cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာဘာအခေါက်ညိုရောဂါ လက္ခဏာ နှင့် ကာကွယ်ကုသနည်း

. ရောဂါ
အခေါက်ညိုရောဂါလက္ခဏာ (Symptom)
  • article
  • ၁။ ရော်ဘာအစေးလှီးခြစ်ရာအစပြုလမ်းကြောင်း အစေးထွက်နေရာမှ တစ်နေရာတွင်အစေးမထွက်ပဲရှိနေတတ်သည်။ အစေးဆက်ထွက်လျှင်လည်းအစေးခံခွက်ထဲ မရောက်မီခဲနေတတ်သည်။ အခေါက်ကြမ်း၊ အခေါက်နုနှစ်မျိုးစလုံး၌ ဖြစ်ပေါ်သည်။

    ၂။ ရော်ဘာအစေးခန်းခြောက်သွားသော (သို့) ရော်ဘာအစေးစီးဆင်းမှုရပ်သွားသောဧရိယာကို စစ်ဆေးကြည့်ပါက ဝါညစ်ညိုရောင်ရှိပြီး (cortex tissue) အခေါက်နုတွင်း၌ ၃-၄ mm ရှိသည့်အညိုနုအစင်းများကို တွေ့ရှိရပါသည်။

    ၃။ ရော်ဘာအစေးလှီးခြစ်ရာအောက်ဘက်ရှိ အခေါက်ကိုခြစ်ကြည့်လျှင် အညိုကွက်၊ အညိုစင်းကို တွေ့ရှိရပါသည်။

    ၄။ ရော်ဘာပင်မှအစေးမခမ်းမီ အစေးရည်ကျဲကျဲလှိုင်လှိုင် ထွက်တတ်သည်။ အစေးခမ်းတိုင်း အခေါက်ညိုရောဂါ မဟုတ်ပါ။

    ၅။ ရောဂါရင့်လာပါက အခေါက်မှာဒေါင်လိုက်အက်ကွဲလာပြီး အဖတ်လိုက်ကွာကျသွားသည်။ အသစ်လဲသောအခေါက်တွင် အသားတိုးဖုများဖြစ်လာပြီး နောက်ထပ်အစေးလှီးခြစ်ရာတွင် အသုံးမဝင်တော့ချေ။ အခေါက်ချောမွေ့မှုမရှိတော့သဖြင့် အစေးခြစ်ရာတွင်လည်းမလွယ်ကူပေ။

    ၆။ အစေးမထွက်တော့ပဲ အစေးလှီးခြစ်ရာတွင်အသံမြည်နေမည်။

    ၇။ အခေါက်သည်နှစ်ထပ်ဖြစ်နေပြီး အတွင်းအခေါက်ကိုခွာထုတ်ကြည့်လျှင် ရော်ဘာအစေးများ စုခဲနေသည်ကို တွေ့ရမည်။ အပေါ်ခေါက်သည် ခြောက်ပြီးမာနေပါသည်။

    ၈။ ရောဂါရနေသောနေရာကို အစေးလှီးခြစ်ကြည့်လျှင် အစေးမထွက်ပါ။ ရော်ဘာစေးထွက်လျှင်ပြတ်တောင်း ပြတ်တောင်းသာထွက်သည်။

    ၉။ ရော်ဘာပင်ငယ်၌ အညိုရောင်အစက်အပျောက်ထွက်သည်ကို တွေ့ရှိလျှင် ဆွဲဖတ်ကိုခွာကြည့်ပါက အချို့အပိုင်းညိုနေသည်ကို တွေ့ရမည်။ ၎င်းအပင်မျိုးကို အစေးမလှီးပဲတစ်လခန့် အနားပေးထားရမည်။ ရောဂါကျရောက်မှုပြင်းပါက ၁-၂ နှစ်ခန့်အနားပေးပြီးမှပြန်၍ ခြစ်ပေးရမည်။

    ၁၀။ ဆိုးဝါးစွာကျလျှင် အစေးလုံးဝမထွက်တော့ပေ။ ဆောင်းရွက်ကြွေကာလပြီးပြီးချင်း Brown Bast ရောဂါကျတတ်ပါသည်။

    အခေါက်ညိုရောဂါလက္ခဏာ ကာကွယ်ကုသနည်း (Control)

    ၁။ ရောဂါကျရောက်မှုမပြင်းထန်ပါက အပင်ကိုတစ်လခန့် အစေးလှီးရပ်ထားရန်လိုပါသည်။ တစ်လခန့်အနားပေး၍ အစေးပြန်ခြစ်လျှင် ကောင်းလာတတ်သည်ကိုတွေ့ရှိရပါသည်။

    ၂။ Panel ပြောင်းမှအစေးပြန်ထွက်တတ်သည့်အတွက် High Panel သို့ပြောင်းခြစ်ကြည့်ပါ။ Brown Bast သေချာလျှင် Panel ပြောင်းခြစ်ကြည့်ပါ။ အစေးမထွက်လျှင် Brown Bast သေချာသည်။ Panel ဟောင်းမှအစေးပြန်ထွက်လျှင် အခြားရောဂါဖြစ်တတ်ပါသည်။

    ၃။ ဒေသပေါက်ရောက်မှုအကြမ်းခံနိုင်သည့်မျိုးကိုရွေးရမည်။

    ၄။ အခေါက်ထူသောမျိုးကိုရွေးရမည်။ Seedling မျိုးထက် Budding မျိုးက Brown Bast ရောဂါပို၍ဖြစ်များသည်။

    ၅။ Tapping system အပိုင်း၌ S2d1 (လုံးပတ်တဝက်နေ့စဉ် အစေးလှီးခြင်း)၊ S2d2 (လုံးပတ်တဝက် တစ်ရက်ခြားအစေးလှီးခြင်း) လှီးခြင်းတို့ထက် S3d3 (လုံးပတ် (၁၂၃) နှင့် တစ်ရက်ခြား) လှီးခြင်းသည် Brown Bast ကာကွယ်ပြီးသားဖြစ်ပါသည်။

    ၆။ ကျွမ်းကျင်သည့်အစေးလှီးသမားရွေးရမည်။

    ၇။ Double tapping မလှီးရပါ။ Infection မဟုတ်၍ကုသ၍မရပါ။ Tapping System သာပြောင်း၍လုပ်နိုင်သည့် ရောဂါဖြစ်ပါသည်။ ရေးသားထားသည့်အကြောင်းအရာမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း (ဆရာလက်စွဲ) စာအုပ်မှရေးသားချက်အား ကိုးကားဖော်ပြထားခြင်းဖြစ်ပါသည်။

    ဒေါ်သဲမာ

    Dip agri (1997)

    ရော်ဘာလေ့လာသူ

    09 978 589 818

    ------

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- http://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes9comments0
views5510
cover
cover
cover
cover
cover