cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အပင်ရောဂါတွေအတွက် မှိုသတ်ဆေး မိမိကိုယ်တိုင် လုပ်ကြည့်ရအောင် အပိုင်း (၁)

. အိမ်တွင်းဥယျာဉ်
အပင်ရောဂါတွေအတွက် မှိုသတ်ဆေး မိမိကိုယ်တိုင် လုပ်ကြည့်ရအောင် အပိုင်း (၁)
မိမိဘာသာ လည်းလုပ်လို့ရမယ် ဓါတုဆေးအာနိသင် အကြွင်းအကျန်လည်းနည်းပြီး သဘာoပတ်ဝန်းကျင်ကိုထိခိုက်မှု မရှိသလောက်နည်းတဲ့ မှိုသတ်ဆေးလုပ်နည်းလေးတစ်ခုကိုဝေမျှပါရစေ။
ယနေ့ ခေတ်မှာ ကုန်ဈေးနှုန်းတွေကအရမ်းတက်လာသည် နှင့် တပြိုင်နက် ပိုးသတ်ဆေးမှိုသတ်ဆေးတွေဈေးကြီးတာအပြင် ရာသီဥတုကအစိုးမရ သီးနှံဈေးခိုင်မာမှု မရှိတာကြောင့် တောင်သူတွေအနေနဲ့ နစ်နာလွန်းပါတယ်။
ဒါ့အပြင် ဒီကြားထဲ တောင်သူတွေက အဆိပ်ခတ်တယ် ဆေးတွေကိုစနစ်တကျမသုံးဘူး ဆေးသုံးတာနှုန်းထားများတယ် ဓါတုဆေးအာနိသင် ကျန်တာစတဲ့အရာတွေနဲ့ ထိုးနှက်နေကြ တာတွေလည်းရှိပါတယ်။
အခုကတော့ အိမ်သုံးဆေး အက်စပရင် နဲ့ပြုလုပ်တာဖြစ်ပါတယ်။ အက်စပရင်ကအကိုက်ခဲပျောက်ဆေး လို့လူသိများပါတယ်၊ အိမ်ကအဖေကတော့ ဆီးချိုသွေးတိုးအတွက် သွေးကျဲဆေးဆိုပြီးသောက်ပါတယ်။ ဆေးဆိုင်တွေမှာ ၁၀ လုံးတစ်ကဒ်ကို ၅၀၀ ကနေ ၁၀၀၀ ကျပ်ပေးရပါတယ်။
နောက်လိုအပ်တဲ့အရာတွေကတော့ ဆပ်ပြာမှုန့် သို့မဟုတ် ဆပ်ပြာဆီဖြစ်ပါတယ်။ ပြီးတော့ ဟင်းချက်ရင်သုံးတဲ့ဆီ ပဲဆီနှမ်းဆီတွေမလိုပါ၊ စားအုန်းဆီဆိုရင်ကိုရနေပါပြီ၊ နောက်တော့ လိုအပ်တာတစ်ခုက ရေ ဖြစ်ပါတယ်။
သုံးရမယ့်အချိုးတွေကတော့
လိုအပ်သောအရာများ
၁။ အက်စပရင်ဆေးပြား (ကျိတ်ထားပါ/အမှုန့်အနေအထား) ၅ ပြား
၂။ ဆပ်ပြာမှုန့် (သို့) အဆီ ဟင်းစားဇွန်း ၃ ဇွန်း
၃။ စားအုန်းဆီ (သို့) အုန်းဆီ ဟင်းစားဇွန်း ၂ ဇွန်း
၄။ ရေ ၁ ဂါလံ
အထက်ဖော်ပြပါ အချိုးအတိုင်းရောစပ်ပြီးအပင်တွေမှာ ဖျန်းနိုင်ပါတယ်။
အဓိက ကရောဂါမဝင်ခင် သုံးရတာပါ။ အရမ်းဆိုးရင်တော့ ဓာတုဆေးတွေနဲ့ပဲနိုင်ပါမယ်။ ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေက ရွက်ပျောက်၊ ဖားဥမှို ၊ အနက်စက် ၊ အညိုအပျောက် စသည်ဖြင့်သီးနှံအလိုက် မှိုရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။
မြေဆောင်မှိုရောဂါတွေကတော့ အဆင်မပြေပါ။
အဘယ့်ကြောင့် ဒီအရာတွေကို မှိုသတ်ဆေးအနေနဲ့သုံးထားတာလဲ
အက်စပရင်ဟာ အက်ဆစ်ဓာတ်ပါပါတယ်။ (salicylic acid) ဆယ်လစ်စလစ်အက်စစ် နဲ့ (acetic acid) အက်စီးတစ် အက်ဆစ် ( ရှာလကာရည်အချဉ်ဓာတ်) ပါဝင်ပါတယ်။
ဒီအရာတွေက မှိုရဲ့စပိုးအညှောင့်မပေါက်အာင် မှိုရည်တည်ဆောက်မှုကိုဟန့်တားဖျက်ဆီးပေးပါတယ်။ ဒါ့အပြင် အပင်ရဲ့ အမြစ်ထွက်အား ကောင်းအောင်လည်း (natural rooting hormone )လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် လူတွေစားမယ်ဆိုလည်းပြဿနာမရှိပါ Antibiotic မဟုတ်တာကြောင့်ပါ။
ဆပ်ပြာနဲ့ ဟင်းချက်ဆီကတော့ အပင်မှာ ပြန့်အောင် ကပ်တွယ်အားကောင်းအောင်လို့ပါ။
တစ်ချို့စုပ်စားပိုး ပျ၊ ယင်ဖြူ ပိုးစေးနှဲ စတာတွေအတွက် အနည်းငယ်သက်သာလျော့ပါးစေပါတယ်။
ပင်ငယ်စဉ် တော့ဆေးပမာဏ သိပ်မလိုပါ။ အပင်ရွက်တွေများလာနဲ့အမျှ အပင်ကြီးရင်တော့ တစ်ပင်လုံးနှံ့အောင်ကာကွယ်ဆေးအနေနဲ့သုံးရတဲ့အတွက်သိပ်အဆင်မပြေနိုင်ပါ။ ၁ ပတ်ကို အနဲဆုံးနှစ်ခါ သုံးရက်ခြားခန့် သုံးပေးရပါမယ်။ အပင်ဆေးလောင်ခြင်းပြဿနာမရှိပါ။ တစ်ခြားမှိုသတ်ဆေးများနဲ့လည်းတွဲသုံးလို့ ပိုမိုထိရာက်စေပါတယ်။
ကော့ပါးပါသောဆေးတွေဖြင့် တွဲမသုံးသင့်ပါ။
မှတ်ချက်။ ရောဂါမဖြစ်ခင် (သို့) ရောဂါအနည်းငယ်ကျနေစဉ် သုံးနိုင်ပါတယ်။ ရောဂါ ကျရောက်မှု ဆိုးဝါးရင်တော့ မနိုင်ပါ။
Ref; chemistrycachet - easy home made fungicide
  • article
  • article
  • article
likes
18
comments
1
views
1497
cover
cover
cover
cover
cover