cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီဥတုပြောင်းလဲမှုကြောင့် လာမည့်သရက်သီးရာသီတွင် အသီးတင်မှု လျော့ကျနိုင်

. သတင်းစုံ
ညအပူချိန် မြင့်မားခဲ့ပြီး သရက် ပန်းပွင့်များ ကြွေကျမှုများခဲ့ ကြောင်း သီတင်းကျွတ်နောက်ပိုင်း မိုးရွာသွန်းမှု မရှိခြင်းကြောင့်လည်း သရက်ပန်းပွင့်မှုအားနည်းခဲ့
  • သရက်ပန်းပွင့်ချိန်တွင် ရာသီ ဥတုပူပြင်းခဲ့တာကြောင့် သရက်ပွင့် များ ခြောက်ကာ အသီးတင်မှုလည်း လျော့ကျနိုင်ကြောင်း သရက်စိုက် တောင်သူများထံက သိရသည်။

    ဖေဖော်ဝါရီ၊ မတ်လများတွင် ညအပူချိန် မြင့်မားခဲ့ပြီး သရက် ပန်းပွင့်များ ကြွေကျမှုများခဲ့ ကြောင်း သီတင်းကျွတ်နောက်ပိုင်း မိုးရွာသွန်းမှု မရှိခြင်းကြောင့်လည်း သရက်ပန်းပွင့်မှုအားနည်းခဲ့ကြောင်း၊ ရေသွင်း၊ အစာကျွေးပြုစုစောင့် ရှောက်သည့် သရက်ခြံအချို့သာ အသီးကောင်းကောင်းရနိုင်မည် ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် သရက်တောင်သူတစ်ဦးက ပြော သည်။

    ``သီတင်းကျွတ်နောက်ပိုင်း မိုးလုံး၀ ရွာသွန်းခြင်းမရှိဘူး။သရက်ပန်းပွင့်ချိန် ရာသီဥတုပူပြင်း တာကြောင့်လည်း သရက်ပန်းပွင့် များ အကြွေ၊ အခြောက်များခဲ့ တယ်။ ဂရုတစိုက်နဲ့ ရေသွင်း၊ မြေဩဇာထည့် ပိုးသတ်ဆေးဖျန်း ပြုလုပ်တဲ့ သရက်ခြံအချို့ပဲ အသီး ကောင်းကောင်းရနိုင်တယ်။ ခြံ တော်တော်များများ ပြုစုနိုင်ခြင်း မရှိလို့ မနှစ်ကထက် အသီးထွက် နှုန်း လျော့ကျနိုင်ပါတယ်´´ဟု ၎င်းက ပြောသည်။

    မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည် တော်တို့တွင် စိုက်ပျိုးမှုများသည့် သရက်သီးကို ဧပြီလကုန်ပိုင်းမှ စတင်ကာ မေ၊ ဇွန်လအထိ သရက်သီး လှိုင်လှိုင်ပေါ်သည့် ကာလဖြစ်ကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views1971
cover
cover
cover
cover
cover