cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်နိုင်မဲ့ မြေချဥ်ငံဓာတ် အနေအထား

. မြေဆီလွှာ
သီးနှံပင်တွေကို စိုက်ပျိုးတဲ့အခါ စိုက်ပျိုးမြေ ချဥ်ငံကိန်းပေါ်မူတည်ပြီး သီးနှံပင်မှ အပင်အာဟာရ စားသုံးရရှိနိုင်မှု ကွာခြားနိုင်ပါတယ်။ အက်ဆစ်မြေတွေမှာ အငံဒဏ်များတဲ့ မြေတွေထက် ပိုတက်စီယမ်ဓာတ်နှင့် ကယ်လစီယမ် ရရှိနိုင်မှု လျော့နည်းနိုင်ပါတယ်။
  • အပြန်အလှန်အားဖြင့် မြေငံဒေသတွေမှာတော့ ဇင့်ဓာတ်၊ အိုင်းယွန်း၊ ကော့ပါးနဲ့ မန်းဂနိစ်ဓာတ်ချို့တဲ့မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မြေချဥ်ငံဓာတ် သဘောတရားကို သေချာနားလည်တဲ့အခါ သီးနှံပင်တွေကို မှန်ကန်စွာ လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

    အဓိက စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်နိုင်မဲ့ မြေချဥ်ငံဓာတ် အနေအထားများမှာ

    - မြေချဥ်ဓာတ်မှာ (ခန့်မှန်းခြေမြေချဥ်ငံညွှန်းကိန်း ၆အောက်) ဖြစ်ထွန်းနိုင်တဲ့ သီးနှံတွေကတော့ ဝါပင်၊ ပဲလွမ်း၊ မြေပဲနှင့် စပါး၊ အာလူး၊ နာနတ်၊ ဖရုံ၊ ကြက်သွန်မြိတ်၊ ကန်စွန်းဥ၊ ပန်းသီး၊ ထောပတ်၊ လိုင်ချီး၊ သရက်၊ မင်းဂွတ်၊ ကြက်မောက်၊ ကော်ဖီပင် တို့ ဖြစ်ပါတယ်။

    - မြေချဥ်ဓာတ်မှ ပုံမှန်မြေအနေအထား(ခန့်မှန်းခြေမြေချဥ်ငံညွှန်းကိန်း ၄မှ၇ကြား) မှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သီးနှံတွေကတော့ ပြောင်း၊ ကိုက်လန်၊ ပဲတီစိမ်း၊ နှံစားပြောင်း၊ ပဲပုပ်၊ ကြံ၊နေကြာ၊ ဂျုံ၊ သကြားမုန်လာ၊ ဂျုံ၊ ခရမ်းသီး၊ ကြက်သွန်ဖြူ၊ မုန်ညင်း၊ ငရုတ်၊ သခွား၊ ခရမ်းချဥ်၊ မုန်လာဥ အနီ၊မုန်လာဥအဖြူ၊ သစ်တော်၊ စပျစ်၊ ရှောက်၊သံပုရာ၊ ဂန္ဓမာ၊ ခြောက်လပန်း၊ နှင်းဆီတို့ပဲ ဖြစ်ပါတယ်။

    - ပုံမှန်မြေအနေအထားမှ မြေငံဓာတ်မှ (ခန့်မှန်းခြေမြေချဥ်ငံညွှန်းကိန်း ၆-၈ကြား) မှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သီးနှံတွေကတော့ ကုလားပဲ၊ ကညွှတ်၊ မုန်ညင်းမုန်လာအုပ်စုဝင် ဟင်းသီးဟင်းရွက်များ၊ ဆလတ်၊ ဖရဲသခွား၊ ကြက်သွန်နီ၊ ကန်စွန်း၊ ဟင်းနုနွယ်၊ ရုံးပတီး သီးနှံတို့ပဲ ဖြစ်ပါတယ်။


  • article
likes25comments1
views3429
cover
cover
cover
cover
cover