တနှစ်ကို သိန်း၈၀ကျော်ရရှိနိုင်မယ့် အုန်းချိုမွေးစိုက်ပျိုးနည်း
 
- အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း ၈၀ ကျော်ရရှိနိုင်တယ်။ တစ်လကို ၆ သိန်းကျော် ရပါလိမ့်မယ်။ - အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။ ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါတယ်။ - ၄နှစ် အထက်ဆိုရင် အသီးကောင်းပါမယ်။ အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ့တစ်ပင်ကို ခပ်စိပ်စိပ် စိုက်နိုင်တယ်။ - အုန်းတစ်ပင်နဲ့တစ်ပင် ၅မီတာ(၁၆ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် ၁၆၀ စိုက်လို့ရတယ်။ - အုန်းချိုမွှေးတစ်ခိုင်မှာအလုံး ၅ လုံးမှ ၂၀ လုံးအထိ သီးတယ်။ အုန်းချိုမွှေး အရည်သောက်အရွယ်ကို ရက် ၂၀ မှာ တစ်ခိုင် ခုတ်နိုင်တယ်။ တနှစ်မှာ ၁၈ ခိုင်ရတယ်။ - တစ်ဧက အပင် ၁၆၀ x တစ်နှစ် ၁၈ ခိုင် = ၂၈၈၀ ခိုင်ရမယ်။ တစ်ခိုင်မှာဖျမ်းမျှ ၇ လုံး x တစ်နှစ် တစ်ဧက ၂၈၈၀ ခိုင် = ၂၀၁၆၀ လုံး။ - ထိုင်းနိုင်ငံမှာ ခြံဈေးအကျဆုံးအချိန်က ကျပ်ငွေ ၄၀၀ ဖြစ်တယ်။ တစ်ဧက တစ်နှစ် ၂၀၁၆၀ လုံး x တစ်လုံး ၄၀၀ ကျပ် = ၈၀၆၄၀၀၀ကျပ် - အုန်းချိုမွှေးစိုက်နည်း - ဖားခုံစနစ် စိုက်တာက ပိုကောင်းတယ်။ အရွက်တွေ မထပ်တော့ဘူး။ တစ်တန်းက ၁၆ပေခြား စိုက်ပြီး ဒုတိယအတန်းကို ချန်ထားပြီး။ - တတိယအတန်းကို ပထမအတန်းနဲ့ အတည့်စိုက်ပါ။ ကြားခန်ချန်ထားတဲ့ ဒုတိယတန်းကို စိုက်တဲ့အခါ ပထမအတန်းနဲ့ တတိတန်းနဲ့ အပင်မတည့်အောင် အလည်ကြားမှာ စိုက်ရပါတယ်။ - အုန်းချိုမွှေးကို ၉၁၈ လက်မပြိုးအိတျမှာ ၃လလောက် အရင်ပျိုးပြီးမှ စိုက်ခင်းမှာချစိုက်တာ ပိုကောင်းတယ်။ - (၁) ပျိုးအိတ်မှာ နွားချေး၁ဆ၊ မြေပွ ၁ဆ၊ စပါးခွံ ၁ဆ၊ စပါးမီးသွေး ၁ဆ ရောစပ်ပြီးထည့်ရမယ်။ - (၂) အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးတဘက်ဘက်ကို ကပ်ရမယ်။ အမြစ်က အလည်မှာ ရှိအောင်ဖြစ်တယ်။ အုန်းပင်ကို ၄၅ ဒီဂရီစောင်းထည့်ရမယ်။အုန်းသီးအလုံးကို ၃ ပုံ ၁ ပုံ ဖေါ်ထားရမယ်။ အပင်အရင်းကို မမြှုပ်ရဘူး။ - (၃) ပျိုးအိတ်မှာ ပျိုးထားတဲ့ အုန်းပင်တွေကို စီထားပြီး တစ်ရက်တစ်ခါရေလောင်းပေးရမယ်။ - (၄) စိုက်ခင်းမှာ မြေကျဉ်းတူးတဲ့အခါ အုန်းပင်ချစိုက်လို့ရတဲ့ ကျဉ်းသာသာ အကျယ်တူးပါ။ စိုက်ပြီး