cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲဈေး ဆက်တိုက်တက်နေသဖြင့် ဈေးကစားမည်ကို အိန္ဒိယစိုးရိမ်နေ

. ဈေးကွက်
- ဈေးကစားလိုခြင်းမရှိဟု ပဲ/နှမ်းအသင်း အကြောင်းပြန်ထား
  • ဇန်နဝါရီလဆန်းပိုင်းမှာ ကန်ဒေါ်လာ ၇၅၀ ခန့်သာရှိတဲ့ ပဲစဉ်းငုံ ၁ တန်ပေါက်ဈေးက ၆ လကျော်အတွင်း ဒေါ်လာ ၁၂၆၀ အထိ မြင့်တက်လာပြီးနောက် အဓိကဝယ်လက် အိန္ဒိယဘက်က မြန်မာကုန်သည်တွေ ဈေးကစားမှာကို စိုးရိမ်မှုတွေ ရှိလာပါတယ်။

    ‘‘ဈေးတက်နေတာနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရဘက်က မြန်မာပဲ/နှမ်းအသင်းဘက်ကို ကုန်သည်တွေ ဈေးကစားလို့များ ဖြစ်သလား’’ဆိုပြီး မေးမြန်းစုံစမ်းမှုတွေ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

    ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းဖော်ပြချက်အရ ဇန်နဝါရီလ ၁ ရက်နေ့မှာ ၇၄၅ ဒေါ်လာရှိတဲ့ မတ်ပဲ FAQ ဈေးက ဇွန်လ ၂၁ ရက်မှာ ဒေါ်လာ ၁၀၁၀ အထိ ၂၆၅ ဒေါ်လာခန့် မြင့်တက်သွားပြီး ပဲစင်းငုံဈေးနှုန်းလည်း ဒေါ်လာ ၅၁၀ ခန့် ဈေးတက်သွားပါတယ်။

    ‘‘တရိပ်ရိပ်နဲ့ တက်သွားတယ်။ သူ့ရဲ့ ကာလတွေအလိုက် ဈေးတွေတက်နေတဲ့ဟာက ပဲစဉ်းငုံမှာ အများကြီး သိသာတယ်’’လို့ အသင်းတာဝန်ရှိသူက ဆိုပါတယ်။

    အသင်းဘက်က ဈေးကစားဖို့ သိုလှောင်ထားခြင်းမရှိပဲ နှစ်နိုင်ငံ သဘောတူညီချက် MOU အရ သက်မှတ်ပမာဏကို တင်ပို့ပေးနေကြောင်း အကြောင်းပြန်ထားပါတယ်။

    ‘‘ပုံမှန်သူ့ကာလအလိုက် ဒီလ ဘယ်နှစ်တန်ပို့၊ ဘယ်လ ဘယ်နှစ်တန်ပို့၊ အဲ့လိုမျိုးတွေ တွက်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့က သပ်သပ်မရောင်းချင်လို့ ဈေးစောင့်ရင်းနဲ့ ထိန်းထားတာမျိုး မဟုတ်ဘူး။ အဲ့လိုမျိုးဆိုတော့ အသင်းဘက်ရဲ့ သဘောထားကို အကြောင်းပြန်ထားပြီးသား ရှိပါတယ်’’လို့ ၎င်းက ပြောကြားထားပါတယ်။

    စီးပွား/ကူးသန်းရဲ့ အချက်အလက်တွေအရ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၉ ရက်နေ့အထိ ပြည်ပနိုင်ငံတွေထံ ပဲမျိုးစုံတန်ချိန် (၃.၄) သိန်းကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာသန်း (၂၇၀) နီးပါး ရရှိထားပါတယ်။

    သတင်း - BETV Business

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views2248
cover
cover
cover
cover
cover