စပါးပင်တွင် ဆစ်ပိုးကျရောက်ပါက
. ပိုးမွှား
ကာကွယ်နှိမ်နှင်းနည်းများနှင့် ဆစ်ပိုးအကြောင်းအပြည့်အစုံအတွက် Htwet Toe youtube channel မှတဆင့် လေ့လာနိုင်ပါသည်။
ဆစ်ပိုးသည် ပင်စည်ထဲကို ဝင်ပြီး အပင်၏ အစာရေကြောစည်းကို စားသောက်ဖျက်ဆီးသည်။
ဆစ်ပိုးအပေါက်များကို ရေနှင့်ပင်စည်ထိစပ်နေသော နေရာတွင် တွေ့ရသည်။
ကြက်သွန်မြိတ်ကဲ့သို့ လိမ်နေသော စပါးအရွက်များကို တွေ့ရသည်။
ဆစ်ပိုးဥများကို စပါးအရွက်များပေါ်တွင် တွေ့ရသည်။
ပင်စည်ကို ခွဲကြည့်ပါက စားသောက်ဖျက်ဆီးနေသည့် ဆစ်ပိုးလောက်ကောင်ကို တွေ့ရသည်။
ဆစ်ပိုးဖလံကောင်၏ အတောင်ပံတွင် အနက်ရောင် အစက် ၂ စက်ပါရှိသည်။
စပါးနှံထွက်ချိန်တွင် ဆစ်ပိုးကျပါက အနှံဖြူများကို တွေ့ရသည်။
ကာကွယ်နှိမ်နှင်းနည်းများနှင့် ဆစ်ပိုးအကြောင်းအပြည့်အစုံအတွက် လင့်ကိုနှိပ်ပြီး - https://youtu.be/JAicYFoR-oM?si=82706r7B0kiu4f-t လေ့လာနိုင်ပါသည်။
Video ကြည့်ပြီး ကြိုက်နှစ်သက်ပါက Like and Subscribe လုပ်ပေးကြပါအုံးခင်ဗျာ။
130
2213