cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုမည့် ဓာတ်မြေသြဇာများကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းလျက်ရှိ

. သတင်းစုံ
တရုတ်နိုင်ငံမှ တန်ချိန် ၃၅၀၀ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၂၀၀ ကျော်တင်သွင်းခဲ့ကြောင်း သိရပါတယ်။
  • ပြည်တွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်ပနိုင်ငံများကနေ ဓာတ်မြေသြဇာများ တင်သွင်းလျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံကနေ အများဆုံးတင်သွင်းနေရခြင်းဖြစ်ကြောင်း စီးပွားကူးသန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ပြည်ပနိုင်ငံများမှ ဓာတ်မြေသြဇာ တန်ချိန် ၅၇,၇၀၀ ကျော် တင်သွင်းခဲ့ ရာတွင် တရုတ်နိုင်ငံ တစ်နိုင်ငံထဲကနေ ဓာတ်မြေသြဇာ တန်ချိန် ၄၄,၅၀၀ ကျော်အထိ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    အောက်တိုဘာလအတွင်း ပင်လယ်ရေကြောင်းကနေ ဓာတ်မြေသြဇာတင်သွင်းမှုတွင် တရုတ်နိုင်ငံမှ တန်ချိန် ၄၁,၀၀၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၄၀၀၀ ခန့်၊ ဥဇဘတ်ကစ္စတန်နိုင်ငံမှ တန်ချိန် ၃၆၀၀ ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၂၀၀၀ ခန့်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၀၀၀ ခန့်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀၀ ကျော်၊ အင်္ဂလန်နိုင်ငံမှ တန်ချိန် ၅၀၀ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၅၀၀ ခန့်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၄၀၀ ကျော်၊ ဂျာမနီနိုင်ငံမှ ၁၅၀ ကျော် တင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

    အလားတူ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှလည်း ဓာတ်မြေသြဇာ တန်ချိန် ၄၇၀၀ ခန့် တင်သွင်းခဲ့ရာတွင် တရုတ်နိုင်ငံမှ တန်ချိန် ၃၅၀၀ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၂၀၀ ကျော်တင်သွင်းခဲ့ကြောင်း သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes
3
comments
0
views
1680
cover
cover
cover
cover
cover