cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဟင်းနုနွယ်စိုက်ပျိုးနည်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ဟင်းနုနွယ်စိုက်ပျိုးနည်း
  • အာဟာရဓာတ် များများပေးစွမ်းနိုင်းသော အရွက်စား၊ အရိုးစား အပင်မျိုးဖြစ်၍ စိုက်ပျိုးရန်လည်း လွယ်ကူပါသည်။


    စိုက်ပျိုးချိန်

    ပျိုးထောင်ရန်မလိုဘဲ ကဆုန်လမှ ဝါဆိုလ၊ တော်သလင်းလမှ တပိုတွဲလအတွင်း စိုက်ပျိူးနိုင်သည်။


    စိုက်နည်း

    ၂၀ပေ× ၄ ပေ ရှိသောစိုက်ခင်းအတွက် မျိုးစေ့ ငါးမူးသားလိုပါသည်။ အပင်ပြွတ်သိပ်နေလျှင် လက်ကြားခွဲပေးပြီး တစ်ပင်နှင်တစ်ပင်( ၆) လက်မခြား တစ်တန်းနှင့်တစ်တန်း (၉) လက်မခြားစိုက်သင့်ပါသည်။


    ဂရုပြုရန်အချက်များ

    မြေသြဇာများကြိုက်သဖြင့် မျိုးစေ့မချမီ တည်းက မြေနု၊ မြေဆွေး၊ နွားချေး၊ ဘဲချေးစသည်တို့ဖြင့် ပြင်ထားပေးရမည်။


    မျိုးစေ့ထုတ်နည်း

    ဟင်းနုနွယ်အပင် များကိုမရိတ်ဘဲ ထားပါက ပန်းပွင့်လာပြီး တဖြည်းဖြည်း အစေ့တည်ကာ အပင်လဲကျလာသည်။ ၎င်းအချိန်တွင် ဟင်းနုနွယ်ပင်ထိပ်ပိုင်းမှ အနှံကိုဖြတ်ယူပြီး အနှံများကိုခါချပါက အစေ့များရပါမည်။ အစေ့များကို တစ်နေလှမ်းပြီး ပုလင်းတွင်ထည့်ကာ သိုလှောင်ထားနိုင်သည်။


    ရိတ်သိမ်းနည်းနှင့် အထွက်

    ဟင်နုနွယ်ကိုစိုက်ပြီး (၃) ပတ်(၄) ပတ်ရှိသောအခါ စတင်ဖြတ်တောက်ရိတ်သိမ်းနိုင်သည်။ အပင်ခြေရင်မှ ဓားနှင့်ဖြတ်ယူပြီး ရိတ်သိမ်းနိုင်သည်။ တစ်ဧက ဟင်နုနွယ် (၇၀-၈၀) ကီလိုဂရမ် အထိ ထွက်နိုင်သည်။


  • article
likes18comments2
views2882
cover
cover
cover
cover
cover