cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးရာသီ မှာ ကွမ်းစိုက်တောင်သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ ရိုးမဲ အဆစ်ပြုတ် ရောဂါ

. ရောဂါ
- ထိုရောဂါ ကျရောက်ခဲ့ရင် မြေပြင်နှင့် ကပ်လျက်ရှိသော အရွက်တွင် စက်ဝိုင်းပုံ ရေစိုနာကွက်များ အရွက်၏ဘေးအနားမှ စတင်ဖြစ်ပေါ်နေသည်ကို တွေ့ရပါတယ်။


  • - ရောဂါကျနေတဲ့ ပင်စည် ဆစ်ကြားများသည် ပျော့ပုပ်ဆွေးရိနေသောကြောင့် ဖြူဖွေးထူထပ်သော ဝါဂွမ်းဆုပ်နှင့်တူသည့် မှိုမျှင်စုများ ဖုံးအုပ်ထားသည် ကိုတွေ့မြင်နိုင်သည်။


    - ရောဂါကျရောက်နေသော အပင်၏ အမြစ်များသည် ပုံစံပျက်ပြီး ပုပ်နေသောကြောင့် အပင်အတွက် လိုအပ်သည့် အာဟာရနှင့် ရေကို ကောင်းစွာ မထောက်ပံ့ပေးနိုင်ပါ။


    - အပင်အမြင့် (၂-၃) ပေအတွင်းရှိသော အရွက်များတွင် အရွက်ပုပ်နေသည့် လက္ခဏာကို တွေ့ရသည်။ ကာကွယ်နှိမ်နင်းခြင်း


    1. ကွမ်းရိုးမဲ ဆစ်ပြုတ်ရောဂါ ကျရောက်ခဲ့ရင် ရောဂါကင်း၍ အနည်းဆုံး တစ်နှစ်ကျော် သက်တမ်းရှိတဲ့ မျိုးကိုင်းကို အသုံးပြုပေးပါ။


    2. စိုက်ခင်းထဲတွင်ရှိသော ပင်ကြွင်းပင်ကျန်များကို သေချာ ရှင်းလင်းပေးဖို့လိုအပ်ပါတယ်။ ရေသွင်းရေထုတ်ကို မှန်မှန်ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။


    3. Dimethomorph, Cymoxanil, Mitalaxyl, Ridomil, Fosetyl AL ပါတဲ့ ဆေးအုပ်စုဝင် တစ်မျိုးမျိုးကို သုံးပေးပါ။


     References- MOALI Agricultural Study Blog



  • article
likes
29
comments
1
views
3928
cover
cover
cover
cover
cover