနေနဲ့ဆက်၍အေးနေပါဦးမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေနှင့် မြေဆီလွှာစိုထိုင်းဆအခြေအနေ
· ယခုတပတ်အတွင်း ပဲခူးတိုင်းမြို့နယ်အချို့၏ အမြင့်ဆုံး/အနိမ့်ဆုံးအပူချိန်ဖြစ်နိုင်ချေ
ပဲခူးမြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်သည်
ပြည်မြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်သည်
လက်ပံတန်း - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်သည်
တောင်ငူမြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည်
ဖြူးမြို့ - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်
ဆွာမြို့ - အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည်
ပဲခူးတိုင်းမြောက်ဖျားမှ လှည်းပွဲကြီး/လှည်းပွဲကလေး - အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည်
· လေတိုက်နှုန်း/လေထုညစ်ညမ်းမှုအခြေအနေ မြောက်/အနောက်မြောက်နှင့်အနောက်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၆ မိုင်နှုန်းခန့်ရှိနိုင်သည်။ ပဲခူးတိုင်းတခုလုံးအတွက် ပျမ်းမျှလေထုညစ်ညမ်းမှုအခြေအနေသည် ၁၈၅ အတွင်းမှာရှိနိုင် မြင့်မားနေနိုင်ပါတယ်။
· လေထုစိုထိုင်းဆ - ပဲခူးတိုင်း၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၂၀% မှ ၃၀% အတွင်းရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းအချိန်များမှာ ၇၀% မှ ၈၀% အတွင်း ရှိနိုင်ပါတယ်။
· Apparent Temperature (Temp-feels-like) ဆောင်းရာသီအတွင်းမှာ လေထုစိုထိုင်းဆမြင့်တက်မှုနည်းပြီး ပုံမှန်လေတိုက်ခတ်မှုရှိနေတာကြောင့် ခံစားရတဲ့အပူချိန် (Temp-feels-like or Apparent Temperature) နှင့် တိုင်းတာရရှိသောနေ့အပူချိန်တို့ကွာဟမှုသည် ၅°C ခန့်ရှိနိုင်ပါမယ်။
· လေထုညစ်ညမ်းမှုအခြေအနေ ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမတောင်ကြောပေါ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း ၁၄၀ မှ ၁၆၀ အထိရှိနိုင် မြင့်မားနေနိုင်တာကိုတွေ့ရပါတယ်။ ဧရာဝတီမြစ်ဝှမ်းတလျှောက်နှင့် စစ်တောင်းမြစ်ဝှမ်းတလျှောက် မြေပြန့်ဒေသတွေမှာ ၈၀ မှ ၁၀၀ အထိ ရှိနိုင်ပါတယ်။ AQI အညွှန်းကိန်း ၂၀၀ အထက်အထိ မြင့်တက်လာရင်တော့ လူတိုင်းအတွက်ကျန်းမာရေးအန္တရာယ်ရှိသောအဆင့်လို့ သတ်မှတ်နိုင်ပါတယ်။
· မြေဆီလွှာစိုထိုင်းဆနှင့် မြေဆီလွှာအစိုဓါတ်ကျန်ရှိသည့်အခြေအနေ -
§ ပဲခူးတိုင်းအနောက်ခြမ်းဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၃% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၁၃% ခန့်ရှိနိုင်ပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းစစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၁၄% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၂၇% ခန့်ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖရဲစိုက် တောင်သူများထံသို့
ပင်စည်ကွဲအက်အစေးထွက်ရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်
- ဖရဲပင်စည်ကွဲအက်အစေးထွက်ရောဂါသည် Didymella bryoniae မှိုကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။
- ပင်စည်မှာသာမက အရွက်၊ အသီးပေါ်မှာလည်းလက္ခဏာပြပါတယ်။
- ထို့အပြင် ကိုင်းလေးတွေမှာလည်း ရေစိုနာကွက်တစ်ချို့ကိုတွေ့ရတတ်ပါတယ်။
- ရောဂါကျရောက်ပါက အရင်ဆုံး စိုက်ခင်းအစိုဓာတ်ကို အများကြီးမပေးပါနဲ့။
- စိုက်ခင်းသန့်ရှင်းရေးကလည်း အရေးကြီးတာကြောင့် လက္ခဏာပြနေတဲ့အစိတ်အပိုင်းများကို ရှင်းပစ်ပေးပါ။ ရှင်းပြီး စိုက်ခင်းထဲမှာ မထားခဲ့ပါနဲ့။
- ဓာတုမှိုသတ်ဆေးအနေနဲ့ Dimethomorph+ Cymoxanil (သို့မဟုတ်) Metalaxyl တို့ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
ငါးမှုန်ကန်များအတွက် အကြံပြုချက်
· ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-
· ငါးမှုန်ငါးသန်မွေးမြူရာတွင် ရေအနက် ၃ ပေအထိသာ ထားရန်၊
· ငါးရိုင်းများဖယ်ရှားရာတွင် ရိုတီနုံးဆေး သုံးရန်၊
· ရိုတီနုံးမသုံးလိုပါက ကန်ရေသွင်းရာတွင် ရေစစ်ဖြင့် သွင်းရန်၊
· ငါးမှုန်များကို အစာကျွေးရာတွင် ပဲဖတ်ကို အရည်ဖျော်၍ အကြိမ်ရေများများဖြင့် နည်းနည်းစီကျွေးရန်၊
· ငါးအနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများ ကျရောက်လာပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန် သို့မဟုတ် အမောက်စလင်ဆေးတောင့်ကို ရေဖျော်၍ ထည့်ပေးရန်၊
-------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း