cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သင်္ကြန်ကာလနောက်ပိုင်းမှသာလျှင် ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်သွက်လာမည်

. ဈေးကွက်
လက်ရှိအချိန်တွင် အရေ အတွက်အနည်းငယ်သာ အရောင်း အဝယ်ဖြစ်နေပြီး အိတ်ရေ ရာ၊ ထောင်ချီသော အရောင်းအဝယ် မျိုးမရှိသေးဘဲ အရောင်းအဝယ် အေးနေခြင်းဖြစ်သည်။
  • သင်္ကြန်ကာလနီးလာတာ ကြောင့် ပဲ၊ နှမ်းဈေးကွက်တစ်ခု လုံး အရောင်းအဝယ်အေးနေပြီး သင်္ကြန်ပိတ်ရက်များနောက်ပိုင်းမှ သာလျှင် ပဲ၊နှမ်းဈေးကွက်အရောင်း အဝယ်ပြန်သွက်လာမည်ဖြစ်ကြောင်း ပဲကုန်သည်များထံက သိရသည်။

    လက်ရှိအချိန်တွင် အရေ အတွက်အနည်းငယ်သာ အရောင်း အဝယ်ဖြစ်နေပြီး အိတ်ရေ ရာ၊ ထောင်ချီသော အရောင်းအဝယ် မျိုးမရှိသေးဘဲ အရောင်းအဝယ် အေးနေခြင်းဖြစ်သည်။ သယ်ယူ ပို့ဆောင်မှုစရိတ်နှင့် ငွေပေးချေမှု မြန်ဆန်မှုအပေါ်မူတည်ပြီး အရောင်း အဝယ်ဖြစ်နေခြင်းဖြစ်သည်။

    ``သင်္ကြန်နားနီးတော့ အရောင်း အဝယ်က တစ်ဦးတစ်လေပဲ အဝယ် ရှိတော့တယ်။ ပမာဏအားဖြင့် လည်း အနည်းငယ်လောက်နဲ့ ငွေပေးမြန်မြန်ရှိတဲ့ သူတွေပဲ အရောင်းအဝယ်ဖြစ်နေတာပါ။ သင်္ကြန်ကာလနောက်ပိုင်းမှသာ အိတ်ရေပမာဏများများနဲ့ အရောင်း အဝယ် ပြန်သွက်လာမှာပါ´´ဟု တက်နေလင်းပွဲရုံမှ ဦးဇင်မင်းဦးက ပြောသည်။

    ဧပြီလဆန်းပိုင်းရက်များတွင် ပို့ကုန်ပဲ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၂၂၆၀၀၀၊မတ်ပဲတစ်အိတ် ငွေကျပ် ၂၀၁၀၀၀၊ပဲတီစိမ်းရွှေဝါတစ်အိတ် ငွေကျပ် ၂၂၂၀၀၀ ပေါက်ဈေးရှိ နေပြီး ပြည်တွင်းသုံးကုလားပဲအုပ်စု မှာ တစ်အိတ် ငွေကျပ် ၂၀၆၀၀၀၊ မြေထောက်ပဲတစ်အိတ် ငွေကျပ် ၂၈၅၀၀၀၊ စွန်တာပြာတစ်အိတ် ငွေကျပ် ၁၄၅၀၀၀၊ကျွန်းစားတော် ပဲတစ်အိတ် ငွေကျပ် ၃၄၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ် မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
7
comments
1
views
1994
cover
cover
cover
cover
cover