cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခွေးလှေးယားသီး

. စိုက်ပျိုးအသိပညာ
ခွေးလှေးယားသီး
  • article

  • မြန်မာအမည် - ခွေးလှေးယားသီး
    အင်္ဂလိပ်အမည် - Velvet hear cowhage
    သိပ္ပံအမည် - Macuna pruriers
    မျိုးရင်း - Fabaceae


    ပုံပန်းသဏ္ဍာန်
    သန်စွမ်းသည့် နှစ်ချင်းသီးပင် ဖြစ်ပြီး တစ်ခါတစ်ရံ ၂ နှစ်ခံပင် ချုံမျိုးနွယ် ပင်မျိုးဖြစ်၍ အပင်မြင့်မှာ (၁၈) မီတာခန့် ရှိကာ အရွက်ပုံစံမှာ ရွက်မွှာ (၃) ခုပါရှိသည်။ သီးတောင့်မှာ အရှည် ၄-၁၃ စင်တီမီတာနှင့် လုံးပတ် ၁-၂ စင်တီမီတာရှိသည်။ (S)ပုံသဏ္ဍာန်ရှိ၍ အမွှေးများပါရှိသည်။ အမွှေးများတွင် အရေပြားကို ယားစေသည့် Macunain ဓာတ်ပါဝင်၍ သီးတောင့်အတွင်း ဘဲဥရှည်ပုံရှိ၍ အစေ့(၇) စေ့ပါဝင်လေ့ရှိသည်။ အစေ့ အရောင်မှာ အဖြူ၊ အညို မှ အနက်ရောင် ရှိပြီး အစေ့၁၀၀ အလေးချိန်မှာ ၅၅ မှ ၈၅ ဂရမ်ရှိပါသည်။


    မြေအမျိုးအစား
    ရေစိမ့်ဝင်မှုကောင်းပြီး မြေဆီသြဇာ အသင့်အတင့်မှ ကောင်းမွန်သော မြေမျိုးကို ပိုမိုနှစ်သက်ပြီး သဲဆန်သော မြေအမျိုးအစားတွင်လည်း ဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် ၅ မှ ၈ အတွင်း ဖြစ်ထွန်းနိုင်သည်။


    ရာသီဥတု
    ပူအိုက်စွတ်စိုသော ရာသီကို နှစ်သက်ပြီး မိုးရေချိန် ၁၀၀၀-၂၅၀၀ မီလီမီတာ ရရှိသောဒေသတွင် ကောင်းစွာဖြစ်ထွန်းပြီး မိုးရေချိန် ၄၀၀ မီလီမီတာ အောက် ဒေသတွင်လည်း ဖြစ်ထွန်းနိုင်သည်။ ရေငတ်ဒဏ်ခံနိုင်သော်လည်း ရေဝပ်ဒဏ်ကိုခံနိုင်ရည်မရှိပါ။ ဆီးနှင်းကျရောက်မှုကို ခံနိုင်ရည်မရှိပါ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၀ မှ ၁၆၀၀ မီတာအတွင်း ဖြစ်ထွန်းပြီး ၂၀၁၀၀ မီတာအထိဖြစ်ထွန်းနိုင်သည်။အသင့်တော်ဆုံး အပူချိန်မှာ ၁၉ မှ ၂၇ ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်၍ အလင်းရောင် ကောင်းစွာ ရရှိခြင်းကို ကြိုက်နှစ်သက်သည်။


    htwettoeimg


    မျိုးပွားခြင်း
    နေ့တာတိုခြင်းကို တုန့်ပြန်မှုရှိသည်။ ညအပူချိန်မြင့်မားခြင်းသည် (၂၁ ံC)ပန်းပွင့်ခြင်းကို အားပေး၍ ပန်းပွင့်ချိန်နှင့် မျိုးစေ့ရင့်မှည့်ချိန် ကြားကာလသည် ရှည်လျားပြီး ပန်းစပွင့်ပြီး (၂-၃)လကြာမှသာ သီးတောင့်စတင် ရင့်မှည့်သည်။


    မြေသြဇာကြွေးခြင်း
    ဖော့စဖိတ်ဓာတ် ပါဝင်မှုနည်းသော မြေတွင် ဖြစ်ထွန်းနိုင်မှု ရှိသော်လည်း ဖော့စဖိတ်မြေသြဇာကျွေးခြင်းကို တုန့်ပြန်မှုရှိသည်။ အက်စစ်ဓာတ် ပါဝင်မှုများသော မြေများတွင် ထုံးထည့်သွင်းမှုကို တုံ့ပြန်မှုရှိသည်။


    ပိုးမွှားရောဂါ
    ပိုးမွှားရောဂါကျရောက်မှု အနည်းငယ်သာ ရှိသည်။


    အာဟာရဓာတ်
    ပိုတက်ဆီယမ် ၊မဂ္ဂနီဆီယမ် ၊ ကယ်လ်ဆီယမ်နှင့် သံဓာတ်ပါဝင်မှု မြင့်မားပြီး အစာစားချင်စိတ်ပါဝင်မှုကို ဖြစ်ပေါ်စေသော လိုင်စင်းဓာတ်ပါဝင်၍ ပြုပြင်စီမံထားခြင်းမရှိသော အသီး/အစေ့သည် လူနှင့် စားမြုပ်မပြန်သော တိရစ္ဆာန်များကို အဆိပ်သင့်စေနိုင်သည်။ အဆိပ်သင့်စေသည့် ဒြပ်ပေါင်းမှာ Non-Protein Amino acid L-dopa ဖြစ်ပြီး အစေ့တွင်းတွင် ၂%-၇% ပါဝင်သည်။


    အထွက်နှုန်း
    မိုးရွာသွန်းမှု အပေါ် မူတည်၍ ၅-၁၂ တန်/ဟက်တာ ထွက်ရှိ နိုင်သည်။ အစေ့အနေဖြင့် ပန်းစပွင့်ပြီး ရက် ၁၀၀ မှ၂၈၀ ရက်တွင် ရင့်မှည့်သည်။ ဝ.၂ မှ ၂.၀၀ တန်/ဟက်တာ ထွက်ရှိနိုင်သည်။ ရင့်မှည့်မုှ ညီညာခြင်း မရှိပါ။


    စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ


    ၁။ ဖြစ်ထွန်းမှု လျှင်မြန်သည်။ စိုက်ပျိုးရန် လွယ်ကူသည်။


    ၂။ ပိုးမွှားရောဂါ ကျရောက်မှု နည်းပါးသည်။


    ၃။ မြေကို အထူးပြုပြင်ရန် မလို။


    ၄။ မြေဆီသြဇာ ထက်သန်ကောင်းမွန်စေသည်။


    ၅။ ပေါင်းမြက် ထူထပ်သော မြေများကို ပြန်လည်ကောင်းမွန်စေသည်။


    ၆။ အစာချေဖျက်မှုကောင်းပြီး သတ္တုဓာတ်ပါဝင်မှု များသည်။


    ၇။ တိရစ္ဆာန် အစာအဖြစ် အသုံးပြု နိုင်သည်။


    Source-စိုက်ပျိုးရေးဋ္ဌာန


likes4comments0
views1073