cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်နှင့်အတူ မြန်မာ့ပဲဈေးကွက် နှစ်ဦးပိုင်းကတည်းက အမြင့်ဈေးဖြစ်နေ

. ဈေးကွက်
အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက် နှင့်အတူ မြန်မာ့ပဲဈေးကွက် နှစ် ဦးပိုင်းမှာကတည်းက အမြင့်ဈေး ဖြစ်နေကြောင်း ပဲ၊ နှမ်း ကုန်သည် များထံမှ သိရသည်။
  • ပြည်တွင်း ပဲလက်ကျန် အဟောင်းများ နည်းပါးလာတာ နှင့်အတူ ပြည်တွင်းကုလားပဲ အုပ်စု ဈေးမြင့်တက်နေပြီး ပို့ကုန် ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ တို့မှာလည်း အိန္ဒိယ၏ လိုအပ် ချက်မြင့်မားမှု သတင်းများကြောင့် အသစ်ဝင်ရောက်မှု မရှိသေးသော် လည်း အမြင့်ဈေးဖြစ်နေကြောင်း၊ သို့သော်လည်း ပဲနှမ်းဈေးကွက် အတွင်းသို့ လမ်းပန်းဆက်သွယ် ရေးခက်ခဲမှုမရှိဘဲ မရောက်လာ မှသာ အရောင်းအဝယ်အဆင်ပြေ နိုင်မည်ဖြစ်ကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြော သည်။

    `` ပြည်တွင်းသုံး ကုလားပဲ အုပ်စုကတော့ လှောင်လက်သမား တွေနဲ့ မန္တလေးမြို့မှာ လက်ကျန် လုံး၀မရှိတော့လို့ ဈေးမြင့်တက် နေပါတယ်။ မတ်ပဲနှင့် ပဲစင်းငုံ ကတော့ နှစ်ဦးပိုင်းမှာကတည်းက စတက်လာတာ အမြင့်ဈေးတွေ ရောက်လာပေမယ့် ဈေးကွက် ထဲကို ပစ္စည်းအဝင်က နည်းပါ သေးတယ်။ ပဲစင်းငုံ အသစ် ဝင်ရောက်မှုက ရာဂဏန်းလောက် ပဲ ဝင်ရောက်သေးတာပါ။ လက် တွေ့ဝယ်ယူမှုအနေနဲ့ ပမာဏ နည်းပါသေးတယ်။ ကြိုရောင်း၊ ကြိုဝယ်ဆိုရင်တော့ အိတ်ရေ ထောင်ချီပြီ ဝယ်နေကြတယ်။ လက်ရှိမှာ အိန္ဒိယဝယ်လိုအား ပမာဏများနိုင်တာမို့လည်း ဝယ် လိုအားက လက်ရှိပေါက်ဈေး ထက် ကျဆင်းစရာမရှိပါဘူး။ သို့ပေမယ့် ဈေးကွက်ထဲကို လမ်း ပန်းဆက်သွယ်ရေးကောင်းကောင်း နဲ့ ချောချောမွေ့မွေ့ ဝင်ရောက်ဖို့ လိုအပ်ပါတယ်´´ ဟု ၎င်းက ပြော သည်။

    ဇန်နဝါရီ ၃ ရက်တွင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၈၆၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ သုံးတင်း တစ်အိတ် လျှင် ငွေကျပ် ၃၁၅၀၀၀ ပေါက် ဈေးရှိနေသည်၊၊ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက် ဈေးဖြင့် ဈေးမြင့်တက်လာသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဇန်နဝါရီ ၃ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၇၇၀၀၀ ပေါက်ဈေးဖြင့် ဈေးဆက်လက် မြင့်တက်လာသည်။

    ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၄၁၀၀၀၀၊ ပဲထောပတ်တစ် အိတ်လျှင် ငွေကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ မြေပဲအနီလုံး ဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၆၉၀၀-၇၀၀၀ ပေါက် ဈေး မြင့်တက်လာသည်။

    ဇန်နဝါဂရီ ၃ ရက်တွင် နှမ်း ဖြူရိုးရိုး ၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၃၄၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ နှမ်းဝါ(သစ်) တစ်အိတ်လျှင် ၂၉၅၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views1114
cover
cover
cover
cover
cover