cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့မှု ပြန်လည်မြင့်တက်လာ🌱🌱

. သတင်းစုံ
အခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းမှာလည်း ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သည့် တစ် သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၁၄၅၀) တန် တင်ပို့ခဲ့ကြောင်း သိရပါတယ်။
  • ကချင်ပြည်နယ်အတွင်းမှထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ တင်ပို့လျက်ရှိရာ အခုနောက် ပိုင်းတွင် တင်ပို့မှုအရေအတွက် ပိုများလာတယ်လို့ သိရပါတယ်။

    ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် တစ်သျှုးငှက်ပျောတင်ပို့သည့် ကုန်တင်ယာဉ်အစီးရေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လပထမပတ်ကထက် လက်ရှိအချိန်မှာ နှစ်ဆနီးပါးတိုးလာကြောင်း ကချင်ပြည် နယ်အဝေးပြေးကုန်စည် ပို့ဆောင် ရေးလုပ်ငန်းရှင်အချို့ထံမှ သိရပါတယ်။

    ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ် နိုင်ငံသို့အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး တရုတ်တစ်နိုင်ငံလုံးသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

    အခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းမှာလည်း ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သည့် တစ် သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၁၄၅၀) တန် တင်ပို့ခဲ့ကြောင်း သိရပါတယ်။

    ကချင်ပြည်နယ်အတွင်းမှာ တစ်သျှူးငှက်ပျောစိုက်ဧက ခြောက်သောင်းကျော်ရှိပြီး ငှက်ပျောစိုက်ပျိုးတင်ပို့သည့် ကုမ္ပဏီစုစုပေါင်း ၂၀ ကျော်ရှိကြောင်း သိရပါတယ်။

    ကချင်ပြည်နယ်အတွင်းမှထွက်ရှိသည့် တစ်သျှူးငှက်ပျောများကိုလည်း တရုတ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ ရောင်းချ နေခြင်းဖြစ်ကြောင်း သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ---------------------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။


  • article
likes10comments0
views1595
cover
cover
cover
cover
cover