cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဘင်္ဂလားဒေ့ရှ်က မြန်မာ့ကြက်သွန်နီ တန်ချိန် ၂၀၀ ဝယ်ယူမည်

. ဈေးကွက်
ကြက်သွန်နီတန်ချိန် (၂၁,၅၈၀) ထဲက မြန်မာနိုင်ငံအနေနဲ့ ခွဲတမ်းအဖြစ် တန်ချိန် (၂၀၀) တင်ပို့ခွင့် ရရှိခဲ့ပါတယ်။
  • ဘင်္ဂလားဒေ့ရှ်အစိုးရက ကြက်သွန်နီတန်ချိန် (၂၀၀) ကို မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းဖို့ ခွင့်ပြုပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။

    အစိုးရက တင်သွင်းခွင့်ပြုတဲ့ ကြက်သွန်နီတန်ချိန် (၂၁,၅၈၀) ထဲက မြန်မာနိုင်ငံအနေနဲ့ ခွဲတမ်းအဖြစ် တန်ချိန် (၂၀၀) တင်ပို့ခွင့် ရရှိခဲ့ပါတယ်။

    အိန္ဒိယဘက်က ကြက်သွန်နီတင်ပို့မှုအပေါ် အခွန် (၄၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းတွေ မြင့်တက်လာခဲ့ပြီးနောက် ယခုလို မြန်မာအပါအဝင် နိုင်ငံ (၉) ခုကနေ တင်သွင်းမယ့် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့တာပါ။

    မြန်မာနိုင်ငံကလည်း ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ကြက်သွန်နီတန်ချိန် (၁) သိန်းကျော်အထိ တိုးမြှင့်တင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။

    ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ကြက်သွန်နီဈေးက တစ်ပိဿာကို အမြင့်ဆုံး ကျပ် (၃၅၀၀) အထိ ဈေးရနေပြီး ဇူလိုင်လဆန်း ဈေးနှုန်းထက် တစ်ပိဿာ ကျပ် (၁၃၀၀) ကျော်အထိ မြင့်တက်လာပါတယ်။

    စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းများအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပဈေးကွက်ထံ ကြက်သွန်နီတန်ချိန် (၉၄၀၀၀) ခန့် တင်ပို့နိုင်ခဲ့ပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ (၄၁) သန်းကျော် ရရှိထားပါတယ်။

    မြန်မာ့ကြက်သွန်နီ အဓိကဝယ်ယူနေတဲ့ ဖောက်သည်နိုင်ငံတွေထဲမှာ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်ကာပူနဲ့ အမေရိကန်နိုင်တွေ ပါဝင်နေပါတယ်။

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကြက်သွန်စိုက်ဧက (၁၇၀၀၀၀) ကျော်ရှိပြီး ထုတ်လုပ်မှုတန်ချိန် (၁) သန်းခန့် ရှိတယ်လို့ အချက်အလက်တွေအရ သိရှိရပါတယ်။

    သတင်း - BETV Business

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views5260
cover
cover
cover
cover
cover