cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှင်းဆီပင်မြေထုပ်စည်းမျိုးပွားခြင်း (Propagation by Air Layering)

. ကိုင်းကူးကိုင်းဆက်ခြင်းနှင့် အဖူးသွင်းခြင်း
နှင်းဆီပင်မြေထုပ်စည်းမျိုးပွားခြင်း (Propagation by Air Layering)

  • နှင်းဆီစတင်စိုက်ပျိုးစဉ်အခါကပင် အသုံးပြုခဲ့သောနည်းဖြစ်သည်။ အမိပင်မှအစာထောက်ပံ့မှုရရှိနေသောကြောင့် မျိုးပွားရာ၌အောင်မြင်မှုသေချာသောနည်း ဖြစ်သည်။ သို့သော်အဖူးမြှုပ်မျိုးပွားနည်းပေါ်လာသောအခါ နှိုင်းယှဉ်၍ ချို့ယွင်းချက်များတွေ့လာသည့်အတွက် အသုံးပြုမှုနည်းသွားသည်။

    - အဖူးမြှုပ်မျိုးပွားနည်းလောက် အမြစ်အင်အားမကောင်းပေ။ ထို့ကြောင့်နောက်ပိုင်း ကြီးထွားမှုနှေးလာစေသည်။

    - မျိုးပွားပြီးနောက် အမိပင်အားနည်းသွားစေသည်။

    - အပင်တစ်ပင်မှ မျိုးပွားနိုင်သည့်ပင်ပွားအရေအတွက်နည်းသည်။

    - အဖူးမြှုပ်အပင်က ပိုမိုရှင်သန်မှုကောင်းသည်ကိုတွေ့ရသည်။

    တစ်နှစ်သားထက်ကြီးသောကိုင်းသည် အမြစ်ထွက်နည်းသည့်အတွက် မြေထုပ်စည်း အပင်ရေရှည်မကြီးထွားနိုင်ပါ။ ထို့ကြောင့်တစ်နှစ်သားအရွယ် လေးပိုင်းတစ်ပိုင်းလက်မမှ လေးပိုင်းသုံးပိုင်းလက်မလုံးပတ်ရှိ ရောဂါပိုးမွှားကင်း၍ သန်စွမ်းသောနှင်းဆီကိုင်းကိုရွေးချယ်ရမည်။ ကိုင်းဖျားမှတစ်ပေ၊ တစ်ပေခွဲအတွင်း မနုမရင့်ပင်စည်ပိုင်းတွင် ပြုလုပ်နိုင်ပါသည်။

    မြေထုပ်စည်းရာတွင် အမြစ်ထွက်မည့်နေရာ၌ လက်မဝက်တစ်လက်မအကျယ် အခေါက်ရစ်ခွာပြီးအသားနု(Cambium) အလွှာကုန်စင်စေရန် ဓားဖြင့်ခြစ်ပေးပါ သို့မဟုတ် ကိုင်းကိုဓားဖြင့် အောက်မှအထက်သို့ပင့်၍ လက်မဝက်ခန့်လှီးပေးပြီး ဒဏ်ရာစေ့မသွားစေရန်သပ်စ ထည့်သွင်းထားရမည်။ ဒဏ်ရာပြုလုပ်ခြင်းဖြင့်ထိုနေရာ အစာများစုစည်းလာပြီးအမြစ်ထွက်မြန်စေပါသည်။ ထို့နောက်ဒဏ်ရာပေါ်၌ ရေအလောတော်နှင့် နယ်ထားသောမြေလက်နှစ်ဆုပ်ခန့်ဖြင့်အုံပေးရမည်။ အထူးသဖြင့် ဒဏ်ရာအပေါ်ဘက်အစွန်းအား အုပ်မိစေရမည်။ ရေစိမ်ပြီးထုထားသောအုန်းဆံ၊ ပလပ်စတစ်စ၊ ဝါးဆစ်ခွက် စသည်တို့ဖြင့် အပေါ်မှဖုံးအုပ်ကာ ကြိုးဖြင့်ခိုင်မြဲရန်စည်းပေးရမည်။ အစိုဓာတ်မကုန်ဆုံးစေပဲ အစဉ်မပြတ်စိုစေရပါသည်။

    (၄-၆) ပတ်ခန့်အကြာ အမြစ်များထွက်လာသော်အမိပင်မှ ဖြတ်ပေးပြီးအပင်သစ်အဖြစ်စိုက်နိုင်သည်။ အစိုဓာတ်များသော ရာသီဒေသများ၌ဤနည်းဖြင့်အောင်မြင်စွာမျိုးပွားနိုင်သည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် မိုးရာသီအတွင်းမျိုးပွားရန်အသင့်တော်ဆုံးဖြစ်သည်။

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
  • article
  • article
  • article
likes
26
comments
0
views
6367
cover
cover
cover
cover
cover