cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငှက်ပျော ပင်စည်ထိုးကျိုင်းကောင်

. ပိုးမွှား
ငှက်ပျောပင်တွင် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးသည်။
  • Common Name - Banana Weevil 

    Scientific Name - Cosmopolutes sordidius 

    Order - Coleoptera 

    Family - Curculionidae 

     ငှက်ပျောပင်တွင် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးသည်။ အကောင် အရွယ်အစားမှာ ၁ - ၁.၅ စင်တီမီတာ ခန့်ရှိသည်။  

    ဖျက်ဆီးပုံလက္ခဏာ 

    ပိုးလောက်ကောင်သည် ငှက်ပျောအခေါင်းနှင့် အပင်၏ မြေအောက်ပင်စည် အပိုင်းကို ထိုးဖောက်စားသောက်ဖျက်ဆီးသည်။ ထိုးဖောက် ဝင်ရောက် စားသောက်မှုကြောင့် အပင်၏ဆဲလ်အရေအတွက်များစွာ ထိခိုက်ပျက်စီးရသည်။ အပင်ဆဲလ်သေခြင်းကြောင့် မှ အစာအာဟာရ၊ ရေဓာတ်များ စုပ်ယူနိုင်ခြင်းမရှိသောကြောင့် မကြာခင် အပင်သေသွားသည်။ သက်တမ်းရင့်နေသော အပင်ကြီးများမှာ တိုက်ခိုက်ခံရပါက အပင်မှာ လေတိုက်ရုံဖြင့် အလွယ်တကူ လဲသွားနိုင်ပါသည်။  

    ဘဝစက်ဝန်း 

    ကျိုင်းကောင်သည် အပင်အခြေနားတွင် ပင်စည်၏ အပြင်ဆုံး အဖုံးကို ကိုင်းဖြတ်ပြီး ဥတစ်လုံးခြင်းအုသည်။ ဥမှပေါက်သော လောက်ကောင်သည် ငှက်ပျောပင်အခေါင်းကို ထိုးဖောက်စားသောက်လေ့ရှိသည်။ ထို့နောက် ရု့ပ်ဖုံးပြုလုပ်ကာ အကောင်ကြီးဘဝသို့ပြောင်းလဲသည်။ ဥမှ လောက်ကောင် အဆင့်မှာ ၇ ရက်ခန့်၊ လောက်ကောင်မှ ရုပ်ဖုံးအဆင့်မှာ ရက် ၅၀ ခန့်၊ အကောင်ငယ်အဆင့်မှာ ၂ ပတ်မှ ၃ပတ်ထိရှိပြီး အကောင်ကြီးအဆင့်မှာမူ သက်တမ် ၂နှစ်ခန့်ရှိနိုင်သည်။ အမတစ်ကောင်မှာ ဥပေါင်း ၅၀ ခန့် အုနိုင်သည်။ 

    ကာကွယ်နှိမ်နင်းနည်းများ 

    - ငှက်ပျောပင်အဟောင်းများကို အခြေမှခုတ်လှဲပစ်ခြင်းဖြင့် အကောင်ဖြစ်ပေါ်မှုကို ကာကွယ်နိုင်သည်။ 

    - အကောင်ဝင်ရောက်နိုင်ခြင်းမရှိအောင် အပင်အနီးအနားတွင် သန့်ရှင်းအောင်ပြုလုပ်ပါ။ ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းပေးပါ။ 

    - ပုရွက်ဆိတ်များမှာ ကျိုင်းကောင်များ၏ အဓိကရန်သူပိုးဖြစ်သည့်အတွက် ငှက်ပျောပင်တွင် ပုရွက်ဆိတ်တက်ခြင်းကို မပူပန်ပါနှင့်။ 

    - စစိုက်လျှင် ငှက်ပျောပင်ကို ကတုံးတုံးပြီး စိုက်ပျိုးပါ။ မြေအောင်းပိုးသတ်ဆေးကို စစိုက်ကတည်းက မြေမှာ ထည့်သွင်းပေးပါ။ 

    - တမာပိုးသတ်ဆေး ကိုအပင်ခြေမှာ ဖျန်းပေးခြင်းဖြင့် ၎င်းပိုးကောင်ကို ကာကွယ်နိုင်ပါသည်။ 

    - ဓာတုဆေးမျာ အသုံးပြုမည်ဆိုပါက အဆီတာမီပရစ်၊ လမ်ဘ်ဒါဆိုင်ဟေလိုသရင်၊ နီမတုတ်သတ်ဆေး တမျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ 

    Ref: Infonet Biovision Home 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    -------------

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
18
comments
1
views
5324
cover
cover
cover
cover
cover