cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆားဆပ်ပြာပေါက်မြေအားပြုပြင်ခြင်း

. မြေဆီလွှာ
မြေငန်ခြင်းတွင် (၂) မျိုးရှိပါသည်။ ဆားဆပ်ပြာပေါက်ခြင်း နှင့် ဆပ်ပြာပေါက်ခြင်း တို့ ဖြစ်ပါသည်။
  •  


    ဆားဆပ်ပြာပေါက်ခြင်းသည် EC မြင့်၍ SAR မြင့်ခြင်း၊ ဆိုဒီယမ်များခြင်းဖြစ်၍ ဆပ်ပြာပေါက်မြေသည် EC4ms/cm ထက်နိမ့်၍ Na ပါဝင်မှုမြင့်မားခြင်း (SAR/ESC) နှင့် PH သည် 8.5 ထက်မြင့်ခြင်းတို့ဖြစ်ပါသည်။ (မြေထဲတွင် မည်သည့်ဆားအများစု ပါဝင်ကြောင်း ဓါတ်ခွဲစစ်ဆေးပြီး) ထိုသို့သော မြေများကို ရေသွင်းရေထုတ်ပြုလုပ်ပါက သမဆားများပါဝင်ပြီး ပိုမို၍ဆပ်ပြာပေါက်မြေဖြစ်လာကာ မြေများကို ပိုမိုကြပ်တည်းလာနိုင်ပြီး ပိုမိုဆိုးရွားနိုင်ပါသည်။ 


    ထို့ကြောင့် မြေမှုန်များတွင် တွယ်ကပ်နေသော ဆိုဒီယမ်များကို ကယ်လဆီယမ်များဖြင့် အစားထိုးရန် ဂေါ်ဒန်ကျောက်မှုန့် (Gypsum 2H2O) ထည့်သွင်းအသုံးပြုရပါမည်။ 


    Gypsum requirement (ton/acre) = Present ESP – Desire ESP x CEC x 0.021 


    အကယ်၍ Calcium Soil များအပေါ်ယံတွင် ထုံးပါဝင်မှုတွေ့ရှိပါက ဂျစ်ပဆန်အစား ကန့်မှုန့်ထည့်သွင်းနိုင်ပါသည်။ ကန့်သည် မြေဆီလွှာအစိုဓါတ်နှင့် လေဝင်လေထွက်ကောင်းလျှင် ဘတ်တီးရီးယားများ၏ အကူအညီဖြင့် ကန့်ငရဲမီး(H2SO4)သို့ ဓါတ်တိုးပြီး ထုံးနှင့်ဓါတ်ပြု၍ ရေပျော် ကယ်လဆီယမ်ဆာဖိတ်ပုံစံဖြင့် မလိုလားအပ်သော ကယ်လဆီယမ်များကို ဖလှယ်ထုတ်နိုင်ပါသည်။ ကန့်မှုန့်၏ အာနိသင်သည် ဂျစ်ပဆန်၏အာနိသင်ထက် (၅)ဆ ပိုများသဖြင့် လိုအပ်သည့်ဂျစ်ပဆန်တန်ချိန်ကို (၅)နှင့်စားပြီး တစ်ဧကထည့်သွင်းရမည့် ကန့်မှုန့် ပမာဏတန်ချိန်ကို ရရှိစေပါသည်။ ၎င်းတို့ကို ထည့်သွင်းသည့်အခါတိုင်း ထည့်သွင်းရမည့်ပမာဏ၏ (၇၅) ရာခိုင်နှုန်းကို မြေဆီလွှာ၏ အလိုရှိသည့်နေရာအနက်သို့ ရောက်အောင် ထယ်ထိုးထွန်မွှေ ထည့်သွင်းပြီးမှ ကျန်(၂၅) ရာခိုင်နှုန်းကို အပေါ်ယံတွင် ကြဲပက်၍ ထွန်ပါးပါးဝင်သင့်ပါသည်။ ထို့နောက်မှ သွင်းရေသွင်း၍ မလိုလားအပ်သော ဆိုဒီယမ်များကို သွင်းရေနှင့်အတူ ပျော်ဝင်စိမ့်ဝင် စီးဆင်းစေရမည်ဖြစ်သည်။ ယေဘူယျအားဖြင့် ဂျစ်ပဆန်ကို တစ်ဧကလျှင် တစ်တန်ထည့်တိုင်း သွင်းရေတစ်ဧက ပမာဏ သွင်းပေးရန် လိုအပ်သည်။ ဤနည်းအတိုင်း ဆားပေါက်မြေများကို ပြုပြင်နိုင်သည်။ ထို့အပြင် ဆွေးမြေ့ရန် အချိန်ကြာသော ကြမ်းတမ်းသည့် အော်ဂဲနစ်ပစ္စည်းများ-ဥပမာ - ကောက်ရိုး၊ပြောင်းရိုး၊လွှစာမှုန့် တို့ကို ထည့်သွင်းပေးခြင်းဖြင့် အကျိုးသက်ရောက်မှု ပိုမိုကောင်းစေပါသည်။ သွင်းရေ၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ပါသည်။ 


    စိုက်ပျိုးရေးဦးစီးဌာန၊မြေအသုံးချရေဌာနခွဲ 


  • article
likes
15
comments
0
views
3616
cover
cover
cover
cover
cover