cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
စျေးဆက်တိုက်မြင့်တက်လာ မတ်ပဲ၊ ပဲတီစိမ်း နဲ့ ပဲစင်းငုံကတော့ စျေးငြိမ်နေဆဲ
  • မတ်ပဲက ခုတစ်ပတ်မှာလည်း ဈေးထပ်မံမြင့်တက်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပွဲတော်ကာလဖြစ်လို့ မတ်ပဲလိုအပ်ချက်ကြောင့် အဝယ်သွက်နေပြီး ၊ပြည်တွင်း မှာလည်းမတ်ပဲ လက်ကျန်နည်းတဲ့အတွက် မတ်ပဲစျေးက ဆက်တိုက်မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။

    " မတ်ပဲက အိန္ဒိယ ဘက်က လိုအပ်ချက်ရှိတော့ အဝယ်လိုက်လို့စျေးကောင်းလာတယ်။အစက FOC ၉၀၀ ကျော်ပဲရှိတာ၊အခု ၁၀၀၀ ကျော်အထိပေးလာတော့ စျေးကတက်လာတာပေါ့။အခုကလက်ကျန်ကလည်းအရမ်းနည်းသွားပြီ မရှိတော့ဘူး၊ ဒီစျေးထက်တော့ ထပ်တက်ဖို့သိပ်မရှိပါဘူး၊အခုကိုက အမြင့်စျေးတန်းဖြစ်နေတာပါ " လို့ ကုန်သည်တစ်ဦးက သုံးသပ်ပြောပါတယ်။

    အိန္ဒိယဘက်က မတ်ပဲလိုအပ်ချက်ရှိနေတာကြောင့် လာမယ့် မတ်ပဲအသစ်တွေ ပေါ်ချိန်ဖြစ်တဲ့ မတ် ၊ ဧပြီ လရောက်ရင်လည်း မတ်ပဲစျေးတန်းက တအားကြီးကျဆင်းနိုင်မယ့်အခြေအနေမရှိဘူးလို့ သိရပါတယ် ။

    ဒါပေမယ့် ခုနှစ်မှာ မိုးများလွန်းတဲ့အတွက် စပါးရိတ်ပြီးသော်လည်း လယ်ခင်းထဲမှာ ရေတွေမခမ်းတာကြောင့် မတ်ပဲစိုက်ပျိုးမှုနောက်ကျနိုင်တယ်လို့ သိရပါတယ် ။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်၊ FOB ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၁၀၉၀ မှ ၁၁၀၀ ရှိပြီး တစ်တန်ကို ၃၅ ဒေါ်လာ မြင့်တက်လာပါတယ်။ SQ ကလည်း တစ်တန်ကို သိန်း ၃၂၀၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၉၄၀၀၀ ဈေးမြင့်တက်လာပါတယ်။

    မတ်ပဲ (RAW) ကတော့ တစ်ပိဿာ ကို ၄၈၃၀ မှ ၄၈၇၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်လာပြီး နယ်ဈေးကွက်တွေမှာလည်း မတ်ပဲက တစ်တင်းကို ၉၄၈၀၀ အထိ ရှိလာပါတယ်။

    ပဲစင်းငုံနီကတော့ရန်ကုန်ဈေးကွက်မှာ အောက်တိုဘာလက ဖြစ်ပေါ်ခဲ့တဲ့အမြင့်စျေးတန်းမှာပဲ ဈေးငြိမ်နေဆဲဖြစ် ပါတယ်၊ပဲစဥ်းငုံနီက ပြည်တွင်းမှာ လက်ကျန်မရှိသလောက်နည်းနေတာကြောင့်အရောင်းအဝယ် အေးနေပေမယ့် ပစ္စည်းလက်ကျန်မရှိတဲ့အတွက် စျေးတန်းက ကျမသွားဘဲ အမြင့်စျေးမှာပဲ ငြိမ်နေတာဖြစ်တယ်လို့သိရပါတယ်။

    ပဲစဥ်းငုံနီ အသစ်တွေကလည်း မကြာခင်ရိတ်သိမ်းကြတော့မှာဖြစ်ပြီး ပဲအသစ်တွေပေါ်ရင်လည်း စျေးတန်းက ကျဆင်းနိုင်မယ့်အခြေအနေမရှိဘူးလို့ သိရပါတယ် ။

    " ခုတောင် တစ်သိန်းကျော်တယ်လေ၊ပဲစဥ်းငုံနီကို ဟိုဘက်ကလည်းထပ်မဝယ်တော့ ဘူး၊ဒီမှာလည်းပဲမရှိမှန်းသိတယ်ဒါကြောင့်ထပ်မတက်တာ ၊ ၊ဒီစျေးထက် ထပ်တက်ဖို့က ခက်မယ်၊ပဲစဥ်းငုံကတော့ရှေ့ တစ်လလောက်ထွက်မယ်၊ထွက်လာလည်းစျေးကတန်းမကျလောက်သေးဘူး ဟိုဘက်မှာကလိုအပ်ချက်ကရှိနေသေးတော့လေ၊ဧပြီ မေ လလောက်မှ စျေးတန်းကကျနိုင်မယ် " လို့ ကုန်သည်တစ်ဦးက သုံးသပ်ပြောပါတယ်။

