ဧရာဝတီတိုင်းမှာ အုန်းသီး ဧက ၄၅၀တိုးချဲ့စိုက်ပျိုးနေ
ဧရာဝတီတိုင်း အတွင်း အသုံးပြုမရတဲ့ ရေနက်ကွင်းတွေကို စက်ကိရိယာတွေအသုံးပြုကာ စိုက်ပျိုးမြေဧရိယာတွေဖော်ထုတ်ပြီး အုန်းသီး ဧက ၄၅၀အထိ တိုးချဲ့စိုက်ပျိုးတာတွေရှိနေကြောင်း သိရပါတယ်။
အဆိုပါ ရေနက်ကွင်းတွေမှာ အုန်းချိုမွှေးအမျိုးအစား အုန်းသီးတွေကို ပြည်တွင်းပြည်ပဈေးကွက်အတွက် ရည်ရွယ်စိုက်ပျိုးနေပြီး အုန်သီးတန်ဖိုးကွင်းဆက်တစ်လျှောက်မြှင့်တင်ရေးစီမံကိန်းအနေနဲ့ ၁နှစ်ကြာစီမံကိန်းထားကာ ကုန်သွယ်မှုမြှင့်ရေးအဖွဲ့ နဲ့ ဧရာဝတီတိုင်းအစိုးရ တို့ပူးပေါင်း လုပ်ဆောင်တဲ့ အုန်းသီးစိုက်ပျိုးရေးစီမံကိန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
အုန်းချိုမွှေးစိုက်ပျိုးတဲ့ စီမံကိန်းကိုလက်ရှိမှာ ဧရာဝတီတိုင်း မအူပင်ခရိုင်မှာအများဆုံး လုပ်ဆောင်တာဖြစ်ပြီး အဲ့ဒီ့စီမံကိန်းမှာ အုန်းသီးကိုသဘာဝအတိုင်းစားသုံးနိုင်ဖို့အပြင် တန်းဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ဖို့အထိ မျှော်မှန်းချက်တွေပါဝင်ကြောင်းသိရပါတယ်။
ဧရာဝတီတိုင်းဟာ မြန်မာမှာ အုန်းပင်စိုက်ပျိုးမှုအများဆုံး ဒေသတစ်ခုဖြစ်ပြီး လက်ရှိမှာ အုန်းပင်စိုက်ဧက ၆သောင်းကျော်ရှိနေတယ်လို့ဆိုပါတယ်။
မြန်မာ တစ်နိုင်ငံလုံးအနေနဲ့ ကတော့ လက်ရှိတိုးချဲ့စိုက်ပျိုးတဲ့ အုန်းပင်များမပါဝင်ပဲ ယခင်စိုက်ပျိုးထုတ်လုပ်မှုကနေ နှစ်စဉ် အုန်းသီးအလုံးရေ ၄၀၀၀ကျော်ထွက်ရှိပြီး အဲ့ဒီ့ထဲက ၈၀ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစားသုံးမှုအနေနဲ့ထားရှိပြီး ပြည်ပကို ၂၀ရာခိုင်နှုန်းခန့်တင်ပို့မှုရှိကြောင်းသိရပါတယ်။
MyanmaPlatform မှကူးယူဖော်ပြပါသည်။
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/