cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဇူလိုင်လ ၂၄ မှ ၂၈ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
-မတ်ပဲစျေး နှစ်ပတ်ဆက်တိုက် မြင့်တက်နေ
-ပဲစင်းငုံနီ ဈေးကွက်အတွင်း အတက်အကျ အပြောင်း အလဲက ထူးခြားစွာ မရှိ
-ကုလားပဲစျေး ဆက်တိုက်မြင့်တက်နေ
-ထောပတ်ပဲစျေး ထပ်ပြီး မြင့်တက်လာပြီးစွန်တာပဲဈေး ပြန်ကျဆင်း
-စားတော်ပဲ အတက်ဈေး နဲ့ ဈေးငြိမ်နေ

  • မတ်ပဲ


    မတ်ပဲကတော့ နှစ်ပတ်ဆက်တိုက်ဈေး မြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို အသစ် အဝင် အနည်းငယ်ရှိနေပြီး အဝင်ရှိသလောက် အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ငွေစက္ကူဂယက်ကြောင့် ကုန်သည်များက စောင့်ကြည့်နေကြတဲ့အတွက် အဝယ်ရှိနေပေမယ့် အရောင်းကတော့ မရှိဘူးလို့ ကုန်သည်အချို့က ဆိုပါတယ်။ ဈေးကွက်အတွင်း ပဲလက်ကျန်လည်း သိပ်မရှိတဲ့ အတွက် ဈေးအတက်အကျ ကတော့ အများကြီး မရှိပေမယ့် နေ့စဉ် ငွေလဲလှယ်ပေါက်ဈေးနှုန်းအတိုင်းတော့ ပြောင်းလဲနေတဲ့အခြေအနေ ဖြစ်ပါတယ်။


    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၂၉၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀၀ နီးပါးဈေး မြင့်တက်လာပါတယ်။


    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၀၀၀၀ ကနေ ၂၂၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။


    ပဲစင်းငုံနီ


    ပဲစင်းငုံနီကတော့ ဈေးကွက်အတွင်း လက်ကျန်လည်း မရှိတဲ့အတွက် အရောင်းအဝယ်လည်း မရှိသလို ငွေဈေးကြောင့် အတက်အကျ အပြောင်းအလဲကလည်း ထူးခြားစွာ မရှိသည်ကို တွေ့ရပါတယ်။အိန္ဒိယနိုင်ငံ မှာမုတ်သုံကြောင့် မိုးစိုက်ပဲ ဧက လျော့နည်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ပဲဈေး ကို ထိန်းချုပ်ရန်အတွက် အိန္ဒိယအစိုးရက အမျိုးမျိုးလုပ်ဆောင်နေခဲ့ပြီး ပြည်တွင်းမှာတော့ လက်တလော အခြေအနေအရ ငြိမ်နေတဲ့ အခြေအနေ လို့ သတ်မှတ်ရနိုင်ပါတယ်။


    ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို သိန်း ၃၀ ပတ်ချာလည် နဲ့ ၂ ပတ်ဆက်တိုက် ဈေးငြိမ်နေခဲ့ပါတယ်။


    မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်ပါဘူး။


    ကုလားပဲ


    ကုလားပဲကတော့ ဆက်တိုက်ဈေး မြင့်တက်နေပါတယ်။ ငွေကျပ် ၂ သောင်းတန် ဂယက်ကြောင့် ဈေး မြင့်တက်ပေမယ့် ဈေးကွက်ထဲကို အဝင်နည်းနေပြီး အဝယ်သွက်နေတဲ့အတွက် ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်.။ ပြည်ပကနေတဆင့် ပြန်လည် တင်သွင်းရောင်းချပေမယ့်လည်း လက်ရှိ တည်ငြိမ်မှု မရှိတဲ့ ငွေဈေး ကြောင့် ဈေးက ကျဆင်းသွားတာမျိုးမရှိဘူးလို့လည်း ကုန်သည်များက ဆိုပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၃၃၀ မှ ၄၄၂၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး မြင့်တက်လာပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၄၁၅ မှ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေး မြင့်တက်လာပါတယ်။


