ရွာသွန်းမြဲထက် ၂ဆ ပိုနိုင်❗️
ငါးဆင်းမိုး (ကန်ဆင်းမိုး)
🌧🌧🌧🌧🌧🌧
၂၀၂၃ စက်တင်ဘာလ ၆ရက်နေ့မှ ၁၄ရက်နေ့အထိ
တနင်္သာရီတိုင်း
မွန်ပြည်နယ်
ကရင်ပြည်နယ်
ရန်ကုန်တိုင်း
ပဲခူးတိုင်း
ဧရာဝတီတိုင်း
နေပြည်တော်
မကွေးတိုင်း
မန္တလေးတိုင်း စစ်ကိုင်းတိုင်းနှင့်ရှမ်းပြည်နယ်ဒေသတွေမှာ မိုးတွေဆက်တိုက်ရွာနိုင်ပါတယ်
🌧🌧🌧🌧🌧
တော်သလင်းလဘွဲ့
ရေယဉ်စန်းငယ်နှင့်
သောင်ကမ်းငယ်ပြည့်လျှံ
မြစ်လုံးငယ်ညံသည်
လှော်တက်သံမြိုင်မြိုင်နှင့်
လှေပြိုင်ကျင်းတဲ့ လကိုလေး။
ကန်ရာသီငယ်
ခါမှီသင့်စွာ၊ ဘွေအာကာတွင်
ပြုဗ္ဗာပရပိုက်
ကြက်ညီနောင် တောင်တဝိုက်
ရေလိုက်ကဲ့သဘင်
စံပယ်ရွှင်သောခါ
မြိုင်ခွင်လုံးကန္တာမှာ
ရွှေယင်းမာ ပန်းတော်မင်းငယ်က
သင်းလှတယ်လေး။
by မဟာအတုလမင်းကြီး
06/09/2023 10:22am(MMT)
၂၀၂၃ စက်တင်ဘာလ ၆ရက်နေ့မှ ၃၀ရက်နေ့အတွင်း
နေပြည်တော်
ရမည်းသင်းခရိုင်
မိတ္ထီလာခရိုင်
ကျောက်ဆည်ခရိုင်
ဒေသတွေမှာ ရွာသွန်းမြဲထက်
၂ဆပိုမိုရွာသွန်းနိုင်ပါတယ်
06/09/2023 12:20pm(MMT)
2023 October
Weather forecast
၂၀၂၃ အောက်တိုဘာလ ပထမ၂၅ရက်နေ့အတွင်း
တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်းဧရာဝတီတိုင်း ဒေသကြီးတွေမှာ မိုးရွာနိုင်ပါသေးတယ် အောက်တိုဘာလ ၁၅ရက်နေ့နောက်ပိုင်းမှသာ မိုးလေကင်းစင်သွားနိုင်ပါတယ်
06/09/2023 12:34pm(MMT)
မြန်မာ့ဆောင်းရာသီ
၂၀၂၃ နိုဝင်ဘာလမှ ၂၀၂၄ ဖေဖော်ဝါရီလအတွင်း
ရာသီဥတုကြည်လင်သာယာ
ဆောင်းသီးနှံအကြိုက်ဖြစ်ပါလိမ့်မယ်
06/09/2023 12:43pm(MMT)
မင်း ဂွတ် သီး Su Su San
Senior Meteorologist & Advanced Weather Forecaster မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2