ရော်ဘာတန်းကြား ကြားသီးနှံစိုက်ပျိုးခြင်း
- ရော်ဘာစတင်စိုက်ပျိုးပြီး အချိန်မှစ၍ အစေးထုတ်လုပ်ချိန်ကာလ မတိုင်ခင်အထိ ထိန်းသိမ်းချိန် ကာလအတွင်း တောင်သူများ၌ ဝင်ငွေရရှိစေရန်နှင့် ရော်ဘာစိုက်ပျိုး ထိန်းသိမ်းခြင်း ကုန်ကျစရိတ်အား သက်သာစေရန် ကြားသီးနှံ စိုက်ပျိုးကြပါသည်။ - စိုက်ပျိုးသင့်သည့်ကြားသီးနှံ - နှစ်ချင်းသီးနှံများ - ယေဘုယျအားဖြင့် ရေမြေဒေသနှင့်သင့်တော်ပြီး အထွက်ကောင်းသောမျိုးကို ရွေးချယ်စိုက်ပျိုးရန်- - ပထမဦးစားပေးသီးနှံများ - မြေပဲ၊ ဖရဲ - ဒုတိယဦးစားပေးသီးနှံများ - ဟင်းသီးဟင်းရွက် - တတိယဦးစားပေးသီးနှံများ - ပန်း၊ ကန်စွန်းဥ၊ ယာစပါး - ဖော်ပြပါသီးနှံများကို ရော်ဘာပင်၏ ပထမသက်တမ်း ကာလတွင် စိုက်ပျိုးသင့်ပါသည်။ - နှစ်ရှည်သီးနှံများ - အရေးကြီးသည်မှာလောင်းရိပ်ဒဏ်ခံနိုင်ပြီး အထွက်နှုန်းသင့်တင့်သော မျိုးဖြစ်ရန်လိုပါသည်။ - ပထမဦးစားပေးသီးနှံများ - နာနတ်၊ ကွမ်း - ဒုတိယဦးစားပေးသီးနှံများ - ငရုတ်ကောင်း၊ ငှက်ပျော - တတိယဦးသားပေးသီးနှံများ - ကော်ဖီ၊ လက်ဖက် - ဖော်ပြပါသီးနှံများကို ရော်ဘာပင်၏ပထမသက်တမ်းကာလတွင် စိုက်ပျိုးသင့်ပါသည်။ - ရော်ဘာပင် စိုက်ပျိုးစဉ်ကပင် ရော်ဘာပင်တန်းကြားတွင် ဝင်ငွေရကြားသီးနှံ စိုက်ပျိုးနိုင်ရေးကို ရည်ရွယ်ချက်တစ်ရပ်အဖြစ် ထားရှိသင့်ပါသည်။ - ရော်ဘာပင် စတင်စိုက်ပျိုးသည့်နှစ်မှစ၍ တစ်နှစ်လျှင် မြေသြဇာအနည်းဆုံး(၂)ကြိမ်၊ မိုးဦးတစ်ကြိမ်၊ မိုးနှောင်းတစ်ကြိမ် မဖြစ်မနေ ကျွေးပေးရပါသည်။ ရော်ဘာပင်ကြား ကြားသီးနှံ စိုက်ပျိုးပါက ၎င်းကြားသီးနှံအတွက် မြေသြဇာကျွေးခြင်း၊ ရေပေးသွင်းခြင်း စသည့်လုပ်ငန်းစဉ်များအား စိုက်ပျိုးသည့် သီးနှံပင် အမျိုးအစားကိုလိုက်၍ ရာသီအချိန်မှီ ကျွေးခြင်းများအား ပြုလုပ်ပေးခြင်းဖြင့် ရော်ဘာပင်အတွက် လိုအပ်သည့် မြေသြဇာနှင့် သွင်းရေများကို တစ်ချိန်တည်း ရရှိစေသောကြောင့် ရော်ဘာပင်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါသည်။ - ရော်ဘာကြား ကြားသီးနှံ စိုက်ပျိုးခြင်းဖြင့် စီးပွားရေး အကျိုးအမြတ် ရရှိစေပြီး အစေးခြစ်ရာသီ၌ အချိန်မှီ အစေးထုတ်လုပ်နိုင်ရန်အတွက် ရော်ဘာမျိုးရွေးချယ် စိုက်ပျိုးမှု မှန်ကန်စေရန်နှင့် ပင်ကြားတန်းကြား အကွာအဝေး မှန်ကန်စေမှုမှာ အရေးကြီးပါသည်။ - စိုက်ပျိုးသင့်သည့်မျိုး - BPM 24, PB 260, PB 235 - ပင်ကြားတန်းကြားအကွာအဝေး - ၂၄’ x ၉’ (သို့မဟုတ်) ၂၅’ x ၁၀’ - သို့မှသာကြားသီးနှံစိုက်ပျိုးရန်သင့်တော်သည့် အပြင် ရော်ဘာပင်အတွက်ပါ ထိခိုက်မှုမရှိပဲ အပင်ကြီးထွားမှုအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါမည်။ - ရော်ဘာပင်တန်းကြား ကွမ်းသီးနှံ စိုက်ပျိုးရာတွင် ၂၅’ x ၁၀’ တန်းကြား၌ ကွမ်းတိုင်ကိုပင်ကြားတန်းကြား ၃’ x ၃’ ပတ်လည်စိုက်ပျိုးပေးရပါမည်။ ထိုကဲ့သို့ စိုက်ပျိုးပါက ရော်ဘာတစ်ဧကတွင် ကွမ်းပင် (၄၈၄၀) ပင် ဝင်ဆံ့ပါသည်။ - လာမဲ့အပတ်တွင် အဆင့်မြင့် ရော်ဘာပြား ထုတ်လုပ်ပုံအဆင့်ဆင့်အား ထပ်မံ၍ မျှဝေသွားမည်ဖြစ်ပါသည်။ ယခုရေးသားထားသော အကြောင်းအရာများမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း ‘ဆရာလက်စွဲ’ စာအုပ်မှ ရေးသားမှုများအား ကိုးကား၍ ပြန်လည် ဖော်ပြခြင်းသာဖြစ်ပါသည်။ - ဒေါ်သဲမာ - Dip-Agri (1997) - ရော်ဘာပညာလေ့လာသူ - ထွက်တိုးစိုက်မွေး ဖုန်းဆော့ဝဲ ဒေါင်းလုတ်ရယူရန်- - အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများအဖွဲ့(Facebook)သို့ဝင်ရန်-https://www.facebook.com/groups/2432746880363676/ - ရာဘာစိုက်ပျိုးကြသူများအဖွဲ့(Application)သို့ဝင်ရန်- - https://htwettoe.com/article-details/news/21861605 - ဖြေဆိုနည်း အသေးစိတ်အောက်တွင်ကြည့်ရှုနိုင်ပါသည်။ 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
