cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မတ်ပဲရော ပဲစဥ်းငုံနီက စံချိန်တင်မြင့်တက်ပြီး အခြေအနေကနေ စျေးပြန်ကျ

. ဈေးကွက်
စျေးနူန်းတွေအပေါ် သုံးသပ်ချက်
  • ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနူန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။ 

    ဒီတစ်ပတ်မှာတော့  မတ်ပဲရော ပဲစဥ်းငုံနီက စံချိန်တင်မြင့်တက်ပြီး အခြေအနေကနေ  စျေးပြန်ကျခဲ့ပါ တယ်။နှမ်းကလည်း စျေးကျလာပြီး ပြောင်းက ရန်ကုန်စျေးကွက်မှာ အတက်ပြ လာပါ တယ်။

    မတ်ပဲစျေးကွက်

    မတ်ပဲကတော့ ဒီတစ်ပတ် ဖေဖော်ဝါရီလ ပထမပတ်အစမှာ ၃၅ သိန်းကျော်အထိ စံချိန်တင်မြင့်တက် ခဲ့ရာက နေ စျေးတွေ ပြန်ကျ လာပါတယ်။

    အိန္ဒိယက မြန်မာ့မတ်ပဲကိုလိုအပ်ချက်ရှိပြီး ဝယ်လိုအားကောင်းပေမယ့်လည်း မတ်ပဲစျေးမြင့်တက် ချိန် နယ်စုံကနေ ပဲအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှုရှိပြီး ရောင်းလိုအား များလာတာကြောင့် စျေးက အနည်းပြန်ကျလာတာဖြစ်ပါတယ်။ 

    ဒါပေမယ့် အိန္ဒိယက မြန်မာ့နိုင်ငံကနေ မတ်ပဲကို အခွန်ကင်းလွတ်ခွင့်နဲ့ ပဲတင်ပို့ခွင့်ပါလာမယ့်နှစ် မတ်လအထိသက်တမ်းတိုး​မြှင့်ထားသလို အခုဖေဖော်ဝါရီလထဲမှာလည်း မတ်ပဲတန်ချိန်အများအပြား ဝယ်ယူဖို့ရှိတာကြောင့် မတ်ပဲစျေးကွက်က ထပ်ပြီး တက်မယ့် အခြေအနေ ရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ 

     ရန်ကုန် ဘုရင့်နောင်မှာ မတ်ပဲ FAQ တစ်တန်ကို ၃၂၈၄၀၀၀ ကျပ် ရှိပြီး အရင်တစ်ပတ် နဲ့ ယှဥ်ရင် တစ်တန်ကို ၁၂၀၀၀ လောက် စျေးပြန်ကျ ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၁၀၀၀၀ ကျပ်စျေးပေါက်ပြီး ပြီးခဲ့တဲ့ အပတ်က ထက် ၁၀၀၀၀ ကျပ်ဈေးကျလာပါတယ်။ 

    ပဲစဥ်းငုံနီစျေးကွက်

     ပဲစဥ်းငုံနီကလည်း ဒီတစ်ပတ်ပထမရက်အစမှာ စံချိန်တင်နူန်း သိန်း ၄၁ ကျော်အထိ မြင့်တက်ခဲ့ရာကနေ စျေးပြန်ကျတယ်လို့ဆိုနိုင်ပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်တော့ စျေးမကျ ဘဲ တက်လာတဲ့အခြေအနေပါ။

     ပဲစဥ်းငုံနီကို  အိန္ဒိယဘက်ကလိုအပ်ချက်ရှိပြီး ဝယ်လိုအားကောင်းနေတာကြောင့် စျေးကွက်က အများကြီးကျဆင်းနိုင်ဖွယ်မရှိဘူး လို့ ကုန်သည်တွေကသုံးသပ်ထားပါတယ်။

     ဒါ့အပြင် အိန္ဒိယက မြန်မာကနေ ပဲစဥ်းငုံဝယ်ယူဖို့အတွက် စာချုပ်ချုပ်ထားတဲ့ ပမာဏအပြင် ပမာဏထပ်တိုးပြီးဝယ်ယူဖို့လည်း ရှိတဲ့အတွက် ပဲစျေးက သိန်း ၄၀ ကျော်အထိပြန်တက် လာနိုင်တယ်လို့သိရပါတယ်။

     ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၉၈၀၀၀၀ ကျပ်ရှိလို့  ပြီးခဲ့တဲ့အပတ် နဲ့ယှဥ်ရင် ၄၀၀၀၀ ကျပ် အတက်ပြနေပါသေးတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၈၃၀၀၀ ကျပ်  စျေးပေါက်ပြီး အရင်တစ်ပတ်ကထက် တစ်အိတ်ကို ၃၀၀၀ ကျပ်လောက် အတက်ပြပါတယ်။

    ပြောင်းဆံစျေးကွက်

    ပြောင်းဆံစျေးကတော့ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ထပ်ပြီး အနည်းငယ် တက်ရိပ်ပြလာပေမယ့် မန္တလေးစျေး ကွက်မှာ စျေးငြိမ်တာ တွေ့ရ ပါတယ်။

     ပြောင်းဆံကို လက်ရှိ ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ စတင် တင်ပို့မှုရှိနေတာကြောင့် ရန်ကုန် ပြောင်းစျေးက အတက်ပြလာတာဖြစ်ပေမယ့် မန္တလေးအပါ အဝင် အခြား နယ်စျေးတွေ ကတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် စျေးမတက်ဘဲ ငြိမ်နေ ပါတယ်။

     ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၁၅၀ မှ ၁၁၇၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၁၀ ကျပ်ထပ်ပြီး အတက်ပြလာပါတယ်။

     မန္တလေးစျေးကွက်မှာတော့ ၅၄ ပိဿာတစ်အိတ်ကို ပြောင်း (cp) က ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ် ၊ ပြောင်း (ဗမာ) က ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ပြောင်း (ရှမ်း)က ၅၆၀၀၀ မှ ၅၆၅၀၀ ကျပ်ရှိပြီး အပြောင်းအလဲ မရှိ ဈေးငြိမ်နေပါတယ် 

    နှမ်းစျေးကွက်

     ပြည်တွင်း နှမ်းမျိုးစုံစျေးကွက်က တော့ ဒီတစ်ပတ် မန္တလေးစျေးကွက်မှာ နှမ်းနက်စမုံက စျေးငြိမ် ပေမယ့် နှမ်းဖြူရိုးရိုးနဲ့ နှမ်းဖြူဂျပန် ၊ နှမ်းညိုက စျေးကျ ပါတယ်။

     တရုတ်ကဝယ်လိုအားရှိ ပေမယ့်လည်း အက်ဆစ်လွတ်တဲ့နှမ်း နည်းလာပြီး ရောင်းလိုအား ရှိနေတာ ကြောင့် စျေးတန်းက အနည်းငယ်ပြန်ကျလာတာဖြစ်ပါတယ်။

     မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၅၀၀၀၀ ကျပ်မှ ၃၉၀၀၀၀ ကျပ်နဲ့စျေးငြိမ်ပြီး နှမ်းဖြူဂျပန်က ၄၀၀၀၀၀ မှ ၄၀၅၀၀၀ ကျပ်၊ နှမ်းဖြူရိုးရိုးက ၃၆၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ်၊ နှမ်းညိုက ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၅၀၀၀ မှ ၁၀၀၀၀ ကျပ်နှုန်း အထိစျေးကျပါတယ်။ 


  • article
likes
13
comments
0
views
1465
cover
cover
cover
cover
cover