    မန္တလေးဈေးကွက်မှာ ကုလားပဲ(ထိုင်ဝမ်) တစ်အိတ်ကို ၂၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ကျပ်၊ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၂၅၉၀၀၀ မှ ၂၆၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ကုလားပဲ(V2)ကတော့ တစ်အိတ်ကို ၂၅၅၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊V7 ကတော့ တစ်အိတ်ကို ၂၅၇၀၀၀ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။


    ထောပတ်ပဲ


    ထောပတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်က အထိ အမြင့်ဈေး နဲ့ ငြိမ်နေရာမှ ဒီတစ်ပတ်မှာတော့ ထပ်ပြီး ဈေး မြင့်တက်လာပါတယ်။ ပြည်ပ ဝယ်ယူမှု ရှိနေတဲ့အပြင် ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက် ဈေးတွေ ပြန် မြင့်တက်လာတာလို့ သိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၁၇၀ ကျပ် ရှိနေပါတယ်။


    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၈၅၀၀၀ ကနေ ၃၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်ကို ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။


    စွန်တာပဲ


    ဈေးတွေ မြင့်တက်ခဲ့တဲ့ စွန်တာ ပဲကတော့ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အဝင်များနေတဲ့ အတွက်ဈေးတွေ ပြန်ကျဆင်းသွားတာ ဖြစ်ပါတယ်။


    ရန်ကုန်ဈေးကွက် တစ်ပိဿာကို ၂၆၉၅ ကနေ ၂၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။


    မန္တလေးဈေးကွက်မှာတော့ စွန်တာ (ရိုးရိုး)က တစ်အိတ်ကို ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁၀၀၀ ကျပ်၊စွန်တာ(ကသဲ)ကတော့ တစ်အိတ်ကို ၁၆၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    စားတော်ပဲ


    ပြည်တွင်းစားတော်ပဲကတော့ ဈေးကွက်ထဲ လက်ကျန်မရှိတဲ့အတွက် အတက်ဈေး နဲ့ ဈေးငြိမ်သွားခဲ့ပေမယ့် ပြည်ပကနေတဆင့် တင်သွင်းတဲ့ ကနေဒါ နဲ့ ယူကရိန် စားတော်ပဲတို့ကတော့ ဆက်တိုက်ဈေး မြင့်တက်နေ ပါတယ်။ပြည်တွင်း စားသုံးမှု များတဲ့ ပဲ ဖြစ်တဲ့အတွက် လက်ရှိ ပဲဈေးကွက်မှာ အမြင့်ဆုံး ရရှိနေတဲ့ ပဲလည်း ဖြစ်ပါတယ်။


    ပြည်တွင်း စားတော်ပဲ (ကျွန်း)က တစ်အိတ်ကို ၄၀၀၀၀၀ ထိပေါက်ဈေးရှိနေပါတယ်။ ကနေဒါစားတော်ပဲကတော့ တစ်အိတ်ကို ၂၀၀၀၀၀ ကနေ ၂၀၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ ယူကရိန်းစားတော်ပဲကလည်း တစ်အိတ်ကို ၁၈၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။


    ကြက်သွန်နီ


    ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များနေပေမယ့် အနည်းငယ် မြင့်တက်လာပါတယ်။ ငွေကျပ် ၂ သောင်းတန် ဂယက်ကြောင့် ဈေးမြင့်တက်တယ်လို့ ခန့်မှန်းမှုတွေ ရှိပေမယ့် ပွဲတော်ကာလ ဖြစ်တဲ့အတွက် အဝယ်များပြီး ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့ကြက်သွန်ကုန်သည်တွေက ဆိုပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၂၅၀ ပေါက်ဈေးရှိပြိး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၁၅၀ ကျပ်ဈေး မြင့်တက်လာပါတယ်။


    ဈေးကွက်ထဲကို နေ့စဉ် ကြက်သွန်နီ ပိဿာချိန် ၂၅၀၀၀၀ ခန့် အဝင်ရှိနေပါတယ်။


    Exclusive Content For Htwet Toe - ထြက္တိုး


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views2812
cover
cover
cover
cover
cover