အရည်အသွေးကောင်မွန်သော ရော်ဘာများရရှိစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ
- (က) အစေးပြားထုတ်လုပ်သည့်လုပ်ငန်းစဉ်တွင်အသုံးပြုသည့် ပစ္စည်းများ၊ စက်ရုံများသည် သန့်ရှင်းမှု ရှိရပါမည်။ - (ခ) အစေးခြစ်ခြံတွင် အစေးရည်များကို နံပါတ် ၄၀ ဇကာဖြင့် စစ်၍ စက်ရုံတွင် နံပါတ် ၆၀၊ ၈၀ ဇကာဖြင့် အစေးရည်များကို စစ်ရပါမည်။ - (ဂ) အစေးသားအခြောက်ပါဝင်မှုရာခိုင်နှုန်း DRC (၁.၂၅ %) ရအောင် သန့်ရှင်းသော ညသိပ်ရေကို နံပါတ် ၁၀၀ ဇကာ ဖြင့် စစ် ၍ ရောစပ်ပေးရပါမည်။ - (ဃ) အစေးခဲရာတွင် ၁ % ဖေါ့မစ်အက်စစ် ကို အသုံးပြုပြီး အစေးခဲရပါမည်။ - (င) အက်စစ် ၊ ရေ နှင့် အစေးရည်ကိုသမအောင်မွှေပြီး အမြှုပ်ခပ်ထုတ်ရပါမည်။ - (စ) သန့်ရှင်းသော အစေးခဲခွက်တွင် ထည့်ကာ အစေးခဲရပါမည်။ - (ဆ) အစေးခဲပြီး ၂ နာရီအကြာ အပေါ်ယံကြောတင်းလာလျှင် အစေးခဲခွက် တွင် ရေ ထပ်ဖြည့်ပေးရပါမည်။ - (ဇ) အစေးခဲရည် ကြည်လင်လာသည့်အခါတွင် စတင်ကြိတ်နိုင်ပါသည်။ - (ဈ) ခဲသွားသည့်အစေးပြားများအား ကြိတ်လုံးတွင်မကြိတ်မှီ လက် (သို့) ဒလိမ့်တုံး (သို့) စက်ဖြင့် ဖိနှိပ်ပေးရပါမည်။ - (ည) ရော်ဘာပြားများအား အထူ ၁/၈ လက်မ ရအောင်ကြိတ်ရပါမည်။ - မှိုင်းမတင်သောရော်ဘာပြားများထုတ်လုပ်ရန်အတွက် (unsmoked sheet) ဆောင်ရွက်ရမည့် လုပ်ငန်းများ - (က) ကြိတ်ပြီးရော်ဘာပြားများအား သန့်ရှင်းသောဝါတန်းများတွင်တင်၍ အရိပ်အောက်တွင် ထားကာ နေ့ဝက်ခန့် ရေစစ်ရပါမည်။ - (ခ)အသုံးပြုသောဝါးတန်းသည် အစေးပြားများ တစ်ခုနှင့် တစ်ခု မကပ်ရန်သင့်တော်သော အရွယ်အစားရှိရပါမည်။ - (ဂ) လေဝင်လေထွက်ကောင်းရန်ဝါး တလုံးနှင့်တလုံး အနည်းဆုံး ၆လက်မ ခွာထားရပါမည်။ - (ဃ) ရေစစ်ပြီးရော်ဘာများအား လေဝင်လေထွက်ကောင်းသော အရိပ်အောက်တွင် ရေပါဝင်မှု ၁ % အောက်ရောက်အောင် ခြောက်သွေ့သည် အထိ ၃ ရက် ကျော်ခန့် အခြောက်ခံရ ပါမည်။ - မှိုင်းခံရော်ဘာပြားများထုတ်လုပ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ - (က) မှိုင်းခံရော်ဘာပြားများ တွင် ရေပါဝင်မှု ၂၀ % ရရှိသည့်အထိ နေ့ဝက်ရေစစ်ရပါမည်။ - (ခ) နေ့အလိုက် သတ်မှတ်ထားသည့် အပူချိန်အတိုင်း မှိုင်းရုံ တွင် (၄) ရက် မှိုင်းတင်၍ မှိုင်းခံရော်ဘာပြားပြုလုပ်နိုင်ပါသည်။ - (ဂ) မှိုင်းရုံတွင်နေ့အလိုက် ရှိရမည့်အပူချိန် - ပထမည - ၃၈ º C - ဒုတိယည - ၄၉-၅၂ º C - တတိယည- ၅၅-၅၈ º C - စတုတ္တည - ၅၈-၆၂ º C 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
