cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သကြားတန်ချိန် ၁၀,၀၀၀ ဝယ်ရန် ဗီယက်နမ် ကမ်းလှမ်း

. ဈေးကွက်
ကြံနဲ့သကြားဝယ်ယူဖို့ ကမ်းလှမ်းမှု တွေရှိပေမယ့် ထုတ်လုပ်နိုင်မှုက နည်းနေသေးတယ်
  • ၂၀၂၃-၂၀၂၄ ကြံရာသီမှာထွက်ရှိတဲ့ သကြားတန်ချိန် ၁၀,၀၀၀ ကို ဗီယက်နမ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထား တယ်လို့ မြန်မာနိုင်ငံ ကြံ၊ သကြားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ တင်ပို့ဖို့အတွက်ကိုတော့ ဈေးနှုန်း တွေ၊ ထွက်ရှိနိုင်မယ့်ရက်နဲ့ သင်္ဘောတင်ပေးနိုင်မယ့်ရက် စတာတွေကို ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ပြည်ပဈေးကွက်မှာတော့ နိုင်ငံတော်တော်များများက မြန်မာနိုင်ငံကထွက်တဲ့ ကြံနဲ့သကြားဝယ်ယူဖို့ ကမ်းလှမ်းမှု တွေရှိပေမယ့် ထုတ်လုပ်နိုင်မှုက နည်းနေသေးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သကြားထွက်ရှိမှုက ပျမ်းမျှ အနေနဲ့ တစ်နှစ်ကို တန်ချိန် လေးသိန်းခွဲလောက်ထွက်ရှိပြီး ဗီယက်နမ်တစ်နိုင်ငံကိုပဲ တင်ပို့တာဖြစ်တဲ့အတွက် ပြည်တွင်းစားသုံးမှုဖူလုံတယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views4114
cover
cover
cover
cover
cover