ငရုတ်ပင်ညှိုးရောဂါ
ဗိလပ်လို ဆော့သမ်းဘလိုက်(Southern Blight ) လို့ခေါ်ပါတယ်။ မြန်မာလိုကတော့ ပင်ခြေပုပ်လို့ အလွယ်ခေါ်နိုင်ပါတယ်။ ညှိုးပြီးသေတဲ့ အပင်တွေရဲ့ အမြစ်နဲ့ပင်ခြေမှာ အဖြူရောင်မှိုမျှင်တွေ မြင်တွေ့ရပါတယ်။ ဘာကြောင့်ကျတာလဲဆိုတော့ ရာသီဥတုကတော့ အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ ထယ်ရေးကိုင်တုန်းက ထယ်ရေးပြည့်ပြည့်ဝဝ မခြောက်ခဲ့တာလည်း ပါပါသည်။ မြေကြီးထဲမှာ မှိုမျိုးစေ့တွေ ခိုအောင်းနေရင်း အချိန်တစ်ခုအနေအထားတစ်ခုကို ရောက်တဲ့အချိန်မှာ ထပေါက်ကွဲသည့် ချိန်ကိုက်ဗုံးတစ်လုံးနှယ်ပင် တူလှသည်။ တချို့ဆို ဒီရောဂါနှိပ်စက်လို့ မနက်ဖြန်လို ငရုတ်သီးခူးဖို့ပြင်ထားတဲ့အပင်က မနက်ကျ အစိမ်းညှိုးကြီး မပြောမဆိုနဲ့ သေနေတာမျိုးကို ရင်နာနာနဲ့ ထိုင်ကြည့်နေရသည်။ ငရုတ်သီးတွေကအပင်မှာဖြိုင်လို့။ နှမြောဖို့အလွန်ကောင်းလှပါသည်။ Sclerotium rolfsii အမည်ရတဲ့ မှိုက ဒီရောဂါကို ဖြစ်ပွားစေတာပါ။ ညှိုးသေသွားတဲ့အပင်တွေကိုတော့ နှုတ်ပစ်ပြီး မီးရှို့ပစ်ရပါမည်။ နောက်နှစ်တော့ ကျွန်တော်တို့ သိုင်ရမ်၊ သိုင်အိုဖိနိတ်မီသိုင်းတို့ နဲ့ မြေကြီး မှိုကင်းအောင် ထယ်ရေးထွန်ရေးကိုင်ကတည်းက မြေပြင်ကို ဖြန်းထားသင့်သည်။ထရိုင်ဂိုဒါးမားဆိုတဲ့ မှိုကို မှိုနဲ့ တိုက်တဲ့ မှိုသတ်ဆေးမျိုးတွေလည်းအသုံးပြုနိုင်ပါတယ်။ ရေမဝပ်အောင် ရေခါမြောင်းတွေ ကောင်းမှဖြစ်မည်။ တစ်ခင်းမှတစ်ခင်းလည်း ကူးတတ်တာဆိုတော့ သူ့ခင်းကိုယ့်ခင်း ရေခါထုတ်ခြင်းတွေပါရှောင်ကြဉ်မှဖြစ်မည်။ ဒီနှစ်အဲ့ဒီရောဂါကျထားတဲ့ အကွက်မှာ နောက်နှစ်ငရုတ်ပြန်မစိုက်သင့်ပါ။ ခရမ်း၊ကြက်သွန်၊ အာလူး၊ပဲ ၊ ရုံးပတီ တို့လည်း မစိုက်သင့်ပါ။ ပြောင်းစိုက်ပြီး သီးလှည့်သင့်ပါသည်။ မြေသားကျန်းမာအောင် ထယ်ရေးထွန်ရေးခြောက်အောင် ပြင်ဆင်ထားသင့်ပါသည်။
ဓါတုဆေး အသုံးပြုလိုပါက ဘာလစ်ဒါမိုင်ဇင် ( Validamycin)၊ အဇိုဆီ စတိုဗင် ( Azoxystrobin)၊ Hymenxazol ( ဟိုင်မာန်ဇာဆိုး), Thiophanate methyl (သိုင်အိုဖီးနိတ် မီသိုင်း) , ပါတဲ့ ဆေးအုပ်စုဝင် တစ်မျိုးမျိုးကို ဆေးထုပ်ပါ အညွှန်းအတိုင်း ဖျန်းပေးပါ။
မြေကြီးထဲမှာ ဆယ်နှစ်လောက်ကြာအောင် နေနိုင်တာကြောင့် နောက်နှစ်သီးနှံစိုက်တော့မယ်ဆိုရင် မျိုးစေ့ကို ထရိုင်ဒါးမားမှို နဲ့ လူးနယ်စိုက်ပျိုးသင့်ပါသည်။
ကိုးကား-
https://www.plantdoctor.eastwestseed.com/diagnostic-key/southern-blight-sclerotium-stem-rot-0
Htwettoe Long Crop Guide