cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းသုံး ကုလားပဲအုပ်စု လက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာ

. ဈေးကွက်
ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးဆက်လက်မြင့်တက်နိုင်ခြင်း မရှိသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ မေလဆန်းပိုင်း ထက် ဈေးမြင့်တက်လာရာ ကု လားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ နီးပါးထိဈေးမြင့်တက် လာကြောင်း
  • ပြည်တွင်းသုံး ကုလားပဲ အုပ်စုလက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရ သည်။

     ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးဆက်လက်မြင့်တက်နိုင်ခြင်း မရှိသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ မေလဆန်းပိုင်း ထက် ဈေးမြင့်တက်လာရာ ကု လားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ နီးပါးထိဈေးမြင့်တက် လာကြောင်း ပို့ကုန်မတ်ပဲဈေးမှာ အနည်းငယ်ပြန်လည်အေးသွားပြီး တစ်အိတ်လျှင် ငွေကျပ်၂၂၀၀၀၀ ခန့်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုခါမုန်တိုင်းကြောင့် နှမ်းစိုက်ခင်း အချို့ ပျက်စီးမှုရှိတာကြောင့် နှမ်း မျိုးစုံဈေးကွက် ပြန်လည်မြင့်တက် လာရာ နှမ်းသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အထက် ပြန်လည်ရောက်ရှိလာ ကြောင်း မြေပဲအနီလုံးဆန်မှာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ ၈၅၀၀ခန့်ဖြင့် ဈေးတည်ငြိမ်နေ ကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

    ``ပို့ကုန်ပဲများအပါအဝင် ပဲမျိုးစုံ ဈေးကွက် အမြင့်ဆုံးဈေး တန်းနဲ့ တည်ငြိမ်နေပါတယ်၊ ပြည် တွင်းသုံးကုလားပဲ ဗွီတူးကုလား ပဲတစ်အိတ် ငွေကျပ် ၂၃၈ç၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၈ç၀၀၀၊ ထိုင်ဝမ် ကုလားပဲ ငွေကျပ် ၂၃၄ç၀၀၀ အသီးသီးပေါက်ဈေးရှိသော်လည်း အဝယ်သာရှိပါတယ်။ အရောင်း သမားတွေက ထိန်းပြီးရောင်းနေ တယ်။ လက်ရှိကုလားပဲဈေးတန်း မှာ အတက် ၁၀၀၀၊အကျ ၁၀၀၀ လောက်နဲ့ပဲ ဆက်သွားမှာပါ။ ပို့ ကုန်ပဲတွေမှာ မတ်ပဲဈေးကတော့ ဈေးအနည်းငယ် ပြန်အေးနေပါ တယ်၊မတ်ပဲပြည်တွင်း အဝယ် သမားက တစ်အိတ် ငွေကျပ် ၂၂၀ç၀၀၀လောက်သာ ဝယ်ယူလို ပါတယ်။ ဈေးကွက်ကျဆင်းနေ တဲ့နှမ်းမျိုးစုံဈေးကွက် ပြန်လည် ကောင်းမွန်လာပါတယ်၊ နှမ်းနက် တစ်အိတ် ငွေကျပ်သုံးသိန်းအထက် ပြန်ရောက်လာပါတယ်။ မိုခါမုန် တိုင်းကြောင့် နှမ်းစိုက်ခင်းအချို့ ပျက်စီးမှုရှိပြီး ပြန်လည်စိုက်ပျိုး ရတာကြောင့် ယခုလိုဈေးတက် လာခြင်းဖြစ်ပါတယ်။ပြည်တွင်း သုံး ပဲမာလိုင်းတွေကတော့ ဈေး ငြိမ်နေပါတယ်။ မြေပဲဆန်များ အဝင်များပေမယ့် ဈေးကွက် အတွင်း အရောင်းအဝယ် ခပ်သွက် သွက်ဖြစ်နေပါတယ်။ အနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၈၀၀၀-၈၅၀၀လောက် ပေါက်ဈေးရှိပါ တယ်။ ပို့ကုန်ပဲတွေအနေနဲ့ ပြည် တွင်းလက်ကျန်နည်းလာတော့ အရောင်းသမားတွေက ထိန်းရောင်း နေပါတယ်´´ဟု၎င်းကပြောသည်။   

     မေ ၂၅ ရက်တွင် ပို့ကုန်မတ် ပဲ ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀၊ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ်၂၅၂၀၀၀၊ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၉၂၀၀၀ ပေါက်ဈေးသာ ရှိပြီး ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ တစ် အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ဝန်း ကျင် ဆက်လက်ဈေးမြင့်တက်လာ ကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးအေးသွားသော်လည်း ကုလား ပဲအုပ်စုမှာ ဈေးမြင့်တက်လာရာ မေ ၂၅ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင်ငွေကျပ် ၂၃၈၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ထိုင်ဝမ်ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၂၄၀၀၀၊ 929 ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၇၀၀၀ ပေါက်ဈေး၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၇၃၀၀၀၊ ပဲထော ပတ်တစ်အိတ် ငွေကျပ် ၂၇၀၀၀၀၊မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၉၅၀၀၀-၃၀၀၀၀၀၊မြေပဲအနီလုံးဆန် တစ် ပိဿာ ငွေကျပ် ၈၀၀၀-၈၂၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ် မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes9comments0
views1825
cover
cover
cover
cover
cover