အုန်းပင်မြေပြင်ပေါ် ရောက်နေမယ့် အနေအထား အနက်ပဲတူးပါ။ - (၅) စိုက်ကျဉ်းနှုတ်ခမ်းမှာ အုန်းပျိုးပင်ကို ချပြီး ပျိုးအိတ်ဖင်ကို အရင်ဖွင့်ပါ။ - (၆) မြေကျဉ်းမှာ ချတဲ့အခါ နေထွက်တဲ့ဘက်ကို ၄၅ ဒီဂရီ စောင်းချပါ။ - (၇) ပျိုးအိတ်အစောင်းဘက် ပျိုးအိတ်ဘေးကို ဓါးနဲ့ခွဲပါ။ - (၈) တူးထားတဲ့မြေကြီးပေါ်ကို နွားချေးခြောက်ဖြန့်ထည့်ပါ။ - (၉)နွားချေးနဲ တူးမြေကိုဆွပြီး အုန်းပင်ကို ပတ်ပတ်လည်မှာ မြေဖြည့်ထည့်ပါ။ အပင်အရင်းကို မြေမအုပ်လိုက်ရဘူး။ အပင်အရင်း မြေမြှုပ်ရင် အပင်မတက်တော့ဘူး။ - (၁၀)ရေချွဲနေအောင် လောင်းပါ။ - (၁၁) ပျိုးအိတ်ကို တဖြေးဖြေး ဆွဲထုပ်ပါ။ ဒီနည်းက အပင်အမြစ်ကို မနာစေဘူး။ - (၁၂)အုန်းပင်ပတ်ပတ်လည်ကို ကောက်ရိုးနဲ့ အုပ်ထားပါ။ ရေအစိုဓါတ် ထိန်းပေးဖို့ဖြစ်တယ်။ - (၁၃) ၃လတစ်ကြီး နွားချေး၊ ကြက်ချေး၊ သစ်ရွက်ခြောက်၊ စပါးမီးသွေး တစ်ဆစီရောပြီး အပင် အရင်းနဲ့ခွာပြီးမြေကိုတူးဆထည့်ပေးရမယ်။ ပင်ပတ်ပတ်လည် ကျဉ်းပေါက်တွေတူးပြီး မြေသြဇာ ထည့်ပေးရင်ပိုကောင်းတယ်။ - အပင်ကြီးလာရင် ကြီးလာသလို မြေသြဇာကို ခွာပြီးပေးရမယ်။အပင်အမြစ်တွေ များများဖျာထွက်လေအပင်ကြီးနှုန်းကောင်းလေဖြစ်ပါတယ်။ - (၁၄)ရေလောင်းနည်းကတော့ မြေကြီးက ရေစုပ်အားပေါ် မူတည်ပြီး ပေးရပါမယ်။ ပထမအကြိမ် ရေအဝလောင်းပါ။ ၁ ရက် ၂ ရက်တစ်ခါ မြေကြီးကို ကလှော်ကြည့်ပါ။ - ရေအစိုဓါတ် ရှိနေရင် လောင်းစရာမလိုသေးဘူး။ ရေအစိုဓါတ် နည်းသွားတဲ့ ရက်အကြာကိုသတ်မှတ်ပြီး ဘယ်နှစ်ရက်တစ်ခါ ရေလောင်းမလဲဆိုတာကို သတ်မှတ်ရမယ်။ - (၁၅)အရွက်တွေကို လုံးဝမဖြစ်ရဘူး။ အရွက်က မြေသြဇာ အစာချက်လုပ်ပေးတယ်။ အရွက်နည်းရင် အစာချက်နည်းပြီး အပင်မတက်နိုင်ဘူးဖြစ်မယ်။ - အပင်အရင်က အလက်ခြောက်တွေကိုလည်း မဖယ်ဖြစ်ရဘူး။ အပင်ရဲ့အစိုဓါတ်ကို ထိန်းထားပေးတာ ဖြစ်တယ်။ - (၁၆)ရေနဲ့မြေသြဇာကို ပုံမှန်ပေးမယ်ဆိုရင် ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါမယ်။ - အုန်းပင်က အုန်းသီး အုန်းလက် အုန်ခွံ အုန်းမှုတ် အုန်းပင်သစ်သားထုတ်နိုင်လို့ အကုန်ရောင်းလို့ရတဲ့ သီးနှံပင်ဖြစ်တယ်။ - ထိုင်းနိုင်ငံက စိုက်ပျိုးရေးပညာရှင် ဦးထုံးချနရဲ့စိုက်ပျိုးနည်းဖြစ်ပါတယ်။ - Credit:IQ win myint. - ---- - ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
