အာလူးတွင် အမဲရောင်အခေါင်းပေါက်နှင့် သံချေးကွက်ဖြစ်ခြင်း
အာလူးတွင် အမဲရောင် အခေါင်းပေါက်ဖြစ်ခြင်း
• အာလူးအတွင်းပိုင်းတွင် အောက်ဆီဂျင်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်တတ်သည့် ရောဂါဖြစ်သည်။
• အာလူးကို ထက်ဝက်ပိုင်းကြည့်သည့်အခါ အာလူးအူတိုင် မဲနေသည်ကို တွေ့ရမည်။
• အထက်ပါ လက္ခဏာကို သိုလှောင်ချိန်နှင့် စိုက်ခင်းထဲတွင် စိုစွတ်သောနေရာများ၌ အာလူးများပုံထားခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်သည်။
• တူးဖော်ထားသော အာလူးများနှင့် အခွံများ ပကတိအတိုင်း မဖြစ်တော့သော အာလူးများကို လေဝင်လေထွက်ကောင်းသော နေရာများတွင် ချက်ချင်း မသိုလှောင်ခြင်းကြောင့်ဖြစ်စေ၊ အာလူးအပူချိန်မြင့်လာသည့်အခါ အတွင်းပိုင်းတွင် အောက်ဆီဂျင် မလုံလောက်ခြင်းကြောင့်ဖြစ်စေတတ်သည်။
အမဲရောင် အခေါင်းပေါက်ဖြစ်ခြင်းမှ ကာကွယ်ရန်
• အခွံပကတိ အတိုင်းမဖြစ်တော့သော အာလူးများကို အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်သော အပူချိန်၌ လေဝင်လေထွက် ကောင်းသော နေရာတွင် ချက်ချင်း သိုလှောင်ရန် လိုအပ်ပါသည်။
• အာလူးအပူချိန် မြင့်လာသည့်အခါ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပြီး သိုလှောင်ခန်း အပူချိန် ၂၀-၂၂ ဒီဂရီစင်တီဂရိတ်တွင်သာ ထားရှိရန် လိုအပ်ပါသည်။
အာလူးတွင် သံချေးကွက်ဖြစ်ခြင်း
• အာလူးဥတွင် ကယ်လဆီယံချို့တဲ့ခြင်းနှင့်အတူ အာလူးကြီးထွားမှု ယာယီလုံးဝရပ်တန့်သွားပြီးနောက် နောက်တစ်ကြိမ် တဟုန်ထိုး ကြီးထွားလာခြင်းကြောင့် အာလူးအတွင်းပိုင်းတွင် သံချေးရောင်အကွက်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
• အပူချိန်မြင့်မားခြင်းသည် ဤဖြစ်စဉ်ကို ပိုမိုဆိုးရွားစေသည်။
• ရေငတ်ဒဏ် မခံနိုင်သည့် မျိုးများတွင် အဓိက တွေ့ရတတ်သည်။
Source: Fresh Studio Myanmar EAT/VEG
✦✦✦✦✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်