    ခုတပတ် ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီ(RC) တစ်တန်ကို သိန်း ၄၀၇၅၀၀၀ ပေါက်ဈေးရှိပြီး FOB ပေါက်ဈေးကလည်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၃၅၀ မှ ၁၃၇၀ ရှိနေပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ရက်က ပဲစင်းငုံနီ အသစ်ကို ၃၄၀၀၀၀ အထိ ဈေးဖွင့်ထားပေမယ့် နိုဝင်ဘာလ အစမှာတော့ စျေးဖွင့်ထားခြင်းမရှိပါဘူး။

    ပြည်တွင်း စားတော်ပဲက စျေးငြိမ်နေ ပြည်ပအဝင် ကနေဒါစားတော်ပဲကတော့ စျေးထပ်တက်လာပါတယ်။ ဈေးကွက်အတွင်း ပြည်ပအဝင် ကနေဒါ စားတော်ပဲက များပေမယ့် ပြည်တွင်း စားတော်ပဲကတော့ လက်ကျန်မရှိတဲ့ အပြင် အရောင်းအဝယ်လည်း မရှိတာကြောင့် ဈေးကျဆင်းနေတာ ဖြစ်တယ်လို့သိရပါတယ်၊ဒါကြောင့် က‌ေနဒါပဲက အဝယ်သွက်နေပြီး ဈေးကောင်းရရှိနေတာဖြစ်တယ်လို့သိရပါတယ်။

    မန္တလေးဈေးကွက်မှာ ကနေဒါ စားတော်ပဲတွေကတော့ တစ်အိတ်ကို ၂၄၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ ပြည်တွင်း စားတော်ပဲကတော့တစ်အိတ်ကို ၃၂၀၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပြီး စျေးငြိမ်နေပါတယ်။

    နှမ်းမျိုးစုံကလည်း အရင်က နှမ်းကို တရုတ်ဘက်က အက်ဆစ်အောင်တဲ့နှမ်းကိုသာ ရွေးပြီးဝယ်ယူတာကြောင့် အက်ဆစ်အောင်မိုးနှမ်းက စျေးကောင်းရပြီး ကျန်တဲ့အက်ဆစ်မအောင်တဲ့နှမ်းကစျေးနှိမ်ဝယ်ယူခံရလို့ စျေးကျခဲ့ပါတယ်။လက်ရှိမှာတော့ တရုတ်ကို နှမ်းတင်ပို့နိုင်ခြင်းမရှိလို့ စျေးတန်းက ကျနိုင်တယ်လို့ သိရပါတယ် ။

    ခုတပတ်မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၃၃၀၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဝန်းကျင်ဈေးတက်သွားပြီး နှမ်းဖြူ(ရိုးရိုး) ကတော့ တစ်အိတ်ကို ၃၄၅၀၀၀ မှ ၃၇၀၀၀၀ ရှိပြီး တစ်အိတ်ကို ၃၅၀၀၀ ကျပ် တက်လာပါတယ်။ နှမ်းဖြူ(ဂျပန်)ကတော့ တစ်အိတ်ကို ၃၇၀၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။

    နှမ်းညိုကတော့ဈေးကွက်ထဲ အဝင်များပြီး တစ်အိတ်ကို ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    ပဲတီစိမ်းကလည်း တရုတ်နဲ့ ဥရောပနိုင်ငံတွေကိုအဓိကတင်ပို့ရပြီး အဝယ်သွက်ရင် စျေးကောင်း ရကာ အဝယ်အေးရင် စျေးတန်းကအေးသွားတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

    လက်ရှိမှာ ပဲတီစိမ်းကလည်း တရုတ်ဘက်ကို နယ်စပ်ဂိတ်ပေါက်ကနေ တင်ပို့နိုင်ခြင်းမရှိဘဲ ဥရောပနိုင်ငံတွေကိုသာတင်ပို့နိုင် လို့ စျေးတန်းက အရင်တပတ်က စျေးမှာပဲ ဆက်ရှိနေပါတယ်။

    ရန်ကုန် စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါ ၃၆၃၀ ကျပ်၊ပဲတီစိမ်းပဲခူးရွှေဝါက ၃၄၆၅ ကျပ်နဲ့ ပဲတီစိမ်းဝါးခယ်မက တစ်ပိဿာ ၃၃၀၀ ကျပ်ပေါက်စျေးရှိနေပါတယ်။ မန္တလေးစျေးကွက်မှာလည်း ပဲတီစိမ်းအညာ ၁၆၅၀၀၀ ကျပ်နဲ့ ပဲတီစိမ်းရွှေဝါက ၁၄၅၀၀၀ မှ ၁၅၀၀၀၀ ကျပ်ရှိနေပါတယ်။

    ချစ်ခွန်းချို( AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes10comments0
views2927
cover
cover
cover
cover
cover