ပဲတီစိမ်းမတ်ပဲသံချေးရောဂါ
သံချေးရောဂါ လက္ခဏာ
- ရောဂါကျရောက်မှု ကနဦးအဆင့်တွင် ရွက်ကြောများအောက်တွင် အဖြူရောင် အစက်အပြောက် မှိုလေးများနှင့် သံချေးရောင် အဖုအထစ်လေးများကို တွေ့ရတတ်ပါသည်။
- ထိုအဖုအထစ်လေးများကို အဓိကအားဖြင့် အရွက်၏ အောက်ဘက်မျက်နှာပြင်များတွင် တွေ့ရလေ့ရှိပြီး တဖြည်းဖြည်း အဝါရောင် ရေစိုနာကွက်များအဖြစ် ပြောင်းလဲ သွားတတ်ပါသည်။
- ညိုပုပ်နေသော ရေစိုနာကွက်များကိုလည်း အရွက်များပေါ်တွင် မြင်ရတတ်ပါသည်။
- သီးတောင့်များ၊ ပင်စည်များနှင့် ရိုးတံများတွင်လည်း အဖုလေးများ ပေါ်လာတတ်ကာ ၎င်းတို့သည် နောက်ပိုင်းတွင် မည်းသွားတတ်ပြီး အများအားဖြင့် အရွက်ရင့်များပေါ်တွင် ဖြစ်လေ့ရှိပါသည်။
သံချေးရောဂါ ကာကွယ်နှိမ်နှင်းခြင်း
- သံချေးရောဂါကို ကာကွယ်ရန်အတွက် အရည်အသွေးမြင့် မျိုးစေ့များကို အစဉ်အမြဲ အသုံးပြုသင့်ပါသည်။
- အပင်ငယ်စဉ် ရေပေးသွင်းမှု မများအောင် ဂရုပြုရပါမည်။
- မြေဆီကျွေးရာတွင် ပုလဲ(ခ) နိုက်ထရိုဂျင် တစ်မျိုးတည်း ကျွေးခြင်းကို မပြုလုပ်သင့်ပါ။
- သံချေးရောဂါ ဖြစ်ပွားမှုမှ လျော့ချနိုင်ရန် ပြောင်းပင်များကို သီးညှပ်ရောစိုက်ပေးပါ။
- စိုက်ပျိုးနေစဉ် ကာလအတွင်း စိုက်ခင်းအတွင်း ပုံမှန် ကြည့်ရှုစစ်ဆေးပေးပါ။
- ခံနိုင်ရည်ရှိသည့် မျိုးများကို စိုက်ပျိုးပေးပါ။
သံချေးရောဂါမှ ကာကွယ်ရန် ဖော်ပြပါ မှိုသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် တဗျူကိုနာဇိုး စားပွဲတင်ဇွန်း ၁-၂ ဇွန်းနှုန်း
၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဒိုင်ဖန်နိုကိုနားဇိုး ၁၀% ဒဗလျူဂျီ စားပွဲတင်ဇွန်း ၁-၂ ဇွန်းနှုန်း
၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဇိုဆီစထရိုဘင် စားပွဲတင်ဇွန်း ၃ ဇွန်း
သို့မဟုတ် စျေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)