cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ ခန့်ကျဆင်းလာ

. ဈေးကွက်
စပါးဈေးကွက်တွင် မိုးကြို စပါးများထွက်ရှိခြင်း၊နွေစပါးများ လက်ကျန်များနေခြင်းတို့ကြောင့် စပါးရောင်းချသူ၏ ခေါ်ဈေးသာ ရှိပြီး ဝယ်လက်မှ ဈေးဖွင့်ဝယ်ယူ ခြင်းမရှိဖြစ်နေ၍ ဆန်နှင့် စပါးမှာ အကျဘက်သို့ ဦးတည်နေပြီး ယခုချိန်တွင် စပါးသိုလှောင်ခြင်း၊ ဆန်လှောင်ခြင်းများ မပြုသင့် ကြောင်း ဆန်စပါးကုန်သည်အချို့ က သုံးသပ်သည်။
  • ပြည်တွင်း စားသုံးမှုဆန်ဈေး ကွက်တွင် အများအားဖြင့် ဆန် ချောထက် ဈေးသက်သာသော ဆန်ကြမ်းကို ပိုမိုစားသုံးလာကြ သော်လည်း ယင်းဆန်ကြမ်းဈေး မှာ တစ်ပတ်အတွင်း တစ်ပိုင်းလျှင် ငွေကျပ် ၂၀၀၀ ခန့်ကျဆင်းလာ သည်။

    လာမည့် အောက်တိုဘာတွင် မိုးစပါးများ ထွက်ပေါ်လာတော့ မည်ဖြစ်၍ လာမည့်အချိန်များ၌ ဆန်ဈေးကွက် အကျပိုင်းရောက်ရှိ နိုင်သည်ဟုဆိုသည်။

    ``၁၀လပိုင်းလောက်မှာ မိုး စပါးတွေ ပေါ်တော့မယ်ဆိုတော့ ဆန်ဈေးက အကျဘက်ဖြစ်လာ နိုင်တယ်။ ပြီးခဲ့တဲ့ သင်္ကြန်ပြီးချိန် နောက်ပိုင်း ဆန်ဈေးတွေ ထိုးတက် သွားတော့ လှောင်ကြသူတွေရှိခဲ့ ပေမယ့် ဒါကမူမမှန်တဲ့ ဈေးကွက် လို့ သုံးသပ်တယ်။ဆန်ကြမ်းဈေး ကိုပဲ ဝယ်ကြတာများပေမယ့် ဒီ တစ်ပတ်အတွင်းမှာ ဆန်ကြမ်းဈေး က ကျလာပြီ´´ဟု မန္တလေးမြို့မှ ဆန်ပွဲရုံတစ်ခုက ပြောသည်။

    မန္တလေးဆန်ဈေးကွက်တွင် စစ်ကိုင်းတိုင်းဘက်မှ ထွက်ရှိသော ရွှေဝါထွန်းဆန်၊ ၇၄၇ ဆန်နှင့် ၇၂ ဆန်တို့မှာ စပေါ်လာပြီဖြစ်ပြီး ဆန်ကြမ်းဈေးကွက်တွင် တစ်ပိုင်း လျှင် ငွေကျပ် ၂၀၀၀ ဝန်းကျင် ကျဆင်းလာကြောင်း၊ကမ္ဘာ့ဆန် ဈေးကွက်တွင်လည်း မြန်မာ့ဆန် က ဈေးကွက်အမြင့်ဆုံးဖြစ်နေ၍ နိုင်ငံခြားတင်ပို့မှုမဖြစ်နိုင်သည့် အခြေအနေတွင် ရှိသည်။

    ``ဆန်ဈေးတက်ဖို့က လက်ရှိ အနေအထားမှာ မဖြစ်နိုင်သေးဘူး။ စစ်ကိုင်းဘက်က ဆန်တွေ ထွက် အားကောင်းတယ်ဆိုတော့ ဇွန်လ ကုန်ပိုင်းဆိုရင် ဈေးပြုတ်ကျနိုင် တယ်။ဆန်ဈေးတက်တယ်ဆိုရင် အရောင်းပါးပြီး ဈေးကျမှ ရောင်း အားကောင်းတာပါ။ဈေးတက်ရင် ဆန်ကုန်သည်တွေက သိပ်မလှောင် ကြတော့ဘူး´´ ဟု ဆက်လက် ပြောကြားသည်။

    စပါးဈေးကွက်တွင် မိုးကြို စပါးများထွက်ရှိခြင်း၊နွေစပါးများ လက်ကျန်များနေခြင်းတို့ကြောင့် စပါးရောင်းချသူ၏ ခေါ်ဈေးသာ ရှိပြီး ဝယ်လက်မှ ဈေးဖွင့်ဝယ်ယူ ခြင်းမရှိဖြစ်နေ၍ ဆန်နှင့် စပါးမှာ အကျဘက်သို့ ဦးတည်နေပြီး ယခုချိန်တွင် စပါးသိုလှောင်ခြင်း၊ ဆန်လှောင်ခြင်းများ မပြုသင့် ကြောင်း ဆန်စပါးကုန်သည်အချို့ က သုံးသပ်သည်။

    ရွှေမန်း

    ဤဆောင်းပါးကို မကွေးဂျာနယ် မှကူးယူဖော်ပြပါသည်။


  • article
likes13comments0
views2243
cover
cover
cover
cover
cover