ခရမ်းချဉ်သီးမှာ အနာချိုင့်တွေ ဖြစ်ပြီး အရည်အသွေးနိမ့်စေတာက ဘာကြောင့်လဲ ?
• ခရမ်းချဉ်သီး ထိပ်ဖျားတွေမှာ အမည်းရောင် ချိုင့်ကွက်တွေဖြစ်ပေါ်လာခြင်း ဆိုးဝါးလာမယ်ဆိုရင် ထိုချိုင့်ခွက်မှာ အမည်းရောင် မှိုတွေပါ စွဲကပ်လာနိုင်ပါတယ်။
• ထိုကဲ့ သို့ဖြစ်လာခြင်းမှာ ကယ်ဆီယမ် ချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
• အပင်ပို ရေပမာဏများခြင်းနှင့် အကြိမ်များများ လောင်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းမှာ အသီးကြီးထွားစဉ်မှာ ရေပေးဝေမှု မညီမျှခြင်းနှင့် ကယ်ဆီယမ် ဖြန့်ဝေမှု အားနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်လို ပြင်ဆင်ကုစားကြမလဲ
• ခရမ်းချဉ် မစိုက်ပျိုးမီ ထုံး (သို့မဟုတ်) ကယ်ဆီယမ် မြေသြဇာများကို အသုံးပြုပေးပါ။
• နိုက်ထရိုဂျင်ဓါတ်မြေသြဇာကို လွန်ကဲစွာ အသုံးမပြုပါနှင့်။
• ရေ (၅၀) လီတာမှာ ကယ်ဆီယမ် နိုက်ထရိတ် ၅၀ ဂရမ်ထည့်၍ အသီးအပွင့်ဝင်ချိန်မှာ ဖျန်းပေးပါ။ ကယ်ဆီယမ်၊ ဘိုရွန်ပါသော ရွက်ဖျန်းအားဆေးများကို သီးပွင့်စတင်ချိန်မှာ ဖျန်းပေးသင့်သည်။
References- Plantix , Htwet Toe