cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပုစွန်ခြောက်ပြုလုပ်နည်း

. သတင်းစုံ
ပုစွန်ခြောက်တွေဝယ်စားရတာ စျေးကြီးလွန်းနေလား ခုပဲ ကိုယ်တိုင်လုပ်လိုက်ပါ။
  • အရည်အသွေး ကောင်းမွန်ပြီး ဈေးကောင်းရသော ပုစွန်ခြောက်ဆိုသည်မှာ ပုစွန်အရောင်သည် ပန်းရောင်ဖြစ်ပြီး အရသာမှာ ဆားပေါ့ခြင်းဖြစ်သည်။ အရည်အသွေး ကောင်းမွန်သော ပုစွန်ခြောက်ရရှိစေရန် ပုစွန်ပြုတ်ခြင်းနှင့် အခြောက်ခံခြင်းသည် စနစ်ကျရန် အရေးကြီးပါသည်။   သော ပုစွန်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပါ။ ထို့နောက် ပုစွန်ကို ရေစစ်ထားပါ။ ဒန်အိုးအတွင်း ပုစွန်ထည့်ပြီး ပုစွန်မြုပ်ရုံသာ ရေထည့်ပါ။ ထည့်သောရေသည် ရေကြည်ဖြစ်ရမည်။ ပုစွန်တစ်ပိသာလျှင် ဆား(၁၀)ကျပ်သား ထည့်ပါ။ ထို့နောက် မီးဖြင့်ရေဆူသည့်အထိ ပြုတ်ပါ။ ရေဆူသည့် အချိန်တွင် ပုစွန်သည် ပန်းရောင်ဖြစ်လာမည်။ ပုစွန်အသားနှင့် အခွံကွာလာမည်ကို တွေ့ရမည်။ ထိုအချိန်တွင် ပုစွန်အား ဇကာထဲ လောင်းထည့်ပြီး ရေစစ်ထားရပါမည်။  

    ပြုတ်ပြီးသော ပုစွန်များအား နေဖြင့်အခြောက်ခံခြင်း၊ မီးအပူပေးပြီး အခြောက်ခံခြင်းတို့ဖြင့် ဆောင်ရွက်နိုင်သည်။ နေဖြင့်အခြောက်ခံရာတွင် Solor Drying Hut ဖြင့် အခြောက်ခံခြင်းသည် အသင့်တော်ဆုံး ဖြစ်ပါသည်။ နေဖြင့်အခြောက်ခံရာတွင် မကြာခဏ မွှေပေးရမည်။ (၁)ရက်ဖြင့် မခြောက်ပါက (၂)ရက်ထိ နေလှန်းရပါမည်။ မီးပြင်းမပေးရပါ။ ဝါးစကာထဲရှိ ပုစွန်ကို အထက်အောက် (၁၅)မိနစ် တစ်ကြိမ် ပြောင်းပေးရပါမည်။ အနည်းဆုံး (၅)နာရီမှ (၁၀)နာရီအတွင်း ပုစွန်များ ခြောက်သွေ့လာမည်ဖြစ်သည်။  

    ခြောက်သွေ့လာသော ပုစွန်များအား ပီနံအိတ်ထဲထည့်ပြီး ထုရိုက်၍ အခွံချွတ်ပါ။ အခွံနှင့်အသားကို စကာထဲထည့်ပြီး ခွဲထုတ်ပါ။ ရရှိလာသော ပုစွန်ခြောက်အား အေး၍ခြောက်သွေ့သော နေရာတွင် သိမ်းဆည်းနိုင်ပါသည်။ ပုစွန်ခြောက်၏ အရသာသည် ဆားပေါ့ပြီး ပန်းရောင်ကို ရရှိနိုင်ပါသည်။ ပုစွန်အစိမ်း (၁)ပိသာအား ပုစွန်ခြောက် ပြုလုပ်လျှင် ပုစွန်ခြောက် (၁၂)ကျပ်သား မှ (၁၅)ကျပ်သားသာ ရရှိနိုင်ပါသည်။ 

    NAG: Post-harvest Fishery On-Job Training , Trainee Manual မှကူးယူဖော်ပြပါသည်။ 


  • article
  • article
  • article
  • article
  • article
likes
10
comments
0
views
4905
cover
cover
cover
cover
cover