cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပို့ကုန်ပဲများအနည်းငယ်ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ်ခပ်အေးအေးသာရှိနေ

. ဈေးကွက်
ဒေါ်လာဈေး၊ ယွမ်ဈေး များ မြင့်တက်လာတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာ သော်လည်း လက်ရှိမှာ အမြင့် ဈေးများဖြင့် ဈေးငြိမ်နေကြောင်း၊
  • ဒေါ်လာဈေး၊ယွမ်ဈေး မြင့် တက်လာမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ် ဈေးမြင့်တက်လာသော် လည်း အရောင်းအဝယ် ခပ်အေး အေးသာ ရှိနေကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။

    ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် မှာ ပို့ကုန်ပဲများ အမြင့်ဈေး အတိုင်း ဆက်လက်ရှိနေမည်ဖြစ် သော်လည်း အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေသည်။

    စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ဒေါ်လာဈေး၊ ယွမ်ဈေး များ မြင့်တက်လာတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာ သော်လည်း လက်ရှိမှာ အမြင့် ဈေးများဖြင့် ဈေးငြိမ်နေကြောင်း၊ လက်ကျန်နည်းလွန်းသည့် ပြည် တွင်းသုံးကုလားပဲများမှာလည်း ဈေးမြင့်ခြင်းမရှိသော်လည်း အရောင်းသမားထုတ်ရောင်းမှသာ ဝယ်လို့ရကြောင်း မြေပဲဆန်များ မှာ အသစ်ဝင်ရောက်မှုများကြောင့် ဈေးကျဆင်းနေပြီး အရောင်း အဝယ်သွက်နေကြောင်း ရွှေစင် သိန်းပွဲရုံမှ ဦးကျော်သွင်က ပြော သည်။

    ``စက်တင်ဘာ ၁၂ ရက် ဝန်းကျင်က တက်လာတဲ့ ဒေါ်လာ ဈေး၊ယွမ်ဈေး မြင့်တက်လာတော့ ပို့ကုန်ပဲတွေ ဈေးမြင့်တက်လာ ပေမယ့် ရက်ပိုင်းအတွင်း ဈေးပြန် ငြိမ်နေပါတယ်။ ပဲတီစိမ်းဈေး လည်း ကျဆင်းနေတာ ပြန်တက် မလာသေးပါဘူး။ ပြည်တွင်းသုံး ကုလားပဲကတော့ လက်ကျန် နည်းနေတော့ ရောင်းသမား ထုတ် ရောင်းမှ ဝယ်ရတာမျိုး ဖြစ်နေပါ တယ်။ မတ်ပဲ၊ ပဲစင်းငုံတို့ကတော့ ဈေးအမြင့်နဲ့ ငြိမ်နေပါတယ်။ နှမ်းဈေးကွက်ကလည်း ဈေးငြိမ် နေပါတယ်။မြေပဲဆန်တွေကတော့ အသစ်ဝင်တွေရှိသလို ဈေးမတက် ပေမယ့် အရောင်းအဝယ်သွက်နေ ပါတယ်´´ ဟု ၎င်းက ပြောသည်။

    စက်တင်ဘာ ၁၅ရက်တွင် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂၃၅ç၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၈၅ç၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ဒသမ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ်၁၇၅ç၀၀၀ ပေါက်ဈေးဖြစ်လာသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွား ရာ စက်တင်ဘာ ၁၅ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၆၉၀၀၀၊V7 တစ်အိတ် လျှင် ငွေကျပ်၂၈၁၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၆၈၀၀၀ ပေါက် ဈေး ဖြစ်လာသည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ပဲထောပတ်တစ် အိတ် လျှင် ငွေကျပ်၄၁၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၀၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာငွေကျပ် ၈၈၀၀ ပေါက်ဈေးရှိသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၄၁၀၀၀၀၊နှမ်းညို တစ် အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes11comments0
views8588
cover
cover
cover
cover
cover