cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှစ်လကျော်အတွင်း ပြည်ပသို့ပဲတီစိမ်းတန်ချိန်တစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့ ခြင်းဖြစ်

. ဈေးကွက်
ဇွန်၂ ရက်အထိ မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲစိမ်းတန်ချိန် ၁၁၇,၂၀၁ တန်ကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့
  • လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲစိမ်းတန်ချိန် တစ်သိန်းကျော် တင်ပို့ထားရာ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ စီးပွားကူးသန်းရဲ့အချက်လက်တွေအရ သိရပါတယ်။

    ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် မှ ဇွန်၂ ရက်အထိ မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲစိမ်းတန်ချိန် ၁၁၇,၂၀၁ တန်ကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၇၆.၆၃၉ သန်းကျော် ဝင်ငွေရရှိခဲ့တာလို့ သိရပါတယ်။

    အလားတူကာလအတွင်းမှာပင် ပဲတီစိမ်းအပါအဝင် ပဲနှင့် ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၃၁၀,၅၇၃ တန်ကျော်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

    ထိုကဲ့သို့ ပြည်ပတင်ပို့မှုတွင် ပဲတီစိမ်းကို တရုတ်နိုင်ငံကိုပဲ အများဆုံးတင်ပို့တာဖြစ်ပြီး အီးယူနိုင်ငံတွေကိုတော့ ပဲပင်ပေါက်ဖောက်တဲ့ပဲကို တင်ပို့တယ်လို့ သိရပါတယ်။

    ပဲတီစိမ်းကို မြန်မာနိုင်ငံအတွင်းက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း နဲ့ ရန်ကုန် တိုင်းတို့မှာ အဓိကစိုက်ပျိုးထွက်ရှိတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၂-၂၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းက ထွက်ရှိတဲ့ ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁.၉၁ သန်းကျော် ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး ထိုထဲမှာ ပဲတီစိမ်းတန်ချိန် ၆၉၁,၃၉၉ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။

    အောင်အောင်

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments1
views2376
cover
cover
cover
cover
cover